iMyanmarHouse.com - Best Property Website for Myanmar
×

သေႏၶတားေဆး သံုးစြဲျခင္းဟာ က်န္းမာေရးအတြက္ မသင့္ေတာ္ဘူးဆိုတာ အားလံုးသိၿပီးသားပါ။ သေႏၶတားေဆး သံုးစြဲတဲ့အခါမွာ ရင္သားယားယံျခင္း ၊ ေခါင္းကိုက္ျခင္း ၊ ပ်ိဳ႕ခ်င္အန္ခ်င္ ျဖစ္ျခင္း အစရွိတဲ့ ေဘးထြက္ ဆိုးက်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။  ဒါ့အျပင္ သေႏၶတားေဆး ဟာ စိတ္ခံစားမႈေတြနဲ႔ ပါ ပတ္သက္ဆက္ႏြယ္ေနပါတယ္။ သုေတသန အသစ္တစ္ခုက ျပသခဲ့တာကေတာ့ သေႏၶတားေဆးေတြဟာ အမ်ိဳးသမီး တစ္ေယာက္ရဲ ႔ စိတ္ခံစားမႈေတြ ျဖစ္ေပၚႏိုင္စြမ္း ကို သက္ေရာက္မႈ ရွိေစႏိုင္တယ္ဆိုတာပါပဲ ။

တစ္နည္းအားျဖင့္ မူးယစ္ေဆး၀ါးေတြလိုပဲ သေႏၶတားေဆး မသံုးစြဲတဲ့ေန႔ေတြမွာ ထိုအမ်ိဳးသမီးဟာ စိတ္ခံစားမႈေတြ ျဖစ္ေပၚႏိုင္စြမ္း ခ်ိဳ႕တဲ့ေနတတ္တယ္ လို႔ ဆိုလိုခ်င္တာ ျဖစ္ပါတယ္။ သုေတသီေတြဟာ အမ်ိဳးသမီး ၇၃ ေယာက္ကို စမ္းသပ္စစ္ေဆးခဲ့တာျဖစ္ပါတယ္။ အမ်ိဳးသမီး အေယာက္ ၃၀ ကို သေႏၶတားေဆး တိုက္ေကၽြးၿပီး ၁၈ ေယာက္ကိုေတာ့ လံုး၀ မတိုက္ေကၽြးခဲ့ပဲ က်န္ ၂၅ ေယာက္ကိုေတာ့ ရံဖန္ရံခါသာ သေႏၶတားေဆး မွီ၀ဲ ေစခဲ့ပါတယ္။

ရလဒ္အေနနဲ႔ကေတာ့ သေႏၶတားေဆး မွီ၀ဲေလ့ရွိၿပီး ယာယီ ရပ္နားထားရတဲ့ အမ်ိဳးသမီး ၂၅ ေယာက္အဖြဲ႔ဟာ က်န္ ၂ ဖြဲ႔ထက္ စိတ္ခံစားမႈ ျဖစ္ေပၚႏိုင္စြမ္းေတြ ခ်ိဳ႕တဲ့ေနတာကို ေတြ႔လိုက္ရပါတယ္။ သေႏၶတားေဆး ေသာက္သံုးထားတဲ့ အေယာက္ ၃၀ အဖြဲ႕ကေတာ့ က်န္ ၂ ဖြဲ႔လံုးထက္ စိတ္ခံစားမႈဆိုင္ရာ တံု႔ျပန္ခ်က္ ေတြအရမ္းအားေကာင္းေနခဲ့တာကိုေတြ႔ရပါတယ္။ အဲဒါဟာ လည္း သေႏၶတားေဆးမွာပါ၀င္တဲ့ ေဟာ္မုန္း ဓါတ္ေတြေၾကာင့္ ျဖစ္တယ္လို႔ သုေတသီေတြက ဆိုပါတယ္။

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode


သန္ဓေတားဆေး သုံးစွဲခြင်းဟာ ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာ အားလုံးသိပြီးသားပါ။ သန္ဓေတားဆေး သုံးစွဲတဲ့အခါမှာ ရင်သားယားယံခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ပျို့ချင်အန်ချင် ဖြစ်ခြင်း အစရှိတဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။  ဒါ့အပြင် သန္ဓေတားဆေး ဟာ စိတ်ခံစားမှုတွေနဲ့ ပါ ပတ်သက်ဆက်နွယ်နေပါတယ်။ သုတေသန အသစ်တစ်ခုက ပြသခဲ့တာကတော့ သန္ဓေတားဆေးတွေဟာ အမျိုးသမီး တစ်ယောက်ရဲ့ စိတ်ခံစားမှုတွေ ဖြစ်ပေါ်နိုင်စွမ်း ကို သက်ရောက်မှု ရှိစေနိုင်တယ်ဆိုတာပါပဲ ။

တစ်နည်းအားဖြင့် မူးယစ်ဆေးဝါးတွေလိုပဲ သန္ဓေတားဆေး မသုံးစွဲတဲ့နေ့တွေမှာ ထိုအမျိုးသမီးဟာ စိတ်ခံစားမှုတွေ ဖြစ်ပေါ်နိုင်စွမ်း ချို့တဲ့နေတတ်တယ် လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ သုတေသီတွေဟာ အမျိုးသမီး ၇၃ ယောက်ကို စမ်းသပ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အမျိုးသမီး အယောက် ၃၀ ကို သန္ဓေတားဆေး တိုက်ကျွေးပြီး ၁၈ ယောက်ကိုတော့ လုံး၀ မတိုက်ကျွေးခဲ့ပဲ ကျန် ၂၅ ယောက်ကိုတော့ ရံဖန်ရံခါသာ သန္ဓေတားဆေး မှီဝဲ စေခဲ့ပါတယ်။

ရလဒ်အနေနဲ့ကတော့ သန္ဓေတားဆေး မှီဝဲလေ့ရှိပြီး ယာယီ ရပ်နားထားရတဲ့ အမျိုးသမီး ၂၅ ယောက်အဖွဲ့ဟာ ကျန် ၂ ဖွဲ့ထက် စိတ်ခံစားမှု ဖြစ်ပေါ်နိုင်စွမ်းတွေ ချို့တဲ့နေတာကို တွေ့လိုက်ရပါတယ်။ သန္ဓေတားဆေး သောက်သုံးထားတဲ့ အယောက် ၃၀ အဖွဲ့ကတော့ ကျန် ၂ ဖွဲ့လုံးထက် စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်ချက် တွေအရမ်းအားကောင်းနေခဲ့တာကိုတွေ့ရပါတယ်။ အဲဒါဟာ လည်း သန္ဓေတားဆေးမှာပါဝင်တဲ့ ဟော်မုန်း ဓါတ်တွေကြောင့် ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top