iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ဳိ႕ဝတဲ့သူေတြက ပိန္ေစႏုိင္မယ့္ နည္းမ်ဳိးစုံသုံးျပီး ဝိတ္က်ေအာင္ လုပ္ၾကပါတယ္။ ေရရွည္လုပ္ရတဲ့ နည္းလမ္းေတြရွိသလို အျမန္ဝိတ္က်ေအာင္ လုပ္တဲ့နည္းေတြလည္း ရွိပါတယ္။ ေလ့က်င့္ခန္းေတြက အစမွာ အသုံးဝင္သလုိ ရွိေပမဲ့ ရပ္လိုက္တာနဲ႔ တျပိဳင္နက္ ျပန္ျပီး ဝလာတတ္ပါတယ္။ ကုိယ္အေလးခ်ိန္ က်ခ်င္လြန္းအားၾကီးတဲ့အတြက္ အပင္ပန္းခံျပီး မလုိအပ္တာေတြပါ လုပ္မိတတ္ပါတယ္။ ဒါေၾကာင့္ ေရွာင္စရာ မလိုတဲ့ အေၾကာင္းေတြကို ေျပာျပေပး ခ်င္ပါတယ္။

၁)အစာမစားရမယ့္ အခ်ိန္သတ္မွတ္ထားတာ

ဝိတ္က်ခ်င္ရင္ ည ၆ ၊၇/၈ နာရီ ေနာက္ပို္င္းအစားမစားရဘူးလုိ႔ ေျပာတာကို သင္တုိ႔ၾကားဖူးၾကမွာပါ။ တကယ္ေတာ့ ဒါက မမွန္ပါဘူး။ အစာစားတဲ့အခ်ိန္က ခႏၶာကုိယ္ အေလးခ်ိန္ တိုးျခင္း ေလ်ာ့ျခင္းနဲ႔ မဆုိင္ပါဘူး။ ကယ္လိုရီ ဘယ္ေလာက္ ကုန္ဆုံးတယ္ဆုိတာသာ အေရးၾကီးတာ ျဖစ္ပါတယ္။ ညဘက္ဆာတတ္တဲ့သူဆုိရင္ေတာ့ အစာေၾကလြယ္တဲ့ အစားအစာေတြ စားလုိ႔ရပါတယ္။

၂) အသားဓာတ္၊အဆီဓာတ္ေတြ လုံးဝမစားေတာ့တာ

လူအမ်ားစုက အေလးခ်ိန္တုိးေစမယ္လို႔ထင္တဲ ့အစားအေသာက္ေတြ အားလုံးကုိ ေရွာင္ၾကဥ္ရမယ္ဆိုိတဲ့ အသိေၾကာင့္ အာဟာရျဖစ္ေစမယ့္ အစားအစာေတြကုိပါ ေရွာင္မိတတ္ပါတယ္။ပုံမွန္ခႏၶာကုိယ္ အေလးခ်ိန္ကုိ ရရွိခ်င္တယ္ဆုိရင္ အစာအာဟာရကို မွ်တေအာင္ စားဖုိ႔အေရးအၾကီးဆုံး ျဖစ္ပါတယ္။

၃)အဆီနည္းတဲ့ အစားအစာမ်ားသာ စားသုံးတာ

တကယ္ေတာ့ အဆီအနည္းဆုံး အစားအေသာက္ေတြက အရသာရွိေစဖုိ႔အတြက္ သၾကားထည့္ေလ့ရွိပါတယ္။ ဒီသၾကားဓာတ္က ဝိတ္တက္ေစရုံမက အထူးသျဖင့္ ဗုိက္ေခါက္ အဆီတက္ေစပါတယ္။

၄)ညစာလုံးဝမစားတာ

ပိန္ခ်င္တဲ့ အတြက္အစားတစ္နပ္ေလွ်ာ့စားတာက ထိေရာက္တဲ့နည္းလမ္း မဟုတ္ပါဘူး။ ဆာေလာင္တဲ့ ခႏၶာကုိယ္က ဇီဝကမၼျဖစ္စဥ္ကုိ ေႏွးေစျပီး ေနာက္ပုိင္းမွာ အလြန္အကၽြံစားျခင္းကုိ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အမွ်င္ဓာတ္မ်ားစြာ ပါဝင္တဲ့ အစားအစာမ်ား၊ အသားဓာတ္ စတဲ့ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာေတြကို အစားထုိးစားသုံးႏုိင္ပါတယ္။

၅)ေလ့က်င့္ခန္းခ်ည္းပဲလုပ္တာ

ေလ့က်င့္ခန္းလုပ္ထားတဲ့အတြက္ ကိုယ္စားခ်င္တဲ့ အစာကို စားလို႔ရတယ္လို႔ထင္ရင္ေတာ့ ကို္ယ္လိုခ်င္တဲ့ အေျဖရရွိမွာ မဟုတ္ပါဘူး။ တစ္ပတ္မွာ ေပါင္တစ္ေပါင္က်ဖုိ႔ အတြက္ တစ္ေန႔ကုိ ၅၀၀ ကယ္လုိရီ ေလာင္ကၽြမ္းဖုိ႔လိုပါတယ္။ တစ္ေန႔ကို တစ္နာရီ အေျပးေလ့က်င့္ရင္ေတာင္ ကယ္လုိရီ ၂၈၀ ေလာက္ပဲ ေလာင္ကၽြမ္းႏုိင္ပါတယ္။ ဒါေၾကာင့္ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအေသာက္ စားသုံးျပီး ေလ့က်င့္ခန္းနဲ႔ ေပါင္းစပ္မွသာ ခႏၶာကုိယ္ အေလးခ်ိန္ က်ဆင္းႏိုင္မွာ ျဖစ္ပါတယ္။

Credit : Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တချို့ဝတဲ့သူတွေက ပိန်စေနိုင်မယ့် နည်းမျိုးစုံသုံးပြီး ဝိတ်ကျအောင် လုပ်ကြပါတယ်။ ရေရှည်လုပ်ရတဲ့ နည်းလမ်းတွေရှိသလို အမြန်ဝိတ်ကျအောင် လုပ်တဲ့နည်းတွေလည်း ရှိပါတယ်။ လေ့ကျင့်ခန်းတွေက အစမှာ အသုံးဝင်သလို ရှိပေမဲ့ ရပ်လိုက်တာနဲ့ တပြိုင်နက် ပြန်ပြီး ဝလာတတ်ပါတယ်။ ကိုယ်အလေးချိန် ကျချင်လွန်းအားကြီးတဲ့အတွက် အပင်ပန်းခံပြီး မလိုအပ်တာတွေပါ လုပ်မိတတ်ပါတယ်။ ဒါကြောင့် ရှောင်စရာ မလိုတဲ့ အကြောင်းတွေကို ပြောပြပေး ချင်ပါတယ်။

၁)အစာမစားရမယ့် အချိန်သတ်မှတ်ထားတာ

ဝိတ်ကျချင်ရင် ည ၆ ၊၇/၈ နာရီ နောက်ပိုင်းအစားမစားရဘူးလို့ ပြောတာကို သင်တို့ကြားဖူးကြမှာပါ။ တကယ်တော့ ဒါက မမှန်ပါဘူး။ အစာစားတဲ့အချိန်က ခန္ဓာကိုယ် အလေးချိန် တိုးခြင်း လျော့ခြင်းနဲ့ မဆိုင်ပါဘူး။ ကယ်လိုရီ ဘယ်လောက် ကုန်ဆုံးတယ်ဆိုတာသာ အရေးကြီးတာ ဖြစ်ပါတယ်။ ညဘက်ဆာတတ်တဲ့သူဆိုရင်တော့ အစာကြေလွယ်တဲ့ အစားအစာတွေ စားလို့ရပါတယ်။

၂) အသားဓာတ်၊အဆီဓာတ်တွေ လုံးဝမစားတော့တာ

လူအများစုက အလေးချိန်တိုးစေမယ်လို့ထင်တဲ့အစားအသောက်တွေ အားလုံးကို ရှောင်ကြဉ်ရမယ်ဆိုတဲ့ အသိကြောင့် အာဟာရဖြစ်စေမယ့် အစားအစာတွေကိုပါ ရှောင်မိတတ်ပါတယ်။ပုံမှန်ခန္ဓာကိုယ် အလေးချိန်ကို ရရှိချင်တယ်ဆိုရင် အစာအာဟာရကို မျှတအောင် စားဖို့အရေးအကြီးဆုံး ဖြစ်ပါတယ်။

၃)အဆီနည်းတဲ့ အစားအစာများသာ စားသုံးတာ

တကယ်တော့ အဆီအနည်းဆုံး အစားအသောက်တွေက အရသာရှိစေဖို့အတွက် သကြားထည့်လေ့ရှိပါတယ်။ ဒီသကြားဓာတ်က ဝိတ်တက်စေရုံမက အထူးသဖြင့် ဗိုက်ခေါက် အဆီတက်စေပါတယ်။

၄)ညစာလုံးဝမစားတာ

ပိန်ချင်တဲ့ အတွက်အစားတစ်နပ်လျှော့စားတာက ထိရောက်တဲ့နည်းလမ်း မဟုတ်ပါဘူး။ ဆာလောင်တဲ့ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကို နှေးစေပြီး နောက်ပိုင်းမှာ အလွန်အကျွံစားခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အမျှင်ဓာတ်များစွာ ပါဝင်တဲ့ အစားအစာများ၊ အသားဓာတ် စတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အစားထိုးစားသုံးနိုင်ပါတယ်။

၅)လေ့ကျင့်ခန်းချည်းပဲလုပ်တာ

လေ့ကျင့်ခန်းလုပ်ထားတဲ့အတွက် ကိုယ်စားချင်တဲ့ အစာကို စားလို့ရတယ်လို့ထင်ရင်တော့ ကိုယ်လိုချင်တဲ့ အဖြေရရှိမှာ မဟုတ်ပါဘူး။ တစ်ပတ်မှာ ပေါင်တစ်ပေါင်ကျဖို့ အတွက် တစ်နေ့ကို ၅၀၀ ကယ်လိုရီ လောင်ကျွမ်းဖို့လိုပါတယ်။ တစ်နေ့ကို တစ်နာရီ အပြေးလေ့ကျင့်ရင်တောင် ကယ်လိုရီ ၂၈၀ လောက်ပဲ လောင်ကျွမ်းနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် စားသုံးပြီး လေ့ကျင့်ခန်းနဲ့ ပေါင်းစပ်မှသာ ခန္ဓာကိုယ် အလေးချိန် ကျဆင်းနိုင်မှာ ဖြစ်ပါတယ်။

Credit : Trend Myanmar



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top