iMyanmarHouse.com - Best Property Website for Myanmar
×

သင်ဟာ ဆယ်လ်ဖီ ဓါတ်ပုံတွေ အလွန်အကျွံ ရိုက်လေ့ရှိပါသလား။ ဒါဆိုရင် သင့်ရဲ့  တံဆောင်ဆစ်မှာ ထူးဆန်းတဲ့ နာကျင်မှုတစ်ခုကို ခံစားရမှာသေချာပါတယ်။ အဲဒါဟာ “Selfie Elbow” လို့ခေါ်တဲ့ ဆေးပညာဆိုင်ရာ အခြေအနေတစ်ခု ပဲ ဖြစ်ပါတယ်။

NBC ရုပ်သံလိုင်းရဲ့  “Today” အစီအစဉ်မှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ Hoda Kotb က သူမရဲ့  တံတောင် ဆစ် မှာ နာကျင်မှုတစ်ခုကို ခံစားခဲ့ရတာကြောင့် အရိုးအထူးကု ဆရာဝန် တစ်ဦး နဲ့ သွားရောက် ပြသခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူမ တွေ့ရှိခဲ့တာက ထို ဝေဒနာ ဟာ သူမရဲ့  ဆယ်လ်ဖီ ရိုက်တတ်တဲ့ အလေ့အကျင့် နဲ့ သက်ဆိုင်နေတယ်ဆိုတာပါပဲ။ သင်ဟာ ဆယ်လ်ဖီရိုက်တဲ့ ခလုတ်ကို နှိပ်နိုင်ဖို့အတွက် သင့်ရဲ့  လက်မောင်းကို တည်ငြိမ်အောင် တောင့်တင်းထားခြင်းဟာ တံတောင်ဆစ် ကို ထိခိုက်သွားစေတာပဲ ဖြစ်ပါတယ်။

“ကျွန်မ အရိုးအထူးကု နဲ့ သွားပြတော့ ဆရာဝန်ကပြောတယ် ‘ခင်ဗျား တင်းနစ် (သို့) ပင်ပေါင် ကစားသလား’ လို့မေးပါတယ်။ ဒါပေမယ့် ကျွန်မပြောလိုက်ပါတယ်။ မကစားပါဘူး ၊ ကျွန်မ ဆယ်လ်ဖီပဲ ရိုက်တာပါ လို့ ပြန်ဖြေခဲ့ရပါတယ်” လို့ Elle မဂ္ဂဇင်း နဲ့ အင်တာဗျူးမှာ သူမက ဖြေကြားခဲ့ပါတယ်။ သင် ဆယ်လ်ဖီရိုက်တဲ့အခါမှာ သင့်လက်မောင်းကို မြှောက်ထားပြီး ကွေးကောက်ထားရပါတယ်။ သင်ဟာ ဓါတ်ပုံ ၂၀ ၊ ၃၀ ၊ ၄၀ ခန့်ရိုက်ကူးပြီးတဲ့အခါမှာ သင်ဟာ Selfie Elbow ဆိုတဲ့ ရောဂါကို ခံစားလိုက်ရပါပြီ။ လူတိုင်း ခံစားရနိုင်ပါတယ်။

ဒါပေမယ့် သတင်းကောင်းတစ်ခုက သင်ဟာ အဲဒီ ဝေဒနာ ကို ခံစားလာရပြီဆိုရင် အကိုက်အခဲပျောက် လိမ်းဆေး တစ်ခုခု လိမ်းခြင်း ၊ ရေခဲအုံခြင်း  အစရှိတာတွေနဲ့ ဝေဒနာ ပျောက်ကင်းအောင် ဆောင်ရွက်နိုင်တယ်ဆိုတာပါပဲ။
ဒါဟာ လူတွေကို ဆယ်လ်ဖီ ရိုက်ခြင်းက တဆင့် ဖြစ်ပေါ်လာစေတဲ့ ပထမဆုံး ဘေးထွက်ဆိုးကျိုး မဟုတ်သေးပါဘူး။အရင်တုန်းကလည်း “Selfiecide” လို့ခေါ်တဲ့ အကောင်းဆုံးဆယ်လ်ဖီဖြစ်လာစေဖို့ အန္တရာယ်များတဲ့ နေရာကောင်းကို ရွေးချယ်ရာက အသက် ဆုံးရှုံးခဲ့တဲ့ ဖြစ်စဉ်တွေလည်း များစွာ ရှိခဲ့ဖူးပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top