iMyanmarHouse.com - Best Property Website for Myanmar
×

လေ့ကျင့်ခန်း မလုပ်ပေမယ့် ကျန်းမာကြံ့ခိုင်နေချင်သေးသူများအတွက် သတင်းကောင်းပါပဲ။  ရေပူဖြင့်ရေချိုးခြင်းက ကိုယ်ကာယလေ့ကျင့်ခန်းကဲ့သို့ အကျိုးခံစားရကြောင်း သုတေသီတွေ အခိုင်အမာပြောဆိုခဲ့ပါတယ်။ အားအင်စိုက်ပြီး လေ့ကျင့်ခန်းလုပ်နေစဉ် ခန္ဓာကိုယ် ပူအိုက်လာပါတယ်။ ရေပူနဲ့ရေချိုးချိန်မှာလည်း အလားတူ ဖြစ်ပွားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ယူကေနိုင်ငံ Loughborough University က Steve Faulkner က လူလတ်ပိုင်းအရွယ် အမျိုးသား ၂,၃၀၀ ကို ၂၀ နှစ်ကြာ တစ်စိုက်မတ်မတ် လေ့လာခဲ့ပါတယ်။

သူတို့အနက် ပေါင်းခံချွေးထုတ်ခန်း တစ်ပတ် တစ်ကြိမ်သွားရောက်သူတွေ တစ်ဝက် သေဆုံးကြခဲ့ပါတယ်။ တစ်ပတ် ၂ ကြိမ်ကနေ ၃ ကြိမ်ထိ ချွေးထုတ်ခန်းသွားရောက်သူတွေ ၃၈% သာ သေဆုံးခဲ့ကြောင်း Tech Times က သတင်းထုတ်ပြန်ခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်တွေက ပေါင်းခံချွေးထုတ်ခန်း အသုံးပြုမှုပိုများခြင်းက ဦးနှောက်သွေးကြောပြတ်ခြင်း သို့မဟုတ် နှလုံးရောဂါဖြင့် သေဆုံးမှုအန္တရာယ် လျှော့နည်းစေကြောင်း ဖော်ပြထားပါတယ်။ ဒါဟာ လူတွေ ပေါင်းခံချွေးထုတ်တဲ့အခါ သွေးလည်ပတ်စီးဆင်းမှုပိုကောင်းပြီး သွေးပေါင်လျှော့ကျခြင်းကြောင့်
 ဖြစ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

သီးခြားလေ့လာမှုတစ်ခုမှာ Faulkner က ရေပူဖြင့် ရေချိုးခြင်းအကျိုးကျေးဇူးတွေ စမ်းသပ်ရန် ပါဝင်စမ်းသပ်ခံမယ့် အဖွဲ့တစ်ဖွဲ့စုဆောင်းခဲ့ပါတယ်။ ယင်းလေ့လာတွေ့ရှိချက်တွေက ရေပူဖြင့် ကြာမြင့်စွာ ရေချိုးခြင်းက ကယ်လိုရီ ၁၄၀ လောင်ကျွမ်းစေပြီး အဲဒါဟာ မိနစ် ၃၀ ခပ်သွက်သွက်လမ်းလျှောက်ခြင်းနဲ့ အကျိုးညီမျှတယ်လို့ ဖော်ပြခဲ့ပါတယ်။

စက်ဘီးစီးတာက ပျှမ်းမျှ ကယ်လိုရီ ၆၃၀ လောင်ကျွမ်းစေပါတယ်။ ရေပူနဲ့ရေချိုးခြင်းက လေ့ကျင့်ခန်းလောက် ကယ်လိုရီတွေ မလောင်ကျွမ်းစေပေမယ့် လေ့ကျင့်ခန်းက အားအင်တွေ လောင်ကျွမ်းကုန်ခမ်းစေကြောင်း Faulkner က ပြောဆိုခဲ့ပါတယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top