iMyanmarHouse.com - Best Property Website for Myanmar
×

ကောင်မလေး : ငါအရမ်းဝလာတယ်

ကောင်လေး : မ၀ပါဘူးကွာ။

ကောင်မလေး : ငါ့ကိုတွေ့တဲ့ လူတိုင်းက ၀ိတ်လျှော့ဖို့ပဲ ပြောနေကြတယ်...

ကောင်လေး : အဲ့ဒါသူတို့ နင့်ကိုမနာလိုဖြစ်နေတာ

ကောင်မလေး : နင်ဘာမှမသိပါဘူး။

ကောင်လေး : ငါနင်နဲ့ပတ်သက်ရင် သူတို့ထက်ပိုသိတာပေါ့ ... အဲ့ဒါ သူတို့မျက်စိမှုန်နေကြတာ။

ကောင်မလေး : သူတို့မှုန်တာမဟုတ်ဘူး ... နင်မှုန်နေတာဖြစ်မှာပါ။

ကောင်လေး : ချစ်! ငါနင့်ကို အကောင်းဆုံး အလှဆုံးအ၀တ်အစားနဲ့လည်း တွေ့ဖူးတယ်။
ကျောင်းသွားတဲ့ ၀တ်စုံနဲ့လည်း တွေ့ဖူးတယ်။
အိမ်နေ၀တ်ကိုဝတ်ပြီး ဘာမှမလိမ်းထားတဲ့ မျက်နှာပြောင်နဲ့ ဆံပင်တွေအကုန်စုစည်းထားတာကိုလည်း တွေ့ဖူးတယ်။
နင်ငိုနေတာကိုလည်း တွေ့ဖူးတယ်။
နင်ပြုံးနေတာကိုလည်း တွေ့ဖူးတယ်။
နင်အိပ်ပျော်နေတာ၊ အသံအကျယ်ကြီးနဲ့ စကားပြောတာ၊ ဒေါသထွက်ပီးအော်တာ၊ စိတ်ဓာတ်ကျနေတာ၊ ၀မ်းနည်းနေတာ၊ ပျော်ရွှင်တက်ကြွနေတာ ... အကုန်လုံးငါတွေ့ဖူးတယ်။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် နင်ကငါ့မျက်စိထဲမှာ အမြဲလှနေတာပါပဲ ... ငါ့အတွက်တော့ နင်က always Perfect ပဲ ... ဒါတောင်မှ ငါနင့်ကိုသေချာမသိဘူးလို့ ပြောချင်နေသေးတာလား??

ကောင်မလေးက ကောင်လေးကို လှမ်းဖက်ပြီး ပြောလိုက်တယ်...

"ငါနင့်ကို အရမ်းချစ်တယ်" :')

ကောင်လေး : ငါက ပိုချစ်တာပေါ့ဟာ

အချစ်စစ်မှာ ပိန်တာ ၀တာတွေ မရှိဘူး ...

အချစ်စစ်အတွက် ရုပ်ချောတာ အသားအရေကောင်းတာတွေလည်း မလိုဘူး။

တကယ်တော့ အချစ်စစ်ဆိုတာ ...

သူဘာပဲဖြစ်နေဖြစ်နေ ချစ်မြဲတိုင်းချစ်နေတာကို ခေါ်တာပါပဲ။

( လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ရဲ့ အကောင်းအဆိုးမှန်သမျှကို လက်ခံနိုင်ရမယ်လေ ... မဟုတ်ဘူးလား?? ကဲ! အဲ့လိုချစ်ရတဲ့ ချစ်သူလေးရှိရင် သူ့နာမည်ကို comment မှာ mention လေးလုပ်ပီး ရေးသွားကြပါဦး။ မချစ်နိုင်သေးဘူးဆိုရင်တော့ "ရှုးတိုးတိုး" ပေါ့နော် )


Credit:*** You and Me


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top