iMyanmarHouse.com - Best Property Website for Myanmar
×

- ထိုင္ျခင္းသည္ မတ္တတ္ရပ္ျခင္းထက္ ခါးဆစ္႐ိုးေပၚ (၄၀) ရာခိုင္ႏႈန္း ဖိအားပိုမိုသက္ေရာက္သည္။ ထို႔ ေၾကာင့္ နာရီ၀က္တိုင္း မတ္တတ္ရပ္ပါ။ အေညာင္းဆန္႔ပါ။

- ေလ့က်င့္ခန္းျပဳလုပ္သူမ်ား၏ (၄၀) ရာခိုင္ႏႈန္းသည္ ခါးနာသည့္အခါ ေလ့က်င့္ခန္းျပဳလုပ္ျခင္းရပ္ဆိုင္းတတ္ၾကသည္။ လမ္းေလွ်ာက္ျခင္း၊ အေၾကာဆန္႔ျခင္း၊ ေယာဂေလ့က်င့္ျခင္းျဖင့္ ခါးနာေရာဂါကို အျမန္သက္သာေစသည္။

- ေလးလံသည္႕အိတ္မ်ားလြယ္ျခင္း၊ ဆြဲျခင္းသည္ ပုခံုးကို အနိမ့္အျမင့္မညီ ျဖစ္ေစေသာေၾကာင့္ ခါးဆစ္႐ိုးေစာင္းေစသည္။ ေဘးကင္းစြာလြယ္ႏိုင္၊ ဆြဲႏိုင္သည့္ အမ်ားဆံုးအေလးခ်ိန္သည္ လူ႕ခႏၶာကိုယ္အေလးခ်ိန္၏ (၁၀) ရာခိုင္ႏႈန္းသာရွိသင့္သည္။

- က်န္းမာေရးႏွင့္ညီၫြတ္ေအာင္ အစာမစားသည့္အခါ အ၀လြန္လာေစၿပီး ခါးဆစ္႐ိုးကို အားျပဳရမႈလြန္ကဲေစသည္။

- ေမြ႕ရာေဟာင္းမ်ားသည္ လူ႕ခႏၶာ ကိုယ္အေလးခ်ိန္ကို အျပည့္အ၀ ေထာက္ပံ့မေပးႏိုင္ဘဲ အိပ္ခ်ိန္ၾကာလာသည္ႏွင့္ ေပ်ာ့အိလာၿပီး ေက်ာ႐ိုး ဆစ္ကိုကၽြံ၀င္သြားေစသည္။ ထို႔ေၾကာင့္ အိပ္ရာႏိုးလာသည့္အခ်ိန္တြင္ ခါးနာေ၀ဒနာခံစားရတတ္သည္။ ထုိ႔ေၾကာင့္ေမြ႕ရာမ်ားကို အနည္းဆံုး ငါးႏွစ္တစ္ႀကိမ္ လဲလွယ္ပါ။

- ေဒါက္ဖိနပ္အျမင့္စီးလွ်င္ ေက်ာ႐ိုး ႂကြက္သားမ်ား အလုပ္ပိုလုပ္ရသည္။ ေဒါက္ဖိနပ္စီးသည္႕အခါ ဖေနာင့္ေအာက္တြင္ ကူရွင္ခံစီးပါ။ ေဒါက္ ဖိနပ္စီး၍ ေ၀းေ၀းမေလွ်ာက္ပါႏွင့္။

- စိတ္ဆိုးျခင္း၊ စိတ္ဖိစီးျခင္းေၾကာင့္ ေက်ာႂကြက္သားမ်ား ေတာင့္တင္းေစသည္။ ေဒါသေလွ်ာ့ပါ။ စိတ္ဖိစီးမႈ ေလွ်ာ့ပါ။

- တစ္ပတ္လွ်င္ (၁၅) နာရီခန္႔ တီဗီၾကည္႕ျခင္းသည္ ခါးနာျခင္းကို သံုးဆပိုမိုျဖစ္ပြားေစသည္။ တီဗီ ၾကည့္ခ်ိန္ေလွ်ာ့ခ်ပါ။ ေၾကာ္ျငာ၀င္ခ်ိန္တြင္ အေၾကာဆန္႔ပါ။

- ခါးနာျခင္းကို လစ္လ်ဴ႐ႈမထားပါ ႏွင့္။ ေနာက္ထပ္ ဒဏ္ရာဒဏ္ခ်က္မ ျဖစ္ခင္ကုသမႈခံယူပါ။

Credit: thithtoolwin

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

- ထိုင်ခြင်းသည် မတ်တတ်ရပ်ခြင်းထက် ခါးဆစ်ရိုးပေါ် (၄၀) ရာခိုင်နှုန်း ဖိအားပိုမိုသက်ရောက်သည်။ ထို့ ကြောင့် နာရီဝက်တိုင်း မတ်တတ်ရပ်ပါ။ အညောင်းဆန့်ပါ။

- လေ့ကျင့်ခန်းပြုလုပ်သူများ၏ (၄၀) ရာခိုင်နှုန်းသည် ခါးနာသည့်အခါ လေ့ကျင့်ခန်းပြုလုပ်ခြင်းရပ်ဆိုင်းတတ်ကြသည်။ လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း၊ ယောဂလေ့ကျင့်ခြင်းဖြင့် ခါးနာရောဂါကို အမြန်သက်သာစေသည်။

- လေးလံသည့်အိတ်များလွယ်ခြင်း၊ ဆွဲခြင်းသည် ပုခုံးကို အနိမ့်အမြင့်မညီ ဖြစ်စေသောကြောင့် ခါးဆစ်ရိုးစောင်းစေသည်။ ဘေးကင်းစွာလွယ်နိုင်၊ ဆွဲနိုင်သည့် အများဆုံးအလေးချိန်သည် လူ့ခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းသာရှိသင့်သည်။

- ကျန်းမာရေးနှင့်ညီညွတ်အောင် အစာမစားသည့်အခါ အဝလွန်လာစေပြီး ခါးဆစ်ရိုးကို အားပြုရမှုလွန်ကဲစေသည်။

- မွေ့ရာဟောင်းများသည် လူ့ခန္ဓာ ကိုယ်အလေးချိန်ကို အပြည့်အဝ ထောက်ပံ့မပေးနိုင်ဘဲ အိပ်ချိန်ကြာလာသည်နှင့် ပျော့အိလာပြီး ကျောရိုး ဆစ်ကိုကျွံဝင်သွားစေသည်။ ထို့ကြောင့် အိပ်ရာနိုးလာသည့်အချိန်တွင် ခါးနာဝေဒနာခံစားရတတ်သည်။ ထို့ကြောင့်မွေ့ရာများကို အနည်းဆုံး ငါးနှစ်တစ်ကြိမ် လဲလှယ်ပါ။

- ဒေါက်ဖိနပ်အမြင့်စီးလျှင် ကျောရိုး ကြွက်သားများ အလုပ်ပိုလုပ်ရသည်။ ဒေါက်ဖိနပ်စီးသည့်အခါ ဖနောင့်အောက်တွင် ကူရှင်ခံစီးပါ။ ဒေါက် ဖိနပ်စီး၍ ဝေးဝေးမလျှောက်ပါနှင့်။

- စိတ်ဆိုးခြင်း၊ စိတ်ဖိစီးခြင်းကြောင့် ကျောကြွက်သားများ တောင့်တင်းစေသည်။ ဒေါသလျှော့ပါ။ စိတ်ဖိစီးမှု လျှော့ပါ။

- တစ်ပတ်လျှင် (၁၅) နာရီခန့် တီဗီကြည့်ခြင်းသည် ခါးနာခြင်းကို သုံးဆပိုမိုဖြစ်ပွားစေသည်။ တီဗီ ကြည့်ချိန်လျှော့ချပါ။ ကြော်ငြာဝင်ချိန်တွင် အကြောဆန့်ပါ။

- ခါးနာခြင်းကို လစ်လျူရှုမထားပါ နှင့်။ နောက်ထပ် ဒဏ်ရာဒဏ်ချက်မ ဖြစ်ခင်ကုသမှုခံယူပါ။

Credit: thithtoolwin

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top