iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ကိုအာဟာရ ျဖည့္တင္းေပးႏုိင္တဲ့ အစားအစာေတြစားသံုးမႈမရွိျခင္းနဲ႔ ဆံပင္ျပဳျပင္ထိန္းသိမ္းမႈ နည္းလမ္းေတြ မွားယြင္းေနျခင္းတို႔ေၾကာင့္ ဆံပင္ကၽြတ္ျခင္း၊ ဆံပင္ပါးျခင္းတို႔နဲ႔ ရင္ဆုိင္ၾကံဳေတြ႕ေနၾကရပါတယ္။ ဒီလိုအေျခအေနေတြကို တြန္းလွန္ႏိုင္ဖို႔အတြက္ ဆံသားပ်က္စီးေစတဲ့ အေၾကာင္းရင္းေတြနဲ႔အတူ ျပဳျပင္ ထိန္းသိမ္းရမယ့္ နည္းလမ္းေတြပါ ထည့္သြင္းေဖာ္ျပလိုက္ပါတယ္။

1)     ၾကက္သီးေႏြးထက္ပိုေသာ ေရေႏြးနဲ႔ ေခါင္းေလွ်ာ္ျခင္း

                 အေရျပားလိုပဲဆံသားေတြမွာလည္း ေရဓာတ္ခန္းေျခာက္ျခင္းျဖစ္ေစႏုိင္ပါတယ္။ အပူလြန္ကဲတဲ့ ေရေႏြးနဲ႔ ေခါင္းေလွ်ာ္မိပါက ဆံပင္ရွိသဘာ၀အဆီေတြကို ဖယ္ရွားလိုက္သလိုျဖစ္ၿပီး ဆံသားကိုေျခာက္ေသြ႕ေစႏုိင္တဲ့အျပင္ ဆံပင္ကၽြတ္ျခင္း၊ ဆံပင္ျပတ္ျခင္းတို႔နဲ႔ ၾကံဳေတြ႕ရႏုိင္ပါတယ္။ ဒါေၾကာင့္ ေရေႏြးကိုအတတ္ႏုိင္ဆံုး ေႏြးသထက္ေႏြးေအာင္ အေအးခံၿပီးမွ ေခါင္းေလွ်ာ္သင့္ပါတယ္။

2)     ဆံပင္ပံုသြင္းပစၥည္းမ်ားကို အသံုးျပဳျခင္း

              ဆံပင္ေျဖာင့္စက္၊ ေကာက္စက္နဲ႔ ေလမႈတ္စက္ (Hair dryer) အစရွိတဲ့ ဆံေကသာအလွကို ဖန္တီးေပးတဲ့ကိရိယာေတြဟာ ဆံသားပ်က္စီးမႈကို ကာကြယ္ေပးတဲ့ပ႐ိုတင္းဓာတ္ကို ဆံုး႐ႈံးေစႏုိင္ပါတယ္။ ဒါေၾကာင့္ ဆံေကသာကို အပူဒဏ္တိုက္႐ိုက္ထိေတြ႕ျခင္းမွ ကာကြယ္ေပးႏုိင္တဲ့ spray ကုိ ဆံသားအႏံ႔ွ လိမ္းေပးၿပီးမွ ဆံပင္ပံုသြင္းျခင္းကို ျပဳလုပ္သင့္ပါတယ္။

 3)     အာဟာရဓာတ္ခ်ိဳ႕တဲ့ျခင္း

                 ဆံေကသာမွာမူလပ႐ိုတင္းဓာတ္ဆိုတာ ပါ၀င္ၿပီးသားျဖစ္ပါတယ္။ ဒါေပမယ့္ သင္ကပ႐ိုတင္းဓာတ္ကို ထပ္မံျဖည့္တင္းေပးႏုိင္တဲ့ အစာအစာေတြကို အစားနည္းတာပဲျဖစ္ေစ၊ လံုး၀မစားသံုးတာပဲ ျဖစ္ေစ ျပဳလုပ္မယ္ဆိုရင္ ဆံသားေတြေျခာက္ေသြ႕ၿပီး ဆံပင္ကၽြတ္ျခင္းကိုျဖစ္ေစႏုိင္ပါတယ္။ ငါး၊ ၾကက္သား၊ ပဲနီကေလးနဲ႔ ပဲသီးေတာင့္ စတဲ့ ပ႐ိုတင္းဓာတ္ႂကြယ္၀တဲ့ အစားအစာေတြက ဆံပင္ကၽြတ္ျခင္းကိုကာကြယ္ေပးႏုိင္ပါတယ္။

 4)       ႏူးညံ့မႈမရွိတဲ့ တဘက္ကိုအသံုးျပဳျခင္း

              ေခါင္းေလွ်ာ္ေနခ်ိန္မွာဆံပင္ၿဖီးျခင္း၊ ဆံပင္ေျခာက္ေအာင္ တဘက္နဲ႔ အားျပင္းျပင္း သုတ္ျခင္းတို႔ဟာ ဆံပင္ကၽြတ္ေစႏုိင္တဲ့ အဓိကအေၾကာင္းအရင္းပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေခါင္းေလွ်ာ္ၿပီးမွ ဘီးက်ဲနဲ႔ၿဖီးေပးျခင္း၊ ႏူးညံ့တဲ့တဘက္နဲ႔ ညင္သာစြာသုတ္ၿပီး ေျခာက္ေသြ႔ေစျခင္းျဖင့္ ဆံပင္ကၽြတ္ျခင္းမွ ကာကြယ္ႏုိင္ပါတယ္။

 5)     ဆံပင္ကိုတင္းၾကပ္စြာစည္းေႏွာင္ျခင္း

              ဆံပင္စည္းသေရကြင္းေလးေတြနဲ႔ တင္းၾကပ္စြာစည္းထားျခင္းဟာလည္း ဦးေရျပားကို နာက်င္ေစၿပီး ဆံပင္ကိုသာမန္ထက္ ႏွစ္ဆပိုကၽြတ္ေစပါတယ္။ ဒါေၾကာင့္ အလွဆင္သေရကြင္းေလးေတြ ကို ေလ်ာ့ရဲစြာစည္းျခင္း၊ အိပ္စက္ခ်ိန္မွာ ပိုးသားကဲ့သုိ႔ႏူးညံ႔ေသာေခါင္းအုံးနဲ႔ အိပ္စက္ျခင္း၊ အိပ္ရာမ၀င္ခင္မွာ ဆံပင္ကိုဘီးက်ဲနဲ႔ၿဖီးၿပီးမွ အိပ္စက္ျခင္းျဖင့္ ဆံပင္ကၽြတ္ျခင္းကိုသက္သာေစနိုင္ပါတယ္။

 6)       သေႏၶတားေဆးမွီ၀ဲျခင္း

              သေႏၶတားေဆးထဲမွာပါ၀င္တဲ့ အင္ဒ႐ိုဂ်င္ကဆံပင္ကၽြတ္ေစႏုိင္ပါတယ္။ နဂိုက ဆံပင္ပါးတဲ့သူ၊ ဆံပင္အေထြးလိုက္ ကၽြတ္တတ္သူေတြနဲ႔ ေဆးဒဏ္ကိုခံႏုိင္ရည္မရွိတဲ့ အမ်ိဳးသမီးေတြမွာအျဖစ္မ်ားပါတယ္။ ဒါေၾကာင့္ ဇင့္ဓာတ္နဲ႔ ဗီတာမင္ A ႂကြယ္၀တဲ့ သစ္သီး၀လံေတြကို စားသံုးေပးျခင္းေၾကာင့္ ဆံပင္ကို သန္စြမ္းေစႏုိင္ၿပီး ေခါင္းေလွ်ာ္ရည္အေပ်ာ့စားကို အသံုးျပဳျခင္း၊ ဆံပင္ေျခာက္ေအာင္ တဘက္ၾကမ္းနဲ႔ သုတ္ျခင္းကို ေရွာင္က်ဥ္ျခင္းျဖင့္ ဆံပင္ကၽြတ္ျခင္းကိုကာကြယ္ႏုိင္ပါတယ္။

 7)     ေဗာက္ထျခင္း

              ေဗာက္ထျခင္းေၾကာင့္ ဦးေရျပားယားယံျခင္းကို ဘီးစိပ္နဲ႔ၿဖီးျခင္း၊ လက္သည္နဲ႔ ကုတ္ျခင္းတို႔ျဖင့္ ယားယံမႈသက္သာေအာင္ျပဳလုပ္ျခင္းဟာလည္း ဆံပင္ကၽြတ္ေစတဲ့အေၾကာင္းရင္းတစ္ရပ္ပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေဗာက္ေပ်ာက္ေခါင္းေလွ်ာ္ရည္နဲ႔ ေခါင္းေလွ်ာ္ျခင္း၊ ဒိန္ခ်ဥ္စားသံုးျခင္း၊ ဇင့္(သြပ္)ဓာတ္နဲ႔ ဗီတာမင္ B ႂကြယ္၀တဲ့ သစ္သီး၀လံေတြကို စားသံုးေပးျခင္းျဖင့္ ဆံပင္ဆံုး႐ႈံးမႈမွကာကြယ္ႏုိင္ပါတယ္။

 8)       ေနေရာင္ျခည္နဲ႔ ထိေတြ႕ျခင္း

              ေနေရာင္ျခည္ထဲမွာပါတဲ့မျမင္ရတဲ့ ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ ဆံသားေတြညိဳမြဲေျခာက္ေသြ႕ၿပီး ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ ေနပူထဲကိုထြက္တဲ့အခါ ဦးထုပ္ေဆာင္းျခင္း၊ UV ဒဏ္ကို ကာကြယ္ေပးႏုိင္တဲ့ သံလြင္ဆီလိမ္းျခင္းျဖင့္ ဆံသားပ်က္စီးျခင္းမွ ကင္းေ၀းေစပါတယ္။

 9)     ႀကိမ္ဖန္မ်ားစြာေခါင္းေလွ်ာ္ျခင္း

                ေန႔စဥ္ Shampoo သံုးၿပီး ေခါင္းေလွ်ာ္ပါက ဦးေရျပားနဲ႔ဆံပင္မွာရွိတဲ့ သဘာ၀အဆီေတြကို ဖယ္ရွားလိုက္သလိုျဖစ္တာေၾကာင့္ ဆံပင္ပါးျခင္း၊ ဆံပင္ကၽြတ္ျခင္းကို ျဖစ္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ နွစ္ရက္ျခားတစ္ခါထက္ပိုၿပီး ေခါင္းမေလွ်ာ္သင့္ပါဘူး။

 10)   ေရာဂါေဆး၀ါးမ်ားမွီ၀ဲျခင္း

              မိမိေရာဂါအတြက္ ေသာက္ေနရတဲ့ေဆး၀ါးေတြဟာ ဆံပင္ကၽြတ္ေစႏုိင္တယ္ဆုိရင္ေတာ့ မိမိေသာက္ေနတဲ့ ေဆးအမ်ိဳးအစားနဲ႔တူညီတဲ့ ေဆး၀ါးထဲကမွဆံပင္ကၽြတ္ျခင္းမွ ကာကြယ္ေပးႏုိင္တဲ့ေဆးကို ဆရာ၀န္နဲ႔တုိင္ပင္ၿပီး မွီ၀ဲသင့္ပါတယ္။

 11)   ၾကာရွည္ခံဆံပင္အလွကုန္ပစၥည္းေတြ အသံုးျပဳျခင္း

              ဆံပင္ကိုပံုစံမပ်က္ဘဲ စတိုင္က်လွပေစႏုိင္တဲ့ gel ေတြ၊ hairspray ေတြဟာလည္း ဆံသားကို ၾကမ္းတမ္းေစၿပီး ဦးေရျပားကိုေျခာက္ေသြ႔ေစႏုိင္ပါတယ္။ ဒါေၾကာင့္ ေစးကပ္ေစတဲ့ ဆံပင္အလွကုန္ ပစၥည္းေတြ အသံုးျပဳမယ့္အစား ဆံသားကိုအစိုဓာတ္ျဖည့္တင္းေပးႏုိင္တဲ့ ခရင္မ္ေတြအသံုးျပဳျခင္းက ဆံသားပ်က္စီးျခင္းကို ကာကြယ္ေပးပါတယ္။

Credit : DrMyanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ဆံပင်ကိုအာဟာရ ဖြည့်တင်းပေးနိုင်တဲ့ အစားအစာတွေစားသုံးမှုမရှိခြင်းနဲ့ ဆံပင်ပြုပြင်ထိန်းသိမ်းမှု နည်းလမ်းတွေ မှားယွင်းနေခြင်းတို့ကြောင့် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းတို့နဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ ဒီလိုအခြေအနေတွေကို တွန်းလှန်နိုင်ဖို့အတွက် ဆံသားပျက်စီးစေတဲ့ အကြောင်းရင်းတွေနဲ့အတူ ပြုပြင် ထိန်းသိမ်းရမယ့် နည်းလမ်းတွေပါ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

1)     ကြက်သီးနွေးထက်ပိုသော ရေနွေးနဲ့ ခေါင်းလျှော်ခြင်း

                 အရေပြားလိုပဲဆံသားတွေမှာလည်း ရေဓာတ်ခန်းခြောက်ခြင်းဖြစ်စေနိုင်ပါတယ်။ အပူလွန်ကဲတဲ့ ရေနွေးနဲ့ ခေါင်းလျှော်မိပါက ဆံပင်ရှိသဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်ပြီး ဆံသားကိုခြောက်သွေ့စေနိုင်တဲ့အပြင် ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပြတ်ခြင်းတို့နဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ရေနွေးကိုအတတ်နိုင်ဆုံး နွေးသထက်နွေးအောင် အအေးခံပြီးမှ ခေါင်းလျှော်သင့်ပါတယ်။

2)     ဆံပင်ပုံသွင်းပစ္စည်းများကို အသုံးပြုခြင်း

              ဆံပင်ဖြောင့်စက်၊ ကောက်စက်နဲ့ လေမှုတ်စက် (Hair dryer) အစရှိတဲ့ ဆံကေသာအလှကို ဖန်တီးပေးတဲ့ကိရိယာတွေဟာ ဆံသားပျက်စီးမှုကို ကာကွယ်ပေးတဲ့ပရိုတင်းဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ဆံကေသာကို အပူဒဏ်တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ spray ကို ဆံသားအနံ့ှ လိမ်းပေးပြီးမှ ဆံပင်ပုံသွင်းခြင်းကို ပြုလုပ်သင့်ပါတယ်။

 3)     အာဟာရဓာတ်ချို့တဲ့ခြင်း

                 ဆံကေသာမှာမူလပရိုတင်းဓာတ်ဆိုတာ ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် သင်ကပရိုတင်းဓာတ်ကို ထပ်မံဖြည့်တင်းပေးနိုင်တဲ့ အစာအစာတွေကို အစားနည်းတာပဲဖြစ်စေ၊ လုံးဝမစားသုံးတာပဲ ဖြစ်စေ ပြုလုပ်မယ်ဆိုရင် ဆံသားတွေခြောက်သွေ့ပြီး ဆံပင်ကျွတ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ငါး၊ ကြက်သား၊ ပဲနီကလေးနဲ့ ပဲသီးတောင့် စတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။

 4)       နူးညံ့မှုမရှိတဲ့ တဘက်ကိုအသုံးပြုခြင်း

              ခေါင်းလျှော်နေချိန်မှာဆံပင်ဖြီးခြင်း၊ ဆံပင်ခြောက်အောင် တဘက်နဲ့ အားပြင်းပြင်း သုတ်ခြင်းတို့ဟာ ဆံပင်ကျွတ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းပဲဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီးမှ ဘီးကျဲနဲ့ဖြီးပေးခြင်း၊ နူးညံ့တဲ့တဘက်နဲ့ ညင်သာစွာသုတ်ပြီး ခြောက်သွေ့စေခြင်းဖြင့် ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

 5)     ဆံပင်ကိုတင်းကြပ်စွာစည်းနှောင်ခြင်း

              ဆံပင်စည်းသရေကွင်းလေးတွေနဲ့ တင်းကြပ်စွာစည်းထားခြင်းဟာလည်း ဦးရေပြားကို နာကျင်စေပြီး ဆံပင်ကိုသာမန်ထက် နှစ်ဆပိုကျွတ်စေပါတယ်။ ဒါကြောင့် အလှဆင်သရေကွင်းလေးတွေ ကို လျော့ရဲစွာစည်းခြင်း၊ အိပ်စက်ချိန်မှာ ပိုးသားကဲ့သို့နူးညံ့သောခေါင်းအုံးနဲ့ အိပ်စက်ခြင်း၊ အိပ်ရာမဝင်ခင်မှာ ဆံပင်ကိုဘီးကျဲနဲ့ဖြီးပြီးမှ အိပ်စက်ခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုသက်သာစေနိုင်ပါတယ်။

 6)       သန္ဓေတားဆေးမှီဝဲခြင်း

              သန္ဓေတားဆေးထဲမှာပါဝင်တဲ့ အင်ဒရိုဂျင်ကဆံပင်ကျွတ်စေနိုင်ပါတယ်။ နဂိုက ဆံပင်ပါးတဲ့သူ၊ ဆံပင်အထွေးလိုက် ကျွတ်တတ်သူတွေနဲ့ ဆေးဒဏ်ကိုခံနိုင်ရည်မရှိတဲ့ အမျိုးသမီးတွေမှာအဖြစ်များပါတယ်။ ဒါကြောင့် ဇင့်ဓာတ်နဲ့ ဗီတာမင် A ကြွယ်ဝတဲ့ သစ်သီးဝလံတွေကို စားသုံးပေးခြင်းကြောင့် ဆံပင်ကို သန်စွမ်းစေနိုင်ပြီး ခေါင်းလျှော်ရည်အပျော့စားကို အသုံးပြုခြင်း၊ ဆံပင်ခြောက်အောင် တဘက်ကြမ်းနဲ့ သုတ်ခြင်းကို ရှောင်ကျဉ်ခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုကာကွယ်နိုင်ပါတယ်။

 7)     ဗောက်ထခြင်း

              ဗောက်ထခြင်းကြောင့် ဦးရေပြားယားယံခြင်းကို ဘီးစိပ်နဲ့ဖြီးခြင်း၊ လက်သည်နဲ့ ကုတ်ခြင်းတို့ဖြင့် ယားယံမှုသက်သာအောင်ပြုလုပ်ခြင်းဟာလည်း ဆံပင်ကျွတ်စေတဲ့အကြောင်းရင်းတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဗောက်ပျောက်ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ခြင်း၊ ဒိန်ချဉ်စားသုံးခြင်း၊ ဇင့်(သွပ်)ဓာတ်နဲ့ ဗီတာမင် B ကြွယ်ဝတဲ့ သစ်သီးဝလံတွေကို စားသုံးပေးခြင်းဖြင့် ဆံပင်ဆုံးရှုံးမှုမှကာကွယ်နိုင်ပါတယ်။

 8)       နေရောင်ခြည်နဲ့ ထိတွေ့ခြင်း

              နေရောင်ခြည်ထဲမှာပါတဲ့မမြင်ရတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် ဆံသားတွေညိုမွဲခြောက်သွေ့ပြီး ပျက်စီးစေပါတယ်။ ဒါကြောင့် နေပူထဲကိုထွက်တဲ့အခါ ဦးထုပ်ဆောင်းခြင်း၊ UV ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ သံလွင်ဆီလိမ်းခြင်းဖြင့် ဆံသားပျက်စီးခြင်းမှ ကင်းဝေးစေပါတယ်။

 9)     ကြိမ်ဖန်များစွာခေါင်းလျှော်ခြင်း

                နေ့စဉ် Shampoo သုံးပြီး ခေါင်းလျှော်ပါက ဦးရေပြားနဲ့ဆံပင်မှာရှိတဲ့ သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နှစ်ရက်ခြားတစ်ခါထက်ပိုပြီး ခေါင်းမလျှော်သင့်ပါဘူး။

 10)   ရောဂါဆေးဝါးများမှီဝဲခြင်း

              မိမိရောဂါအတွက် သောက်နေရတဲ့ဆေးဝါးတွေဟာ ဆံပင်ကျွတ်စေနိုင်တယ်ဆိုရင်တော့ မိမိသောက်နေတဲ့ ဆေးအမျိုးအစားနဲ့တူညီတဲ့ ဆေးဝါးထဲကမှဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး မှီဝဲသင့်ပါတယ်။

 11)   ကြာရှည်ခံဆံပင်အလှကုန်ပစ္စည်းတွေ အသုံးပြုခြင်း

              ဆံပင်ကိုပုံစံမပျက်ဘဲ စတိုင်ကျလှပစေနိုင်တဲ့ gel တွေ၊ hairspray တွေဟာလည်း ဆံသားကို ကြမ်းတမ်းစေပြီး ဦးရေပြားကိုခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် စေးကပ်စေတဲ့ ဆံပင်အလှကုန် ပစ္စည်းတွေ အသုံးပြုမယ့်အစား ဆံသားကိုအစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့ ခရင်မ်တွေအသုံးပြုခြင်းက ဆံသားပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

Credit : DrMyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top