iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ ဒီ့ထက်ပိုကောင်းမွန်တဲ့အရာတွေနဲ့ ထိုက်တန်သူတစ်ယောက်ပါ။ နေရာတိုင်းမှာ တကယ့်ကို ပျော်ရွှင်နေကြတဲ့ စုံတွဲတွေ သင်မြင်တွေ့နေရပေမယ့် သင့်အချစ်ရေးကျတော့ သူတို့နဲ့ ကွဲပြားနေပါတယ်။ တစ်ခါတစ်ရံ သင်ပျော်ရွှင်နေရမယ်၊ သိပ်မကြာဘူး သင်စိတ်တွေရှုပ်ပြီး ကြောက်စိတ်တွေနဲ့ နေထိုင်ရပြန်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ချစ်သူက ကိုယ့်ကို ကိုယ်ထိလာက်ရောက် စော်ကားပြုမူတာမျိုးတောင် သင်ခံရသေးတယ်။ အားလုံးရှေ့မှာ သင့်အချစ်ရေးဟာ တကယ့်ကို ပျော်ရွှင်ဖွယ်အတိလို့ ဟန်ဆောင်ပြီး ပြောဆိုနေရပေမယ့် သင့်ရင်ထဲဘတ်ထဲ ဘယ်လောက်ထိ နာကျင်ခဲ့ရပြီးပြီလဲ။

ဒီတော့ ထပ်စဉ်းစားရမှာက ငါ ဒီထက့်ပိုကောင်းတဲ့ အရာတွေနဲ့ တကယ်ပဲ မထိုက်တန်တော့ဘူးလား။ ငါ ဒီလိုဘ၀မျိုးနဲ့ နေသွားရမှာလား။ ငါ့ လက်တွဲဖော်ဟာ ငါ့ကို ဒီခံစားချက် (၇)မျိုး ခံစားရအောင် လုပ်ခဲ့သလားဆိုတာပါပဲ။

၁။ သင်ဟာ သူ့ကို အမြဲကြောက်နေရတယ်။

သူနဲ့အတူ ရှိချိန်မှာဆို သင်အမြဲ ဆင်ခြင်နေထိုင်ရပြီး တစ်ခုခု ပြောလိုက်မိလို့ သူဒေါသထွက်သွားမယ့်အရေးကို ကြောက်နေရတဲ့အတွက် သူ့စိတ်အလိုတိုင်း သင်နေထိုင်နေရတယ်။ ပြသနာတက်၊ ဒေါသထွက်သွားပြီးရင် သူသောင်းကျန်းတဲ့ဒဏ်ကို သင်ကြောက်လွန်းအားကြီးတာကြောင့် သင့်စိတ်ထဲကအတိုင်း ပွင့်ပွင့်လင်းလင်း ဘယ်တော့မှ မပြောဆိုနိုင်ဘူး။

၂။သင့်ကို အရာဝတ္ထုတစ်ခုလို သဘောထား ဆက်ဆံတတ်တယ်။

သူ့အလိုကျ သင်ဟာနေထိုင်ရတယ်။ သူမကြိုက်ဘူးဆိုတဲ့အရာတွေကို သင်ဘာမှလုပ်လို့မရဘူး။ ဒါ့အပြင် သူစိတ်မပါပဲ သူ့စိတ်တစ်ခုတည်းနဲ့ အတူနေပေးရတာမျိုးတွေတောင် ရှိတယ်။ သင့်မှာ ဘယ်သူ့ကိုမှ ဖွင့်မပြောရဲပဲ တစ်ယောက်တည်း အမြဲခံစားနေရတယ်။

၃။သင့်ကို ဝေဖန်ပြီး သင်လုပ်တာမှန်သမျှ အကောင်းအပြောမခံရသလောက်ပဲ။

သင်ဟာ သင်လုပ်ချင်တဲ့အရာတစ်ခုကို သူ့ကိုမပြောပဲ၊ လုပ်လိုက်မိတယ်ဆိုရင် သူ့ရဲ့ဝေဖန်ပြောဆိုမှုဒဏ်ကို ခံရပြီပဲ။ သင်စိုးရိမ်နေတဲ့အရာတစ်ခုခုဆိုလည်း သူ့ကိုတိုင်ပင်ဖို့ ဘယ်တော့မှစဉ်းစားလို့မရဘူး။ အဆုံးသတ်မှာ သင်တစ်ယောက်တည်း ပိုလို့တောင် ခံစားရဦးမယ်။

၎။သင့်ကိုအမြဲ ခြိမ်းခြောက်တတ်တယ်။

သင်ဟာ ကြာရှည် ဒီခံစားချက်တွေနဲ့မနေနိုင်တော့ဘူးဆိုတာမျိုး သင်ပြောမိလိုက်တယ်ဆိုတာနဲ့ သူ့ကိုလမ်းခွဲရင် ဘာတွေလုပ်မယ်ဆိုတာမျိုး အမြဲခြိမ်းခြောက်တတ်တယ်။

၅။သူ့ရဲ့အပြုအမူတွေက ခန့်မှန်းလို့ မရနိုင်ဘူး။

သင့်ချစ်သူဟာ သင့်ကို သူငယ်ချင်းလို၊ ချစ်သူလို စနောက်ပျော်ရွှင်နေပြီး သိပ်မကြာခင်မှာပဲ ဒေါသတွေထွက်၊ သောင်းကျန်းတာမျိုးလည်း သင်အခါပေါင်းများစွာ ကြုံဖူးပြီးပြီ။ သင့်မှာ အကြောက်တရားတွေနဲ့ နေထိုင်ရသလို ဖြစ်လာခဲ့ပြီ။

၆။သင်ဟာ အမြဲရှက်ရွံအားငယ်နေရတယ်။

တစ်ချိန်တုန်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိခဲ့တဲ့သင်ဟာ ခုချိန်မှာတော့ အထီးကျန်ပြီး အမြဲနားလည်မှုအလွဲခံရသလို ဖြစ်လာတယ်။ သင့်အတွက် သွားစရာနေရာ မရှိတော့သလို ခံစားလာရပြီး အမြဲအားငယ်ရှက်ရွံနေရပြီ။

၇။သင်ဟာ ဒေါသထွက်လွယ်လာတယ်။

သင်ခံစားနေရသမျှမှာ သင်ကချည်း ခံဘက်က ဆိုတာ သိနားလည်ချိန်မှာ သင်ပေါက်ကွဲတော့တာပဲ။ ဒါပေမယ့် သင်ဟာ သင့်ကိုယ်သင် ဒေါသထွက်လွယ်လာမယ်၊ အခြားလူတွေကို ဒေါသတွေ အလွယ်တကူ ထွက်တတ်လာမယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top