iMyanmarHouse.com - Best Property Website for Myanmar
×

ယောက်ျားလေးဝတ် ရှပ်အင်္ကျီအများစုမှာ ကြယ်သီးတွေက အင်္ကျီရဲ့ညာဘက်ခြမ်းမှာ ရှိနေပြီး မိန်းကလေးဝတ် ရှပ်အင်္ကျီတွေမှာတော့ ဘယ်ဘက်ခြမ်းမှာ ရှိနေတတ်တာ သတိထားမိပါသလား။ သတိထားမိတယ်ဆိုရင်တော့ အဲဒီလို ဘာကြောင့်ဖြစ်တာလဲဆိုတာ တွေးဖူးပါသလား။

Quora ဆိုတဲ့ အမေး အဖြေ ဝက်ဘ်ဆိုက် အသုံးပြုသူတစ်ဦး သုံးသပ်ထားပုံက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သူ့ရဲ့သုံးသပ်ချက်ကတော့ မိခင်နို့တိုက်ကျွေးရတဲ့ အမျိုးသမီးတွေ အဆင်ပြေစေဖို့အတွက် မိန်းကလေးဝတ် ရှပ်အင်္ကျီကြယ်သီးတွေကို ဘယ်ဘက်မှာ တပ်လေ့ရှိတာပါတဲ့။

လူအများစုက ညာသန်တွေဖြစ်တာကြောင့် မိခင်နို့တိုက်ကျွေးမယ့် အမျိုးသမီးတွေ ကလေးတဖက်နဲ့ ကြယ်သီးဖြုတ်ရာမှာ လွယ်ကူစေဖို့လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ သုံးသပ်ချက် မတိုင်ခင်ကတော့ ၁၉ ရာစုတုန်းက အမျိုးသမီးတွေကို သူတို့ရဲ့ အစေခံတွေက အဝတ်အစား ဝတ်ပေးရတဲ့အတွက် အစေခံတွေက ညာလက်နဲ့ ကြယ်သီးတပ်ပေးတဲ့ အချိန်မှာ အဆင်ပြေစေဖို့ ကြယ်သီးတွေကို ဘယ်ဖက်မှာ တပ်ထားတာဆိုတဲ့ အယူအဆတစ်ခု ရှိခဲ့ဖူးပါတယ်။

ဒါပေမဲ့ အဲဒီ ခေတ်တုန်းက အမျိုးသားတွေကိုလည်း သူတို့ရဲ့ အစေခံတွေကပဲ အဝတ်အစား ဝတ်ပေးလေ့ ရှိတဲ့အတွက် ဘာလို့ အမျိုးသားဝတ် ရှပ်အင်္ကျီတွေမှာတော့ အစေခံတွေ အဆင်ပြေအောင် ကြယ်သီးကို ဘယ်ဘက်မှာ မထားသလဲလို့ ဒီအယူအဆနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top