iMyanmarHouse.com - Best Property Website for Myanmar
×

 ေတာင္ကိုရီးယား သ႐ုပ္ေဆာင္မင္းသား ေဆာင္းဂၽြန္ကီသည္ ၎၏ ၂၀၁၆ အာရွပရိသတ္ ေတြ႔ဆံုပြဲမွ ရရွိေသာ ေငြမ်ားကို တ႐ုတ္ႏိုင္ငံ စီခၽြမ္းျပည္နယ္တြင္ ၂၀၀၈ ခုႏွစ္က ငလ်င္ဒဏ္ခံစား ခဲ့ရေသာ ျပည္သူမ်ားသို႔ ကူညီေပးေနသည့္ တ႐ုတ္ခ်ိဳ႕တဲ့သူမ်ား ကူညီေရး ေဖာင္ေဒးရွင္းကို လွဴဒါန္း သြားမည္ျဖစ္ေၾကာင္း ၎၏ေအဂ်င္စီ  Blossom   အင္တာတိန္းမန္႔က   ေျပာၾကားသည္။

သို႔ရာတြင္  ေအဂ်င္စီက ေဆာင္းဂၽြန္ကီ ဘယ္ေလာက္ပမာဏ လွဴဒါန္းသည္ကို ေျပာၾကားျခင္း မရွိေပ။ ေဆာင္းသည္ ယခင္ကလည္း ခ်ိဳ႕တဲ့သူမ်ား ကူညီေရးအဖြဲ႔မ်ားကို လွဴဒါန္းမႈမ်ား ျပဳလုပ္ခဲ့ သည္။ ေဆာင္းဂၽြန္ကီသည္ ေမလက တ႐ုတ္ႏိုင္ငံ၏ “Hurry Up , Brother” အစီစဥ္ အပိုင္း ၁၃ တြင္ ပါ၀င္ သ႐ုပ္ေဆာင္ျခင္းမွ ရရွိသည့္ ေငြမ်ားကို အမည္မေဖာ္လိုေသာ လူမႈကူညီေရးအဖြဲ႔သို႔ လွဴဒါန္း ခဲ့သည္။

ေဆာင္းဂၽြန္ကီသည္ ၂၀၁၁ ခုႏွစ္မွစ၍ ကိုရီးယားကေလးသူငယ္ ေသြးကင္ဆာေဖာင္ေဒးရွင္း သို႔လည္း ေငြေၾကးမ်ား လွဴဒါန္းလ်က္ရွိသည္ ။ေဆာင္း၏ ေငြေၾကးေထာက္ပံ့မႈေၾကာင့္ ကေလးသူငယ္ ဆယ္ဦးေက်ာ္သည္ ကင္ဆာကုသမႈကို ခံယူလ်က္ရွိသည္။

ေဆာင္းသည္ ၂၀၁၅ ခုႏွစ္ နီေပါငလ်င္ေၾကာင့္ ထိခိုက္ဒဏ္ရာရသူမ်ားကိုကူညီေပးရန္ ယူနီဆက္ဖ္သို႔ ၀မ္ေငြ သန္းတစ္ရာ ( အေမရိကန္ေဒၚလာ ၈၃ ၀၀၀ ) လွဴဒါန္းခဲ့သည္။ ေဆာင္းဂၽြန္ကီ သည္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၃ ခုႏွစ္အထိ ထုတ္လႊင့္ျပသခဲ့ေသာ “ Tears of the Antarctic”အစီစဥ္တြင္ ဇာတ္ေၾကာင္း ျပန္ေျပာသူအျဖစ္ ေဆာင္ရြက္ေပးမႈေၾကာင့္ ရရွိခဲ့ေသာ ေငြေၾကးမ်ားအားလံုးကိုလည္း လွဴဒါန္းခဲ့သည္။

Credit : Mizzima

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

 တောင်ကိုရီးယား သရုပ်ဆောင်မင်းသား ဆောင်းဂျွန်ကီသည် ၎င်း၏ ၂၀၁၆ အာရှပရိသတ် တွေ့ဆုံပွဲမှ ရရှိသော ငွေများကို တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ၂၀၀၈ ခုနှစ်က ငလျင်ဒဏ်ခံစား ခဲ့ရသော ပြည်သူများသို့ ကူညီပေးနေသည့် တရုတ်ချို့တဲ့သူများ ကူညီရေး ဖောင်ဒေးရှင်းကို လှူဒါန်း သွားမည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီ  Blossom   အင်တာတိန်းမန့်က   ပြောကြားသည်။

သို့ရာတွင်  အေဂျင်စီက ဆောင်းဂျွန်ကီ ဘယ်လောက်ပမာဏ လှူဒါန်းသည်ကို ပြောကြားခြင်း မရှိပေ။ ဆောင်းသည် ယခင်ကလည်း ချို့တဲ့သူများ ကူညီရေးအဖွဲ့များကို လှူဒါန်းမှုများ ပြုလုပ်ခဲ့ သည်။ ဆောင်းဂျွန်ကီသည် မေလက တရုတ်နိုင်ငံ၏ “Hurry Up , Brother” အစီစဉ် အပိုင်း ၁၃ တွင် ပါဝင် သရုပ်ဆောင်ခြင်းမှ ရရှိသည့် ငွေများကို အမည်မဖော်လိုသော လူမှုကူညီရေးအဖွဲ့သို့ လှူဒါန်း ခဲ့သည်။

ဆောင်းဂျွန်ကီသည် ၂၀၁၁ ခုနှစ်မှစ၍ ကိုရီးယားကလေးသူငယ် သွေးကင်ဆာဖောင်ဒေးရှင်း သို့လည်း ငွေကြေးများ လှူဒါန်းလျက်ရှိသည် ။ဆောင်း၏ ငွေကြေးထောက်ပံ့မှုကြောင့် ကလေးသူငယ် ဆယ်ဦးကျော်သည် ကင်ဆာကုသမှုကို ခံယူလျက်ရှိသည်။

ဆောင်းသည် ၂၀၁၅ ခုနှစ် နီပေါငလျင်ကြောင့် ထိခိုက်ဒဏ်ရာရသူများကိုကူညီပေးရန် ယူနီဆက်ဖ်သို့ ဝမ်ငွေ သန်းတစ်ရာ ( အမေရိကန်ဒေါ်လာ ၈၃ ၀၀၀ ) လှူဒါန်းခဲ့သည်။ ဆောင်းဂျွန်ကီ သည် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ထုတ်လွှင့်ပြသခဲ့သော “ Tears of the Antarctic”အစီစဉ်တွင် ဇာတ်ကြောင်း ပြန်ပြောသူအဖြစ် ဆောင်ရွက်ပေးမှုကြောင့် ရရှိခဲ့သော ငွေကြေးများအားလုံးကိုလည်း လှူဒါန်းခဲ့သည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top