iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္တယ္ဆုိတဲ့ စကားတစ္ခြန္းေျပာၿပီး သင္ ရည္းစားဘယ္ႏွေယာက္ရလုိ႔ ဘယ္ႏွခါ အသည္းကြဲခဲ့ရၿပီးၿပီလဲ။ အခ်စ္ေရးမွာ ေနာင္တေတြ ရခဲ့သူဆုိရင္ ေနာက္တစ္ခါခ်စ္ဖို႔အတြက္ ဒီအခ်စ္ေတြကို သင္စဥ္းစားဖို႔ လိုပါၿပီ။

၁။ ဘာေၾကာင့္ ဒီလိုေျပာခ်င္တာလဲ စဥ္းစားပါ

ခ်စ္တယ္ဆုိတဲ့ စကားကို အလြယ္တကူ မေျပာသင့္သလို လႊမ္းမိုးမႈ တစ္ခုခုေၾကာင့္ မေျပာသင့္ပါဘူး။ တစ္ခါတေလမွာ ခ်စ္တယ္ဆုိတဲ့စကားဟာ တကယ္ခ်စ္တာမဟုတ္ဘဲ လူတစ္ေယာက္ကို လိုခ်င္လို႔ ဒါမွမဟုတ္ လိုအပ္လုိ႔ သက္သက္ ျဖစ္ေနတတ္ပါတယ္။ အဲဒါေၾကာင့္ သင္ အဲဒီလူကို တကယ္ခ်စ္တာဟုတ္မဟုတ္ ကိုယ့္ကိုကိုယ္ ေသခ်ာ ျပန္ေမးဖုိ႔ လုိပါတယ္။

၂။ သူ႔ရဲ႕အားနည္းခ်က္၊ အားသာခ်က္အားလံုးကို သင္လက္ခံႏုိင္လား

လူတစ္ေယာက္ကို ခ်စ္မိၿပီဆုိရင္ သူ႔ရဲ႕အားနည္းခ်က္၊ အားသာခ်က္ အားလံုးကို သိဖို႔လိုအပ္ၿပီး လက္ခံႏိုင္ဖို႔ လိုပါတယ္။ သူ႔ရဲ႕ ျပႆနာေတြနဲ႔ အားနည္းခ်က္ေတြကို ျမင္တာေတာင္ သူ႔ကို သေဘာက်ႏွစ္ၿခိဳက္တဲ့စိတ္ ရွိေနေသးတဲ့အျပင္ ပိုလို႔ေတာင္ အခ်စ္တုိးရတယ္ဆုိရင္ သူ႔ကို ခ်စ္တယ္လုိ႔ ေျပာႏိုင္ပါၿပီ။

၃။ သူဘာပဲလုပ္လုပ္ စိတ္ပ်က္မသြားဘူး

သူ႔ရဲ႕အဆုိးရြားဆံုး လွ်ဳိ႕ဝွက္ခ်က္ကို ေျပာျပတာေတာင္ သင္ စိတ္ပ်က္မသြားဘူးဆုိရင္ သင္ သူ႔ကို ခၽြင္းခ်က္မရွိ ခ်စ္သြားလို႔ပါ။

၄။ ခ်စ္တယ္ဆုိတဲ့စကားကို သင္ဘယ္ႏွခါေလာက္ ေျပာၿပီးၿပီးလဲ

ခ်စ္တယ္ဆုိတဲ့စကားဟာ အရမ္းတာဝန္ႀကီးေပမဲ့့ သင္ဟာ လုိအပ္တာထက္ ပိုေျပာမိခဲ့သူ ျဖစ္ႏုိင္ပါတယ္။ ေသခ်ာမစဥ္းစားဘဲ အဲဒီလုိေတြ ေျပာခဲ့တာဆုိရင္ သင္ တကယ္စိတ္ထဲက မပါလို႔ပါ။  အခုခ်ိန္ကစၿပီး ခ်စ္တယ္ဆုိတဲ့ စကားကို သင္ေသခ်ာေတြးေတာၿပီး သင့္ခံစားခ်က္အစစ္အမွန္ကို ေတြးေတာဖုိ႔ လုိေနပါၿပီ။

၅။ ခ်စ္တယ္ဆုုိတာ သေဘာက်မႈနဲ႔ ေက်းဇူးတင္ျခင္း အဓိပၸာယ္လည္း ေဆာင္ႏုိင္ပါတယ္

တခါတေလမွာ ခ်စ္တယ္လို႔ ေျပာမိတာဟာ သူ႔ကို ေက်းဇူးတင္လို႔ ဒါမွမဟုတ္ သင့္အတြက္ သူလုပ္ေပးခဲ့တဲ့အရာအတြက္ သေဘာက်လို႔ ျဖစ္ႏုိင္ပါတယ္။  ဒါေပမဲ့ ခ်စ္သူဘဝဟာ နားလည္မႈေတြနဲ႔ ေမတၱာစစ္ေမတၱာမွန္လိုအပ္တာေၾကာင့္ အဲဒီထက္ ပိုေလးနက္ဖို႔ လိုပါတယ္။

Credit: Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းပြောပြီး သင် ရည်းစားဘယ်နှယောက်ရလို့ ဘယ်နှခါ အသည်းကွဲခဲ့ရပြီးပြီလဲ။ အချစ်ရေးမှာ နောင်တတွေ ရခဲ့သူဆိုရင် နောက်တစ်ခါချစ်ဖို့အတွက် ဒီအချစ်တွေကို သင်စဉ်းစားဖို့ လိုပါပြီ။

၁။ ဘာကြောင့် ဒီလိုပြောချင်တာလဲ စဉ်းစားပါ

ချစ်တယ်ဆိုတဲ့ စကားကို အလွယ်တကူ မပြောသင့်သလို လွှမ်းမိုးမှု တစ်ခုခုကြောင့် မပြောသင့်ပါဘူး။ တစ်ခါတလေမှာ ချစ်တယ်ဆိုတဲ့စကားဟာ တကယ်ချစ်တာမဟုတ်ဘဲ လူတစ်ယောက်ကို လိုချင်လို့ ဒါမှမဟုတ် လိုအပ်လို့ သက်သက် ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် သင် အဲဒီလူကို တကယ်ချစ်တာဟုတ်မဟုတ် ကိုယ့်ကိုကိုယ် သေချာ ပြန်မေးဖို့ လိုပါတယ်။

၂။ သူ့ရဲ့အားနည်းချက်၊ အားသာချက်အားလုံးကို သင်လက်ခံနိုင်လား

လူတစ်ယောက်ကို ချစ်မိပြီဆိုရင် သူ့ရဲ့အားနည်းချက်၊ အားသာချက် အားလုံးကို သိဖို့လိုအပ်ပြီး လက်ခံနိုင်ဖို့ လိုပါတယ်။ သူ့ရဲ့ ပြဿနာတွေနဲ့ အားနည်းချက်တွေကို မြင်တာတောင် သူ့ကို သဘောကျနှစ်ခြိုက်တဲ့စိတ် ရှိနေသေးတဲ့အပြင် ပိုလို့တောင် အချစ်တိုးရတယ်ဆိုရင် သူ့ကို ချစ်တယ်လို့ ပြောနိုင်ပါပြီ။

၃။ သူဘာပဲလုပ်လုပ် စိတ်ပျက်မသွားဘူး

သူ့ရဲ့အဆိုးရွားဆုံး လျှို့ဝှက်ချက်ကို ပြောပြတာတောင် သင် စိတ်ပျက်မသွားဘူးဆိုရင် သင် သူ့ကို ချွင်းချက်မရှိ ချစ်သွားလို့ပါ။

၄။ ချစ်တယ်ဆိုတဲ့စကားကို သင်ဘယ်နှခါလောက် ပြောပြီးပြီးလဲ

ချစ်တယ်ဆိုတဲ့စကားဟာ အရမ်းတာဝန်ကြီးပေမဲ့ သင်ဟာ လိုအပ်တာထက် ပိုပြောမိခဲ့သူ ဖြစ်နိုင်ပါတယ်။ သေချာမစဉ်းစားဘဲ အဲဒီလိုတွေ ပြောခဲ့တာဆိုရင် သင် တကယ်စိတ်ထဲက မပါလို့ပါ။  အခုချိန်ကစပြီး ချစ်တယ်ဆိုတဲ့ စကားကို သင်သေချာတွေးတောပြီး သင့်ခံစားချက်အစစ်အမှန်ကို တွေးတောဖို့ လိုနေပါပြီ။

၅။ ချစ်တယ်ဆိုုတာ သဘောကျမှုနဲ့ ကျေးဇူးတင်ခြင်း အဓိပ္ပာယ်လည်း ဆောင်နိုင်ပါတယ်

တခါတလေမှာ ချစ်တယ်လို့ ပြောမိတာဟာ သူ့ကို ကျေးဇူးတင်လို့ ဒါမှမဟုတ် သင့်အတွက် သူလုပ်ပေးခဲ့တဲ့အရာအတွက် သဘောကျလို့ ဖြစ်နိုင်ပါတယ်။  ဒါပေမဲ့ ချစ်သူဘဝဟာ နားလည်မှုတွေနဲ့ မေတ္တာစစ်မေတ္တာမှန်လိုအပ်တာကြောင့် အဲဒီထက် ပိုလေးနက်ဖို့ လိုပါတယ်။

Credit: Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top