iMyanmarHouse.com - Best Property Website for Myanmar
×

အလွယ်ကူဆုံး ဝတ်ချနည်းများခန္ဓာကိုယ် အလေးချိန် ကျစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဟာ အဓိက ကျလှပါတယ်။

ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာ

ခန္ဓာကိုယ်ရဲ့ ကယ်လိုရီကို လောင် ကျွမ်းစေဖို့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု ကောင်းတာကြောင့် အဆီတွေကို လောင်ကျွမ်းစေနိုင်ကာ ခန္ဓာကိုယ်အ လေးအချိန်ကို ထိန်းရာရောက်စေပါ တယ်။ ခန္ဓာကိုယ်အတွက် ဇီဝရုပ်ဖြစ်ပျက် မှုကိုကောင်းစေဖို့ ကျန်းမာရေးနဲ့ ညီညွတ် တဲ့ဘဝနေထိုင်မှုပုံစံလိုအပ်ပါတယ်။ ကျန်း မာတဲ့ဘဝနေထိုင်မှုဖြစ်ဖို့လေ့လာကြည့်ပါ။

ကောင်းမွန်သော နံနက်စာ

မနက်စာစားဖို့ပြောတာက လွယ်ပါ တယ်။ မစားမိတာက ပြဿနာပါ။ မနက် စာထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ တာကို စားသုံးပေးတာကြောင့် နောက် ထပ်တစ်နပ်စားသုံးဖို့ကို အရမ်းကြီး မစား မိအောင် အစားထိန်းသိမ်းမှုအကျင့်ကို ရစေတဲ့အပြင် သင့်ဦးနှောက်ကိုလည်း စွမ်းအင်ရရှိစေပါတယ်။ မနက်စာထဲမှာ အဆီထုတ်ထားတဲ့နို့ ရှစ်အောင်စနဲ့ သစ် သီးတချို့ကို ပါဝင်အောင် နေ့စဉ်မှီဝဲပေး တာကြောင့် သင့်ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အာဟာရကိုဖြစ်စေ ပါတယ်။

လေ့ကျင့်မှု

တစ်နေ့ကို မိနစ် ၃ဝ လောက် ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပါ။ လမ်းလျှောက် တာ၊ စက်ဘီးစီးတာ၊ ကခုန်တာ၊ ကြိုးခုန် တာတွေလိုလေ့ကျင့်မှုမျိုးကို ပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်ကိုတက်ကြွလန်း ဆန်းနေစေပါတယ်။ ကိုယ်အလေးချိန် ကျချင်တာကြောင့် အချိန်ကြာကြာကြီး လေ့ကျင့်ခန်းတွေမလုပ်ပါနဲ့။ လေ့ကျင့်ခန်း ကိုမိနစ် ၉ဝ လောက်ပြုလုပ်ပေးရင်လည်း အလွန်အကျွံဖြစ်သွားစေတာကြောင့် သင်ဟာခန္ဓာကိုယ်အလေးချိန်ကျအောင် လေ့ကျင့်ခန်းနဲ့ ချနေသူဆိုရင် လိုအပ်တဲ့ လေ့ကျင့်ချိန်ပမာဏကို သင့်ကျန်းမာရေး စံနှုန်းနဲ့တိုင်းတာဖို့ လေ့ကျင့်ရေးနည်းပြ ဆရာနဲ့တိုင်ပင်ပါ။

နည်းနည်းစားပါ

နေ့လယ်စာကို အဝစားထားလိုက် မယ် ဒါမှနောက်ထပ်ဗိုက်မဆာတော့မှာ လို့မတွေးပါနဲ့။ အစာကို နည်းနည်းနဲ့ မကြာခဏစားပေးတာဟာ ခန္ဓာကိုယ် လုပ်ဆောင်ချက်နဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ အစားအစာနဲ့ မုန့်ပဲသရေစာတွေကို မျှတအောင်စားပေး တာကြောင့်ခန္ဓာကိုယ်တွင်းသကြားဓာတ်ကို ထိန်းချုပ်နိုင်ပါတယ်။

ကြွက်သားလေ့ကျင့်ခန်းလုပ်ပါ

ကြွက်သားတွေသန်မာစေဖို့ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လိုပါတယ်။ အလေးမလေ့ကျင့်ခန်းတွေကို ပုံမှန်ပြု လုပ်ပေးပါ။ အမေရိကန်မှ ဆီးချိုသွေးချို ဆိုင်ရာလေ့လာသူတွေက တစ်ပတ်ကိုသုံး ကြိမ်အလေးမလေ့ကျင့်ခန်းပြုလုပ်ပေး တာကြောင့် ခန္ဓာကိုယ်မှာ အင်ဆူလင်အ ဆင့် ကိုတိုးစေပြီး ခုခံအားလည်းတက်စေ တယ်လို့ဆိုပါတယ်။

ကယ်လိုရီလျှော့စားပါ

ခန္ဓာကိုယ်အလေးချိန် ချနေချိန်မှာ ကယ်လိုရီအနည်းဆုံးဖြစ်စေမယ့် အစား အစာတွေကို စားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် သင်စားနေကျအစားအစာ တွေထဲက အရသာတူပြီး ကယ်လိုရီပါ ဝင်မှုနည်းတဲ့အစားအစာတွေကို အစား ထိုး စားသုံးပေးပါ။ ဟင်းရွက်တွေကို ကြော်စားမယ့်အစား ပြုပ်စားတာမျိုး၊ သုပ်စားတာမျိုးပြုလုပ်ပါ။

ပရိုတင်း လုံလောက်ပါစေ

ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်ပျက်မှုအ တွက်ပရိုတင်းဓာတ်လိုအပ်သလို၊ သင်က ကယ်လိုရီကို လျှော့စားနေတာဖြစ်တဲ့အ တွက်လည်း ပရိုတင်းဓာတ်ကို လုံ လောက်စွာစားသုံးပေးဖို့လိုအပ်ပါတယ်။ ပေါင် ၁၅ဝ ရှိတဲ့အမျိုးသမီးတစ်ရောက် အတွက် တစ်နေ့ကို ပရိုတင်း ၅၅ ဂရမ်ရ ရှိဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် ပရိုတင်း ဓာတ်ပါဝင်တဲ့အာဟာရ ၅-၆ အောင်စ လောက် တစ်နေ့ကို စားသုံးပေးသင့်ပါတယ်။

လေ့ကျင့်မှု အဆင့် မြှင့်တင်ပါ

လေ့ကျင့်ခန်းလုပ်ဖို့ အချိန်ကို တိုး ရတာမျိုးမဟုတ်ပါဘူး။ လေ့ကျင့်ခန်းပြု လုပ်ချိန် မိနစ် ၃ဝ မှာ အရင်က သုံးမိုင် လောက်လမ်းလျှောက်နိုင်ခဲ့တယ်ဆိုရင် လေ့ကျင့်ချိန်ကြာလာတာနဲ့အမျှ မိနစ် ၃ဝ မှာ လေးမိုင်၊ ငါးမိုင်လောက်ထိ တိုးလာ တာမျိုးကို လေ့ကျင့်ခန်းအဆင့်မြင့်လာ တယ်လို့ဆိုပါတယ်။ လေ့ကျင့်ခန်းပြုလုပ် လို့ ကုန်ဆုံးသွားတဲ့ ချွေးတွေအတွက် ရေ အလုံအလောက်ပြန်လည်သောက်သုံးပြီး ရေဓာတ်ခန်းခြောက်မှုမဖြစ်အောင် ကာ ကွယ်ပေးပါ။

အစာအဖြတ်ပါနဲ့

ကိုယ်အလေးချိန်တက်မှာစိုးလို့ အ စာလုံးဝမစားတော့ဘဲ ဖြတ်တောက် လိုက်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ပုံ မှန်စားသင့်တဲ့ အာဟာရကိုတော့ စားသုံး ပေးပါ။ ကိုယ်အလေးချိန်ကျစေတဲ့ ဆေး ဝါးတွေကို မသုံးဘဲ ကယ်လိုရီလျှော့ထား ပြီး ကိုယ်အလေးချိန်ချချင်သူတွေအ တွက်အထူးပြုလုပ်ထားတဲ့ အစားအစာ တွေကိုတော့ စားပေးလို့ရပါတယ်။

တက်ကြွစွာ နေထိုင်ပါ

လုပ်ငန်းခွင်နဲ့ သင်နေထိုင်တဲ့ပတ် ဝန်းကျင်မှာ တက်ကြွတဲ့ ဟန်ပန်နဲ့အတူ ပေါ့ပါးစွာနေထိုင်ပါ။ နေ့လယ်စာစားပြီး ချိန်မှာ ရုံးပတ်ဝန်းကျင်နားမျာ ခဏတာ လမ်းလျှောက်တာမျိုး၊ လှေကားသုံးပြီး တက်တာမျိုး၊ ဖုန်းရှိရာကို လမ်းလျှောက် ပြီး သွားပြောတာမျိုး တွေနဲ့ ကိုယ်လက် လှုပ်ရှားမှုရအောင် ယူပါ။ ထိုင်ခုံမှာ အ ထိုင်များနေပြီဆိုရင်လည်း အကြောဆန့် လေ့ကျင့်ခန်းလိုမျိုးတွေကို ပြုလုပ်လေ့ ကျင်ပေးပါ။

 Credit : Good Health

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top