iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆုံးအချက်အနေနဲ့ မိန်းကလေးတွေက ယောင်္ကျာလေးတွေနဲ့ နှိုင်းယှဉ်ရင် ခန္ဓာကိုယ်အရွယ်အစား သေးတာ သဘာဝပါ။ ဒီလိုခန္ဓာကိုယ်သေးတိုင်း ကုတင်ပေါ်မှာ နေရာနည်းနည်းပဲလိုမယ်လို့ မထင်ပါနဲ့။ ဟုတ်ပါတယ်။ ယောင်္ကျားလေးတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်ကို ရှုံ့ထားလို့မရနိုင်သလို မိန်းကလေးတွေကလည်း အနေကျုံ့နေတာမျိုးမဖြစ်စေချင်ကြပါဘူး။ မိန်းကလေးတွေက ကုတင်ပေါ်မှာ နေရာအနည်းငယ်ပဲ ရှိတယ်ဆိုရင်တောင် အိပ်တတ်တယ်ဆိုပေမယ့် တကယ်တမ်းတော့ မအိပ်ချင်တတ်ကြပါဘူး။ ဒါ့ကြောင့် သင်ခန္ဓာကိုယ် ဘယ်လောက်ပဲကြီးနေပါစေ။ ကုတင်တစ်ခြမ်းဟာ မိန်းကလေးတွေရဲ့ ပိုင်ဆိုင်ခွင့်ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ကိုယ့်ဘက်ခြမ်းမှာကိုယ်အိပ်ပြီး ခြေတွေ လက်တွေ မကျူးကျော်မိပါစေနဲ့။ အိပ်ပျော်နေရင်း ရောက်သွားတာကိုတော့ မိန်းကလေးတွေက ခွင့်လွှတ်တတ်ပါတယ်။

ဂန္တ၀င်ဆန်ဆန် နောက်ကျောကနေ ဖက်ပြီးအိပ်ချင်တာလား ? မိန်းကလေးကို ရွေးချယ်ခွင့်ပေးလိုက်ပါ။ တစ်ခါတစ်လေကျရင် မိန်းကလေးတွေက ဒီလိုသိုင်းဖက်ထားတာကို မကြိုက်တတ်ကြပါဘူး။ နောက်ကနေ သိုင်းဖက်ပြီး အိပ်ချင်ရင် သင့်လက်မောင်းတွေနဲ့ ခေါင်းကို အနေအထားမှန်ဖို့ ဂရုစိုက်ပါ။ သင့်ပါတနာ မိန်းကလေးက အအေးလွန်ပြီးချမ်းနေတာမဟုတ်ရင် သူမလက်တွေကို ချုပ်ထားသလိုမဖြစ်ပါစေနဲ့။

သင့်ခေါင်းအနေအထားကလည်း အရေးကြီးပါတယ်။ မိန်းကလေးရဲ့ ခေါင်းကို နှာခေါင်းနဲ့ သွားထိုးမိမနေပါစေနဲ့။ ထိုးမိနေမယ်ဆိုရင် သူမအတွက် အိပ်စက်ရတာကို လုံးဝကိုအဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့မိန်းကလေးက လူသားတစ်ယောက်ဖြစ်ပါတယ်။ ဖြူကောင်တစ်ကောင်လို ခွေလုံးပြီး နေချင်မှာ မဟုတ်ဘူးဆိုတာ သတိထားပါ။

မျက်နှာချင်းဆိုင်အိပ်မယ်ဆိုရင်ရော။ သင့်ရင်ဘတ်မှာ မျက်နှာအပ်ပြီး မအိပ်ချင်ပဲ ခေါင်းအုံးနဲ့ပဲ အိပ်မယ်ဆိုရင် သွားပြီး အပြစ်မတင်လိုက်ပါနဲ့။ ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။
၁။ သင့်ရဲ့ချိုင်းနံ့ကို မခံချင်လို့ပါ။
၂။ အိပ်ရင်းနဲ့သွားရည်ကျရင် သင့်အရေပြားပေါ် မကျစေချင်လို့ပါ။
၃။ သူမမျက်နှာကို သင့်ခန္ဓာကိုယ်က ချွေးတွေ မပေကျံစေချင်လို့ပါ။
၎။ ခေါင်းအုံးနဲ့က ပိုပြီးသက်တောင့်သက်သာရှိလို့ပါ။

မိန်းကလေးတွေက သူတို့ သက်တောင့်သက်သာမဖြစ်ဘူးလို့ ခံစားရလာရင် အနေအထားပြောင်းမှာ ဖြစ်ပါတယ်။ သူတို့အနေအထားပြောင်းလို့ အဆင်မပြေဖြစ်ရင်လည်း သည်းခံပေးလိုက်ဖို့လိုပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့

Credit:Gentleman Magazine


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top