iMyanmarHouse.com - Best Property Website for Myanmar
×

စိတ်တွေ လေးလံထိုင်းမှိုင်းပြီး အာရုံစူးစိုက်မရ၊ တွေးတောကြံစည် မရဖြစ်ပြီး မပျော်ပိုက်တာတွေကို အစားစားလိုက်တာနဲ့ ခံစားချက်တွေ ပြောင်းလဲနိုင်တယ်ဆိုရင် အံ့ဩမိကြမှာပါ။ ဘယ်လို စူပါအစားအစာတွေက ဒီလိုလုပ်ဆောင်ပေးနိုင်လဲဆိုတာ သိထား ရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

ပန်းသီး

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ဦးနှောက်ကျန်းမာမှု စွမ်းရည်ကို မြှင့်တင်ပေးနိုင်တာကြောင့် ပန်းသီးစားရင် စိတ်ကျေနပ် ပျော်ရွှင်မှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

အယ်လ်မွန်

အမျှင်ဓာတ်နဲ့ အကျိုးပြုအဆီဓာတ်ကြွယ်ဝတဲ့ အယ်လ်မွန် ဟာ ဦးနှောက်နှင့် ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် ထောက် ကူတာကြောင့် အယ်လ်မွန်စားပေးရင် စိတ်ကြည်လင်စေမှာပါ။

ချောကလက်

စိတ်ဖိစီးမှုတွေများပြီး ဘာလုပ်လုပ် အာရုံမလာဖြစ်နေရင် တော့ ချောကလက်သာ စားလိုက်ပါ။ ချောကလက်မှာ သကြားနဲ့အဆီဓာတ်တွေပါတဲ့အတွက် အရမ်းစားလွန်းရင် တခြားကျန်းမာရေးပြဿနာတွေရှိလာနိုင်လို့ တန်ဆေးလွန်ဘေးဆိုတာလေးသာ သတိပြုပြီးစားပါ။

ငှက်ပျောသီး

ငှက်ပျောသီးစားပေးရင်လည်း မှတ်ဉာဏ်ကောင်းစေတဲ့အပြင် အာရုံစူးစိုက်မှုကောင်းစေပြီး တက်ကြွလန်းဆန်းစေတယ်လို့ ဆိုပါတယ်။ နှလုံးကျန်းမာရေး အတွက်လည်း အကျိုးပြုကာ ကြွက်သားများ သန်စွမ်းကျန်းမာ ဖို့လည်း ကူညီနိုင်ပါတယ်။

ဥအမျိုးမျိုး

အမိုင်နိုအက်စစ်ဓာတ် ကြွယ်ဝတဲ့ ဥအမျိုးမျိုးဟာ ကိုယ်တွင်း ဇီဝဖြစ်စဉ်ကောင်းမွန်စွာ အလုပ်လုပ်ဖို့အတွက် ထောက်ကူပေးပါ တယ်။

ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာပါတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်က ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်လုပ်ငန်းစဉ်တွေအတွက် အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

စတော်ဘယ်ရီ၊ ဖရဲသီး

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိပြီး ဗီတာမင်စီကြွယ်ဝတဲ့ စတော်ဘယ်ရီသီးတွေဟာ ဦးနှောက်ကျန်းမာရေးအတွက်လည်း ထောက်ကူပေးပါတယ်။ ဖရဲသီးမှာဆိုရင်လည်း ဗီတာမင် ဘီ-၆၊ အမိုင်နိုအက်စစ်စတာ တွေပါရှိတဲ့အတွက် ဖရဲသီးစားပေးရင် (ဒါမှမဟုတ်) ဖရဲသီးဖျော်ရည်သောက်ပေးရင်  စိတ်ကြည်လင်လန်းဆန်းမှုကို ပေးစွမ်းပါတယ်။

ဖရုံစေ့

ဖရုံစေ့စားပေးရင်လည်း လန်းဆန်းတက်ကြွစေပြီး အကြံ ဉာဏ်ကောင်းတွေထွက်စေတယ် လို့ သိရပါတယ်။ ကိုလက်စထ ရောလျော့စေသလို ကင်ဆာနဲ့ ကျောက်ကပ်ကျောက်တည်ခြင်းတွေ ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top