iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရည္းစား ဆက္ဆံေရးတစ္ခုကို တည္ေဆာက္တာဟာ တစ္ခါတစ္ရံမွာ ခက္ခဲလြန္းလွပါတယ္။ မေမွ်ာ္လင့္တဲ့ အခက္အခဲ မ်ားစြာနဲ႔ ရင္ဆုိင္ရတဲ့အတြက္ သာမန္အခ်စ္ေရး အမ်ားစုဟာ ဖိအားေတြနဲ႔ အၿမဲႀကံဳေတြ႔ရစၿမဲပါ။

ခရီးေတြ သြားေနျခင္းက ခ်စ္သူတစ္ဦးကို ပိုင္ဆိုင္ထားတာထက္ ပိုၿပီးေကာင္းတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ (၇) ခုရွိပါတယ္။

၁။ စိတ္က်န္းမာေရး ပိုေကာင္းလာျခင္း

ခရီးသြားျခင္းေၾကာင့္ စိတ္အတြင္း အေကာင္းျမင္စိတ္ေတြ ပိုျဖစ္လာသလို သင့္ရဲ႕ စိတ္ေပ်ာ္႐ႊင္မႈ အဆင့္ကိုလည္း ပိုျမင့္တက္လာေစပါတယ္။ ေကာင္းမြန္တဲ့ အခ်စ္ေရးကို ပိုင္ဆုိင္ထားရင္ ပိုေပ်ာ္ရမွာ ျဖစ္ေပမယ့္ အခက္အခဲေတြ မ်ားေနတဲ့ အခ်စ္ေရးဆိုရင္ စိတ္ညစ္ရမွာပါ။ ခရီးထြက္တာကေတာ့ စိတ္က်န္းမာေရးပိုေကာင္းလာဖို႔ပဲ ရွိပါတယ္။

၂။ လြတ္လြတ္လပ္လပ္ ရွိျခင္း

အခ်စ္ေရးမွာ ဆိုရင္ေတာ့ သူလုပ္ခ်င္တဲ့ ဆႏၵေတြက သင့္ရဲ႕ဆႏၵနဲ႔ တစ္ထပ္တည္း ျဖစ္ခ်င္မွ ျဖစ္မွာပါ။ ဒါေပမယ့္ ခရီးသြားတဲ့အခါ မွာေတာ့ သင္သာတကုိယ္တည္းသမားဆိုရင္ သူဘာျဖစ္ခ်င္လဲ လုိက္ေမးေနစရာ မလိုေတာ့ပါဘူး။

၃။ ကိုယ့္ကိုကိုယ္ ပိုနားလည္လာျခင္း

အခ်စ္ေရးအတြက္ အခ်ိန္ေပးေနရတဲ့အခါ ကိုယ္ဘာျဖစ္ခ်င္လဲ ဆိုတာနဲ႔ ကိုယ္ဘာလုပ္ခ်င္လဲဆိုတာကို ေသခ်ာသိဖို႔ စဥ္းစားခ်ိန္ မရျဖစ္ေနတတ္ပါတယ္။ ဒါေပမယ့္ ကုိယ့္ဘာသာ ခရီးထြက္တဲ့အခါ ဘာလုပ္ရင္ ကိုယ္ေပ်ာ္ရမလဲ ဆိုတာကို ပိုသိလာတတ္ပါတယ္။

၄။ တစ္ဦးတည္း ျဖစ္ရတာကို သေဘာက်လာျခင္း

ခ်စ္သူမပါပဲ တစ္ဦးတည္း ခရီးထြက္ျခင္းကေနတဆင့္ သင္နားလည္လာမယ့္အရာက တစ္ဦးတည္းေနျခင္းတုိင္းဟာ အထီးက်န္ျခင္း မဟုတ္ဘူးဆိုတဲ့အရာပါပဲ။ လူေပါင္းမ်ားစြာ အနားမွာ ရွိေနေပမယ့္ အထီးက်န္သလို ခံစားရေနသူေတြ မ်ားစြာရွိပါတယ္။ တကယ္တမ္း စိတ္ေပ်ာ္ေနရင္ တစ္ဦးတည္းေနရျခင္းဟာ အထီးက်န္ျခင္း မဟုတ္ဘူးဆိုတာ သင္နားလည္ လာပါလိမ့္မယ္။

၅။ အခက္အခဲေတြ တစ္ဦးတည္း ေျဖရွင္းတတ္လာျခင္း

သင့္ဘာသာ ခရီးသြားတဲ့အခါ အခက္အခဲအခ်ိဳဳ႕ ေတြ႔ရဦးမွာပါ။ ရလာမယ့္ အက်ိဳးေက်းဇူးကေတာ့ အခက္အခဲေတြ၊ ျပႆနာ ေတြကို သင္တစ္ဦးတည္း ရင္ဆိုင္ ေျဖရွင္းႏုိင္သြားတာပါပဲ။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

မမျှော်လင့်တဲ့ အခက်အခဲ များစွာနဲ့ ရင်ဆိုင်ရတဲ့အတွက် သာမန်အချစ်ရေး အများစုဟာ ဖိအားတွေနဲ့ အမြဲကြုံတွေ့ရစမြဲပါ။

ခရီးတွေ သွားနေခြင်းက ချစ်သူတစ်ဦးကို ပိုင်ဆိုင်ထားတာထက် ပိုပြီးကောင်းတယ်ဆိုတဲ့ အကြောင်းပြချက် (၇) ခုရှိပါတယ်။

၁။ စိတ်ကျန်းမာရေး ပိုကောင်းလာခြင်း

ခရီးသွားခြင်းကြောင့် စိတ်အတွင်း အကောင်းမြင်စိတ်တွေ ပိုဖြစ်လာသလို သင့်ရဲ့ စိတ်ပျော်ရွှင်မှု အဆင့်ကိုလည်း ပိုမြင့်တက်လာစေပါတယ်။ ကောင်းမွန်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားရင် ပိုပျော်ရမှာ ဖြစ်ပေမယ့် အခက်အခဲတွေ များနေတဲ့ အချစ်ရေးဆိုရင် စိတ်ညစ်ရမှာပါ။ ခရီးထွက်တာကတော့ စိတ်ကျန်းမာရေးပိုကောင်းလာဖို့ပဲ ရှိပါတယ်။

၂။ လွတ်လွတ်လပ်လပ် ရှိခြင်း

အချစ်ရေးမှာ ဆိုရင်တော့ သူလုပ်ချင်တဲ့ ဆန္ဒတွေက သင့်ရဲ့ဆန္ဒနဲ့ တစ်ထပ်တည်း ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် ခရီးသွားတဲ့အခါ မှာတော့ သင်သာတကိုယ်တည်းသမားဆိုရင် သူဘာဖြစ်ချင်လဲ လိုက်မေးနေစရာ မလိုတော့ပါဘူး။

၃။ ကိုယ့်ကိုကိုယ် ပိုနားလည်လာခြင်း

အချစ်ရေးအတွက် အချိန်ပေးနေရတဲ့အခါ ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာနဲ့ ကိုယ်ဘာလုပ်ချင်လဲဆိုတာကို သေချာသိဖို့ စဉ်းစားချိန် မရဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ ခရီးထွက်တဲ့အခါ ဘာလုပ်ရင် ကိုယ်ပျော်ရမလဲ ဆိုတာကို ပိုသိလာတတ်ပါတယ်။

၄။ တစ်ဦးတည်း ဖြစ်ရတာကို သဘောကျလာခြင်း

ချစ်သူမပါပဲ တစ်ဦးတည်း ခရီးထွက်ခြင်းကနေတဆင့် သင်နားလည်လာမယ့်အရာက တစ်ဦးတည်းနေခြင်းတိုင်းဟာ အထီးကျန်ခြင်း မဟုတ်ဘူးဆိုတဲ့အရာပါပဲ။ လူပေါင်းများစွာ အနားမှာ ရှိနေပေမယ့် အထီးကျန်သလို ခံစားရနေသူတွေ များစွာရှိပါတယ်။ တကယ်တမ်း စိတ်ပျော်နေရင် တစ်ဦးတည်းနေရခြင်းဟာ အထီးကျန်ခြင်း မဟုတ်ဘူးဆိုတာ သင်နားလည် လာပါလိမ့်မယ်။

၅။ အခက်အခဲတွေ တစ်ဦးတည်း ဖြေရှင်းတတ်လာခြင်း

သင့်ဘာသာ ခရီးသွားတဲ့အခါ အခက်အခဲအချိုု့ တွေ့ရဦးမှာပါ။ ရလာမယ့် အကျိုးကျေးဇူးကတော့ အခက်အခဲတွေ၊ ပြဿနာ တွေကို သင်တစ်ဦးတည်း ရင်ဆိုင် ဖြေရှင်းနိုင်သွားတာပါပဲ။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top