iMyanmarHouse.com - Best Property Website for Myanmar
×

A သွေးပိုင်ရှင်

ကြိုးစားမှုရှိပြီးတည်ငြိမ်တယ်။သူများတွေပြောသမျှကိုနားထောင်ပေးလေ့ရှိပေမယ့်သူကတော့
မလိုအပ်ဘဲပြောလေ့မရှိဘူး။စကားနဲ့လည်းသူတစ်ပါးကိုထိခိုက်နာကျင်အောင်လုပ်ဖို့မကြိုးစားဘူး။
သူတို့ပထမဆုံးဖြတ်နိုင်စွမ်းမြင့်မားတယ်။
သူတို့ဆုံးဖြတ်ချက်တွေက
အတွေးအခေါ်ကင်းမဲ့နေတာမျိုးမရှိဘူး။နောက်ဆုံးပေါ်တွေနောက်လိုက်ရတာကြိုက်ပြီး
အဝတ်အစားကိုဂရုစိုက်တတ်တယ်။
ဒါပေမယ့်သိပ်မျက်စိနောက်တဲ့ပုံစံမျိုးမကြိုက်ဘူး။အရောင်စုံနဲ့ပတ်သက်ရင်သိပ် Sensltive ဖြစ်ပြီးအဝတ်အစားဝတ်ရင်တောင်စတိုင်ထက်အရောင်ကိုပိုပြီးဦးစားပေးတယ်။
ပတ်ဝန်းကျင်နဲ့လည်းသဟဇာတသိပ်မဖြစ်တတ်ကြဘူး။သူတို့ရဲ့ကောင်းတဲ့အချက်တွေက
ကြိုတင်ပြင်ဆင်မှုရှိတယ်။စိတ်ရှည်သည်းခံတတ်သလိုအချိန်လည်းတိကျတယ်။နာခံတတ်တယ်။ ဆိုးကွက်တွေကတစ်ယူသန်၊တစ်ဇွတ်ထိုးလုပ်တာမျိုးပေါ့။စိတ်ကူးဥာဏ်ကွန့်ရမှုမပါဘူးဆိုရင်အသေး
စိတ်လုပ်ရတဲ့အလုပ်တွေနဲ့အသင့်တော်ဆုံးလူတွေပါ။

Aသွေးပိုင်ရှင်တွေနဲ့အသင့်တော်ဆုံးအလုပ်တွေက
စာရင်းကိုင်၊စာကြည့်တိုက်မှူး၊ Altomey၊ စီးပွားရေးပညာရှင်၊စာရေးဆရာ၊ဝတ္ထုရေးဆရာအလုပ်တွေပါ။

B သွေးပိုင်ရှင်

ဘီသွေးပိုင်ရှင်တွေဟာ
တီထွင်ဖန်တီးတတ်တဲ့ဥာဏ်ရှိကြတယ်။အိမ်မွေးတိရစ္ဆာန်လေးတွေကိုချစ်တတ်ပြီး၊အပြောင်းအ
လဲကိုလက်ခံနိုင်သူတွေလည်းဖြစ်တယ်။အကောင်းမြင်တတ်ကြတယ်။အစွဲအလမ်းကြီးပြီးတစ်
ကိုယ်တော်နေတတ်ကြတယ်။
သူတို့ရဲ့အားနည်းချက်တွေကသတိမေ့တတ်တာ၊ဒါပေမယ့်ရိုးသားပြီးအလုပ်ကြိုးစားကြတယ်။
သူတိုရဲ့အတွင်းစိတ်ကမျက်နှာပေါ်မှာမြင်နေရတဲ့
သွင်ပြင်နဲ့မတူဘဲမှန်းရခက်တယ်။သူများတကာကိုအကဲခတ်ပေးနိုင်ပြီး
လိုသမျှကိုကူညီထောက်ပံ့ပေးတတ်တယ်။

ဘီသွေးပိုင်ရှင်တွေဟာ စံထောက်ကြီးတွေ၊စာနယ်ဇင်သမား၊ပန်းချီပညာရှင်၊လက်မှုပညာရှင်၊စိတ်ရောဂါကုဆရာဝန်အလုပ်တွေနဲ့
သင့်တော်ကြတဲ့သူတွေဖြစ်ကြတယ်။

AB သွေးပိုင်ရှင်

အေဘီသွေပိုင်ရှင်တွေဟာထန်းချုပ်နိုင်စွမ်းရှိပြီးအေးအေးနေကြတယ်။ကျိုးကြောင်းဆင်ခြင်နိုင်ပြီး
ကိုယ်ချင်းစာစိတ်လည်းရှိတယ်။ဒါပေမယ့်လူအများနဲ့ခပ်ဝေးဝေးနေတတ်ပြီး
သူများကိုအပြစ်ရှာတတ်တယ်။
မပြတ်မသားလုပ်တတ်ပြီးခွင့်မလွှတ်တတ်ကြသူတွေဖြစ်တတ်ပါတယ်။မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်
စွမ်းရှိပေမယ့်
အမူအရာကတော့ဆိုးရွားတတ်ပါတယ်။မထင်မှတ်ဘဲကိစ္စကြီးတွေလုပ်တတ်ပါတယ်။
အဝတ်အစားကတစ်ခါတစ်လေအဆင်ပြေအောင်ဝတ်တတ်သလိုတစ်ခါတစ်လေဖြစ်သလိုပါပဲ။
အရောင်ကိုအဓိကထားရွေးဝတ်တတ်ပါတယ်။

ရှားပါးတဲ့သွေးအမျိုးအစားဖြစ်ပြီးတော့စိတ်စွမ်းအားမြင့်မားကြလို့အေဘီသွေးပိုင်ရှင်တွေ
ဟာစိတ်စွမ်းအားမြင့်မားကြလို့အေဘီသွေးပိုင်ရှင်တွေဟာအကြားအမြင်နဲ့ဗေဒင်ဆရာတွေဖြစ်
တတ်ကြတယ်။
ကျိုးကြောင်းထင်မြင်နိုင်စွမ်းရှိလို့နည်းဗျူဟာကျကျစီမံကိန်းတွေဖော်ဆောင်နိုငိပြီးသံအမတ်နဲ့ဘာ
သာပြန်တွေ၊မန်နေဂျာတွေဖြစ်တတ်ပါတယ်။အများနဲ့ဆက်ဆံရတဲ့အလုပ်၊ကုမ္ပဏီမန်နေဂျာ၊ကျောင်း
ဆရာနဲ့စေ့စပ်ညှိနှုင်းရတဲ့အလုပ်တွေနဲ့အသင့်တော်ဆုံးဖြစ်ပါတယ်။

O သွေးပိုင်ရှင်

အိုသွေးပိုင်ရှင်တွေကသိပ်သွက်လက်ဖျတ်လတ်ကာ
အလှအပမက်တာမရှိပေမယ့်ချောမောခန့်ညားပြီး
ဟိတ်ဟန်ကောင်းသူတွေဖြစ်တတ်ပါတယ်။စီမံခန့်ခွဲပြီးဆုံးဖြတ်ချက်ရတဲ့အပိုင်းတွေမှာကျွမ်းကျင်ကြပါတယ်။
သူတို့ရဲ့ကြိုစားမှုရလာဒ်ကိုမသိရင်တောင်မှ
လက်မလျော့တတ်ကြပါဘူး။အရာရာကိုချင့်ချိန်စဉ်းစားတတ်ကြပါတယ်။အရောင်အသွေးထက်ရိုးရာဓလေ့ကိုဦးစားပေးဝတ်စားဆင်ယင်တတ်ကြပါတယ်။

ရည်မှန်းချက်ပြင်ထန်ပြီးကိုယ့်ကိုကိုယ်ယုံကြည်မှုမြင့်မားပါတယ်။ စာရင်းကိုင်နိုင်ရေးခေါင်းဆောင်၊စီးပွားရေးသမားနဲ့ဝန်ကြီးတွေဖြစ်တတ်ကြပါတယ်။


Credit : Org Upload


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top