iMyanmarHouse.com - Myanmar's No. 1 Property Website
×

ကျန်းမာကြံ့ခိုင်မှုအဆင့် ဆုံးဖြတ်ရာတွင် ကိုယ်အလေးချိန် တစ်ခုတည်းသာ သက်ဆိုင်သည်မဟုတ်ဘဲ အခြားသောအခြေအနေ များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုမည်ဖြစ်သည်။

သင်၏ ကျန်းမာကြံ့ခိုင်မှုအဆင့်ကို နေအိမ်မှာပင် အလွယ်တကူစစ်ဆေးကြည့်နိုင်မည့်နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။


လှေကားနှစ်ဆင့် (သို့မဟုတ်) နှစ်ကီလိုမီတာဝေးသော ခရီးကို အသက်ရှူရမခက်ဘဲ၊ မမောမပန်းဘဲ လျှောက်သွားနိုင်ပါက ကြံ့ခိုင် မှုပြည့်ဝသည်ဟု ဆိုနိုင်သည်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် နာရီဝက်ထက်ကျော်၍ အလွန်မောပန်းနေပါက ကြံ့ခိုင်မှုမပြည့်ဝဟု သတ် မှတ်နိုင်သည်။

ခြောက်မိနစ်အတွင်း မီတာ ၅၀၀ ကျော်အကွာအဝေးကို လမ်း လျှောက်သွားနိုင်ပါက ကြံ့ခိုင်မှုပြည့်ဝသည်ဟု ဆိုနိုင်သော်လည်း ခြောက်မိနစ်အတွင်း မီတာ ၂၀၀ အကွာအဝေးကို လမ်းမလျှောက် နိုင်ပါက ဆေးကုသမှုခံယူရန် လိုအပ်နိုင်သည်။ မီတာ ၂၀၀ နှင့် မီတာ၅၀၀ ကြားသာ လမ်းလျှောက်နိုင်သည်ဆိုပါက ရောဂါတစ်ခုခု ရှိ မနေခြင်းသေချာစေရေး ဆရာဝန်နှင့်ပြသရန် လိုအပ်သည်။

ခြေနှင့်လက်ကို ပြိုင်တူကားလိုက်၊ ဆန့်လိုက်ပြုလုပ်၍ နှစ်မိနစ်ခန့် ခုန်ကြည့်ပြီး မောပန်းနေပါက နှလုံးကျန်းမာရေးမကောင်းဟု မှတ်ယူနိုင်သည်။

ခန္ဓာကိုယ်၏ ကြွက်သားတိုင်းတွင် လှုပ်ရှားနိုင်မှုအတိုင်းအတာ ရှိသောကြောင့် ထိခိုက်ဒဏ်ရာများ မဖြစ်စေရေး ကြွက်သားများ လှုပ်ရှားနိုင်သည့် အတိုင်းအတာရှိစေရန် ပျော့ပျောင်းနေသင့်သော ကြောင့် အကြောလျှော့ပေးရန် လိုအပ်သည်။

ပက်လက်အနေအထားဖြင့် ခြေထောက်များကို မ,ရာတွင် ၉၀ ဒီဂရီအထိ သက်သောင့်သက်သာမတင်နိုင်ပါက တံကောက်ကြော များ လုံလောက်သော ပျော့ပျောင်းမှုရှိသည်ဟု ဆိုလိုသည်။

ဒူးကိုကွေးရာတွင် ခြေဖနောင့်များ တင်ပါးကို ထိနိုင်ရမည်ဖြစ် သည်။ သို့မဟုတ်ပါက ကြွက်သားအချို့ ပျော့ပြောင်းရန် လိုနေပြီ ဖြစ်သည်။

မတ်တတ်ရပ်ပြီး ကျောနှင့်လည်ပင်းကို တစ်ဖြောင့်တည်း အ နေအထားဖြင့် ဘယ်လက်ကို ညာဘက်သို့ ယှက်ပြီး ညာလက်ဖြင့် နောက်ထပ်နည်းနည်းဆွဲကြည့်ပါ။ သက်သောင့်သက်သာပြုလုပ်နိုင် သည်ဆိုပါက သင်၏ ပခုံးပျော့ပျောင်းမှုအခြေအနေကောင်းသည်ဟု ဆိုလိုသည်။

ကြွက်သားများ၏ အင်အားကို စစ်ဆေးရန် အကောင်းဆုံး နည်းလမ်းမှာ ဒိုက်ထိုးခြင်းဖြစ်ပြီး အကြိမ်ရေ (၁၀) ကြိမ်မှ (၂၀) အထိပြုလုပ်နိုင်ပါက ကြွက်သားအင်အားကောင်းသည်ဟု မှတ်ယူနိုင် သည်။

အမျိုးသားများအနေဖြင့် ၂၄ လက်မနှင့် ၂၈ လက်မကြား အမြင့်ခုန်နိုင်ပါက ခြေထောက်များ၏ ကြွက်သားအင်အားကောင်းသည်ဟု မှတ်ယူနိုင်သည်။ အမျိုးသမီးများအနေဖြင့် ၂၁ လက်မမှ ၂၄ လက်မကြား ခုန်နိုင်ရမည်ဖြစ်သည်။

အမျိုးသားများအနေဖြင့် ခန္ဓာကိုယ်တွင် အဆီ ၁၈ ရာခိုင်နှုန်း နှင့် ၂၄ ရာခိုင်နှုန်းကြားသာရှိသင့်ပြီး အမျိုးသမီးများတွင် ၁၅ ရာခိုင် နှုန်းနှင့် ၁၈ ရာခိုင်နှုန်းကြားသာရှိသင့်သည်။

ခါးတစ်ဝိုက်အသားထုကို ဆွဲကြည့်လိုက်ပါက နှစ်လက်မထက် ကျော်နေလျှင်ရှိသင့်သော အဆီထက်ပိုများနေပြီဟု ဆိုလိုသည်။

အဆိုကျန်းမာရေးကို သိရှိနိုင်ရန် စက္ကန့် ၃၀ မှ တစ်မိနစ်အထိ အသက်အောင့်ကြည့်နိုင်ပါက အဆုတ်များ ကောင်းစွာ အလုပ်လုပ် နိုင်သည်ဟု ဆိုနိုင်သည်။

Credit:7day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top