iMyanmarHouse.com - Best Property Website for Myanmar
×

အတိုင်းအချင့်နဲ့စားတဲ့ အစားအစာဆိုတာ ကာဗွန်ဟိုက်ဒရိတ်နဲ့ အဆီများတဲ့ ကယ်လိုရီအစားအစာတွေစတဲ့ အစားအစာတွေ ရှောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းကောင်းက ကိုယ်အလေးချိန်ကျဆင်းမှုဖြစ်စဉ်ကို အနှောင့်အယှက်မဖြစ်မယ့် အခွင့်အရေးတစ်ခု ရှိပါတယ်။ ကိတ်မုန့်စတဲ့ ဖုတ်ထားတဲ့ အစားအစာမျိုး၊ ရေခဲမုန့်စတဲ့ အစားအစာတွေကို လုံးဝစွန့်လွှတ်စရာ မလိုအပ်ပါဘူး။ ကိုယ်အလေးချိန်မတက်အောင် အစားအသောက်တွေကို သုံးဆောင်ရာမှာ သူ့အချိန်နဲ့သူ ရှိပါတယ်။

မနက်စာအတွက် ကာဗွန်ဟိုက်ဒရိတ်တွေ စားရန်အသင့်တော်ဆုံးဖြစ်ပြီး မနက် ၁၀ နာရီ မတိုင်ခင် စားပေးပါက အဆီတွေဟာ အကျိုးသက်ရောက်မှုဖြစ်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ခန္ဓာကိုယ်မှ နေ့ဘက် ကယ်လိုရီတွေ ကုန်ခန်းစေဖို့ အချိန်အလုံအလောက် ရှိပါတယ်။

ကိုယ်အလေးချိန်ကျပြီး အသင့်တော်ဆုံး ကိုယ်အလေးချိန် ထိန်းသိမ်းလိုပါက ထမင်းကို အချိန်အတိအကျ သတ်မှတ်သုံးဆောင်သင့်ပါတယ်။ မနက်စာကို မနက်အိပ်ယာနိုးပြီး ၁ နာရီအကြာမှာ သုံးဆောင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ နောက်တစ်နပ် (နေ့လယ်စာ) မှာ နောက်ထပ် ၄ နာရီခွဲကြာပြီးမှ သုံးဆောင်ရန် လိုအပ်ပါတယ်။

ထမင်းစားချိန် အကြာကြီးခြားပါက ဗိုက်ပိုဆာပြီး ပိုစားနိုင်ပါလိမ့်မယ်။ အစာအိမ်မှ အစာခြေချက်ချိန် အလုံအလောက် ရရှိဖို့အတွက် ညမအိပ်ခင် အနည်းဆုံး ၃ နာရီအလိုမှာ သုံးဆောင်ပါ။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top