iMyanmarHouse.com - Best Property Website for Myanmar
×

ဂ်င္းဆိုတာ ဘယ္ေတာ့မွ ရိုးမသြားမယ့္ ဖက္ရွင္ပဲပါ့။ ဂ်င္းေဘာင္းဘီတစ္ထည္ဆုိရင္လည္း တစ္ထည္ဆို တစ္ထည္ဆုိသေလာက္ ႏွစ္ေပါက္ေအာင္ကို ၀တ္လုိ႔ရတာေနာ္။ ဒါေပမယ့္ ေဘာင္းဘီရဲ႕ ခ်ဳပ္ရိုးခ်ဳပ္သား၊ ဒီဇိုင္းစတာေတြကိုေတာ့ ကိုယ္ႀကိဳက္ဖုိ႔၊ ကိုယ္နဲ႔အဆင္ေျပဖုိ႔ လုိတာေပါ့။ ၀ယ္တုန္းက အဆင္ေျပၿပီး ေသခ်ာ၀တ္ၾကည့္လိုက္တာ့မွ အဆင္မေျပတာမ်ိဳး ဒါမွမဟုတ္ ကိုယ္အထိန္းအသိမ္း ညံံ႔လို႔ ဂ်င္းေဘာင္းဘီဟာ လံုး၀မ၀တ္ျဖစ္ေတာ့တာမ်ိဳးေတြ မျဖစ္ရေအာင္ ကိုယ့္မွာရွိတဲ့ ဂ်င္းေဘာင္းဘီကုိ ဘယ္လိုထိန္းသိမ္းရမလဲဆိုတာ အေမးအျဖပံုစံေလးေတြနဲ႕ ေျပာျပေပးခ်င္ပါတယ္။

၁။ဂ်င္းေဘာင္းဘီကို ေလွ်ာ္မယ္ဆုိ လက္နဲ႔ေသခ်ာေလွ်ာ္တာက ေကာင္းလား၊ သူမ်ားေတြ ေျပာသလို အေျခာက္ေလွ်ာ္တယ္ဆိုတာမ်ိဳးက ေကာင္းသလား။

ဂ်င္းကေတာ့ မေလွ်ာ္ေလး ေကာင္းေလပဲ။ ေလွ်ာ္တာမ်ားရင္ အေရာင္က်သြားတတ္သလို တစ္ခါတစ္ေလ ၀တ္ရတာ သိပ္အဆင္မေျပေတာ့တာမ်ိးေတြ ျဖစ္တတ္တယ္။ ေလွ်ာ္မယ္ဆုိရင္ေတာ့ လက္နဲ႔ေလွ်ာ္လည္းရတယ္၊ စက္နဲ႔ဆိုလည္း ေရညွစ္တာတုိ႔ဘာတုိ႔ မလုပ္ရင္ရတယ္။ တစ္ခုပဲအေျခာက္ခံစက္ထဲ ထည့္တာမ်ိဳးေတြ ဘာေတြေတာ့ မလုပ္သင့္ဘူး။

၂။ဆြဲသားပါတဲ့ဂ်င္း၊ ေနာက္ ဖေယာင္းလုိဟာမ်ိဳးပါတဲ့ နည္းနည္းေျပာင္တဲ့ဂ်င္းဆိုရင္ေရာ ဘယ္လိုေလွ်ာ္ရမလဲ။

အဲ့ဒါမ်ိဳးဆိုရင္ေတာ့ မေလွ်ာ္ႏိုင္ေလ ေကာင္းေလပဲ။ အနံ႔အသက္အတြက္ စိုးရိမ္တယ္ဆုိရင္ ေဘာင္းဘီကို ထိပ္ပိတ္ပလတ္စတစ္အိတ္ထဲထည့္ၿပီး ေရခဲေသတၱာထည့္ ထည့္ထားလိုက္ရံုပဲ။

၃။အေရာင္ရင့္တဲ့ ဂ်င္းေဘာင္းဘီနဲ႔ အေရာင္ေဖ်ာ့တဲ့ ဂ်င္း သူတုိ႔ကိုေလွ်ာ္တဲ့အခါ ဘယ္အခ်က္ေတြကို ဂရုစိုက္ေပးဖုိ႔လိုမလဲ။

အေရာင္ရင့္တဲ့ ေဘာင္းဘီေတြကို ေရေအးနဲ႔ပဲ ေလွ်ာ္ေပးရပါလိမ့္မယ္။ ဒါမွ အေရာင္က်မသြားမွာ။ အေရာင္နည္းနည္းေဖ်ာ့တဲ့ဟာဆုိရင္ေတာ့ ေလွ်ာ္တဲ့အခါ အရင့္ေလာက္ စိတ္ပူစရာ မလိုပါဘူး။

၄။ဂ်င္းေဘာင္းဘီက ၀တ္ရတာ ေတာင့္ေတာင့္ႀကီးနဲ႔ သိပ္အဆင္မေျပဘူး ျဖစ္ေနရင္ ဘယ္လိုလုပ္ရမလဲ။

တစ္ခ်ိန္လံုးသား ၀တ္ေနလိုက္။ အဆင္ေျပသြားလိမ့္မယ္။

၅။ခ်ဳပ္၀တ္မယ္ဆုိ အပ္ခ်ဳပ္ဆုိင္ မသြားခင္ ဘာေတြ သိထားဖုိ႔ လိုအပ္သလဲ။

ခုသြားအပ္မယ့္ ဂ်င္းေဘာင္းဘီနဲ႔တြဲ၀တ္မယ့္ ဖိနပ္က ဘယ္လိုဖိနပ္မ်ိဳး ျဖစ္မလဲဆိုတာ ႀကိဳစဥ္းစားသြားရလိမ့္မယ္။ ေနာက္ၿပီးေတာ့ အတုိင္းကို ေသခ်ာလုပ္မွ ျဖစ္မယ္။ ဘယ္ေလာက္ထိ ရွည္မယ္။ ကြက္တိဆိုလည္း ကြက္တိေပါ့။ က်န္တာကေတာ့ ခ်ဳပ္တဲ့သူ ကၽြမ္းက်င္ရင္ စိတ္ပူစရာ မလိုပါဘူး။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ဂျင်းဆိုတာ ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်ပဲပါ့။ ဂျင်းဘောင်းဘီတစ်ထည်ဆိုရင်လည်း တစ်ထည်ဆို တစ်ထည်ဆိုသလောက် နှစ်ပေါက်အောင်ကို ဝတ်လို့ရတာနော်။ ဒါပေမယ့် ဘောင်းဘီရဲ့ ချုပ်ရိုးချုပ်သား၊ ဒီဇိုင်းစတာတွေကိုတော့ ကိုယ်ကြိုက်ဖို့၊ ကိုယ်နဲ့အဆင်ပြေဖို့ လိုတာပေါ့။ ဝယ်တုန်းက အဆင်ပြေပြီး သေချာဝတ်ကြည့်လိုက်တာ့မှ အဆင်မပြေတာမျိုး ဒါမှမဟုတ် ကိုယ်အထိန်းအသိမ်း ညံံ့လို့ ဂျင်းဘောင်းဘီဟာ လုံးဝမ၀တ်ဖြစ်တော့တာမျိုးတွေ မဖြစ်ရအောင် ကိုယ့်မှာရှိတဲ့ ဂျင်းဘောင်းဘီကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ အမေးအဖြပုံစံလေးတွေနဲ့ ပြောပြပေးချင်ပါတယ်။

၁။ဂျင်းဘောင်းဘီကို လျှော်မယ်ဆို လက်နဲ့သေချာလျှော်တာက ကောင်းလား၊ သူများတွေ ပြောသလို အခြောက်လျှော်တယ်ဆိုတာမျိုးက ကောင်းသလား။

ဂျင်းကတော့ မလျှော်လေး ကောင်းလေပဲ။ လျှော်တာများရင် အရောင်ကျသွားတတ်သလို တစ်ခါတစ်လေ ဝတ်ရတာ သိပ်အဆင်မပြေတော့တာမျိးတွေ ဖြစ်တတ်တယ်။ လျှော်မယ်ဆိုရင်တော့ လက်နဲ့လျှော်လည်းရတယ်၊ စက်နဲ့ဆိုလည်း ရေညှစ်တာတို့ဘာတို့ မလုပ်ရင်ရတယ်။ တစ်ခုပဲအခြောက်ခံစက်ထဲ ထည့်တာမျိုးတွေ ဘာတွေတော့ မလုပ်သင့်ဘူး။

၂။ဆွဲသားပါတဲ့ဂျင်း၊ နောက် ဖယောင်းလိုဟာမျိုးပါတဲ့ နည်းနည်းပြောင်တဲ့ဂျင်းဆိုရင်ရော ဘယ်လိုလျှော်ရမလဲ။

အဲ့ဒါမျိုးဆိုရင်တော့ မလျှော်နိုင်လေ ကောင်းလေပဲ။ အနံ့အသက်အတွက် စိုးရိမ်တယ်ဆိုရင် ဘောင်းဘီကို ထိပ်ပိတ်ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထည့် ထည့်ထားလိုက်ရုံပဲ။

၃။အရောင်ရင့်တဲ့ ဂျင်းဘောင်းဘီနဲ့ အရောင်ဖျော့တဲ့ ဂျင်း သူတို့ကိုလျှော်တဲ့အခါ ဘယ်အချက်တွေကို ဂရုစိုက်ပေးဖို့လိုမလဲ။

အရောင်ရင့်တဲ့ ဘောင်းဘီတွေကို ရေအေးနဲ့ပဲ လျှော်ပေးရပါလိမ့်မယ်။ ဒါမှ အရောင်ကျမသွားမှာ။ အရောင်နည်းနည်းဖျော့တဲ့ဟာဆိုရင်တော့ လျှော်တဲ့အခါ အရင့်လောက် စိတ်ပူစရာ မလိုပါဘူး။

၄။ဂျင်းဘောင်းဘီက ဝတ်ရတာ တောင့်တောင့်ကြီးနဲ့ သိပ်အဆင်မပြေဘူး ဖြစ်နေရင် ဘယ်လိုလုပ်ရမလဲ။

တစ်ချိန်လုံးသား ဝတ်နေလိုက်။ အဆင်ပြေသွားလိမ့်မယ်။

၅။ချုပ်ဝတ်မယ်ဆို အပ်ချုပ်ဆိုင် မသွားခင် ဘာတွေ သိထားဖို့ လိုအပ်သလဲ။

ခုသွားအပ်မယ့် ဂျင်းဘောင်းဘီနဲ့တွဲဝတ်မယ့် ဖိနပ်က ဘယ်လိုဖိနပ်မျိုး ဖြစ်မလဲဆိုတာ ကြိုစဉ်းစားသွားရလိမ့်မယ်။ နောက်ပြီးတော့ အတိုင်းကို သေချာလုပ်မှ ဖြစ်မယ်။ ဘယ်လောက်ထိ ရှည်မယ်။ ကွက်တိဆိုလည်း ကွက်တိပေါ့။ ကျန်တာကတော့ ချုပ်တဲ့သူ ကျွမ်းကျင်ရင် စိတ်ပူစရာ မလိုပါဘူး။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top