iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ခ်ိဳ႕ေတြအရမ္းလန္းတယ္ဆိုတာ ဒီလွ်ို႔ဝွက္ခ်က္ေတြကို အသုံးခ်နိဳင္ၾကလို႔ပါ။


၁။ ပခုံးက်ယ္က်ယ္အက်ႌေတြဝတ္တိုင္း အတြင္းေရးမႉးလမ္းထြက္ေလွ်ာက္တာမ်ိဳး မျဖစ္ခ်င္ဘူးဆိုရင္ေတာ့ ႏွိပ္ၾကယ္သီးေလးတစ္လုံးပဲလိုပါတယ္။ ပုံထဲကလို အက်ႌမွာပိတ္စေလးနဲ႕ ႏွိပ္ၾကယ္သီးကိုတပ္ထားလိုက္ရင္ လည္ပင္းဘယ္ေလာက္က်ယ္က်ယ္ စိတ္ခ်လက္ခ်ဝတ္လို႔ရၿပီေပါ့။


၂။ ရင္တစ္ပိုင္းျပတ္ဝတ္စုံေတြ (အထူးသျဖင့္ ညေနခင္းပြဲတက္ဝတ္စုံေတြဟာ) ဘရာစီယာႀကိဳးႀကီးေဖာ္ၿပီးဝတ္ရင္ ဘယ္လိုမွမလွေတာ့ပါဘူး။ အလြယ္ဆုံးနည္းလမ္းကေတာ့ အက်ႌမွာ ကိုယ့္ဆိုဒ္နဲ႕ကြက္တိျဖစ္တဲ့ ဘရာတစ္ထည္ကိုကပ္ခ်ဳပ္လိုက္တာပါပဲ။


၃။ အမ်ိဳးသမီးေတြဝတ္တဲ့ စြပ္က်ယ္ဆိုတာမ်ိဳးက အမ်ိဳးသားေတြလိုမဟုတ္ဘဲ ေက်ာျပင္ကို ခပ္က်ယ္က်ယ္ဝိုက္ေဖာက္ထားတာပါ။ ဒီေတာ့ ႀကိဳးသိုင္းဘရာမ်ိဳးေတြနဲ႕မွအဆင္ေျပပါလိမ့္မယ္။ ႀကိဳးသိုင္းဘရာမရွိဘူးဆိုရင္လည္း စကၠဴညွပ္ကလစ္ေလးကို ပုံထဲကလို သုံးလို႔ရပါတယ္။


၄။ အရမ္းႀကိဳက္တဲ့ ဂ်င္းေဘာင္းဘီေလးက ဒူးေနရာေတြမွာ ပြန္းရာကေနၿပဲသထက္ၿပဲလာၿပီဆိုရင္ ခ်ည္ထည္ျဖတ္စေလးေတြနဲ႕ ဖာေထးခ်ဳပ္လိုက္ပါ။ အပြင့္ေလးေတြျဖစ္ရင္ပိုေကာင္းပါတယ္။ အက်ႌခ်ဳပ္ဆိုင္က ျဖတ္စေလးေတြေတာင္းၿပီး ခုလိုခ်ဳပ္ဝတ္လိုက္ေတာ့ ပိုလို႔ေတာင္ လူငယ္ဆန္သြားပါလိမ့္မယ္။


၅။ ဂ်င္းေဘာင္းဘီဝတ္ေတာ့မယ္ဆိုမွ ဇစ္ကမေကာင္းဘူးျဖစ္ေနရင္ စိတ္မညစ္ပါနဲ႕။ ေခါင္းစည္းသားေရကြင္းေလးတစ္ကြင္းရွိရင္ ရပါၿပီ။ ဇစ္ထိပ္ကအေပါက္ေလးထဲကို သားေရကြင္းကိုထည့္၊ ပုံထဲကလို ကြင္းေလွ်ာေလးလုပ္ၿပီး ၾကယ္သီးေအာက္မွာထားလိုက္ရင္ ကိုယ့္ေဘာင္းဘီဇစ္ပ်က္ေနတာ ကိုယ္မွမေျပာရင္ ဘယ္သူမွမသိနိုင္ေတာ့ပါဘူး။


၆။ အစင္းေတြကို ဝတ္မယ္ဆိုရင္ ကိုယ့္ရဲ႕ခႏၶာကိုယ္ေပၚမူတည္ၿပီးမွ ဝတ္ရမွာပါ။ ေဒါင္လိုက္အစင္းေတြက ခႏၶာကိုယ္ကို ပိန္သြယ္သေယာင္ျဖစ္သြားေစလို႔ ပိန္တဲ့လူေတြက ေဒါင္လိုက္စင္းမဝတ္သင့္ပါဘူး။ ကန႔္လန႔္စင္းေတြကေတာ့ ခႏၶာကိုယ္ကို ပိုၿပီးျပည့္သေယာင္ ျဖစ္ေစလို႔ ေလဒီအကိတ္ေတြအတြက္ေတာ့ ကန႔္လန႔္စင္းဟာ သတိထားရမယ့္ဖက္ရွင္တစ္ခုျဖစ္ပါတယ္။ တစ္ဖက္ကၾကည့္ရင္လည္း ပိန္တဲ့လူ ျပည့္သေယာင္ျဖစ္ခ်င္ရင္ ကန႔္လန႔္စင္းဝတ္ၿပီး၊ ျပည့္တဲ့လူ သြယ္ခ်င္ရင္ ေဒါင္လိုက္စင္းဝတ္႐ုံေပါ့။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

တစ်ချို့တွေအရမ်းလန်းတယ်ဆိုတာ ဒီလျှို့ဝှက်ချက်တွေကို အသုံးချနိုင်ကြလို့ပါ။

၁။ ပခုံးကျယ်ကျယ်အကျႌတွေဝတ်တိုင်း အတွင်းရေးမှူးလမ်းထွက်လျှောက်တာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ နှိပ်ကြယ်သီးလေးတစ်လုံးပဲလိုပါတယ်။ ပုံထဲကလို အကျႌမှာပိတ်စလေးနဲ့ နှိပ်ကြယ်သီးကိုတပ်ထားလိုက်ရင် လည်ပင်းဘယ်လောက်ကျယ်ကျယ် စိတ်ချလက်ချဝတ်လို့ရပြီပေါ့။

၂။ ရင်တစ်ပိုင်းပြတ်ဝတ်စုံတွေ (အထူးသဖြင့် ညနေခင်းပွဲတက်ဝတ်စုံတွေဟာ) ဘရာစီယာကြိုးကြီးဖော်ပြီးဝတ်ရင် ဘယ်လိုမှမလှတော့ပါဘူး။ အလွယ်ဆုံးနည်းလမ်းကတော့ အကျႌမှာ ကိုယ့်ဆိုဒ်နဲ့ကွက်တိဖြစ်တဲ့ ဘရာတစ်ထည်ကိုကပ်ချုပ်လိုက်တာပါပဲ။

၃။ အမျိုးသမီးတွေဝတ်တဲ့ စွပ်ကျယ်ဆိုတာမျိုးက အမျိုးသားတွေလိုမဟုတ်ဘဲ ကျောပြင်ကို ခပ်ကျယ်ကျယ်ဝိုက်ဖောက်ထားတာပါ။ ဒီတော့ ကြိုးသိုင်းဘရာမျိုးတွေနဲ့မှအဆင်ပြေပါလိမ့်မယ်။ ကြိုးသိုင်းဘရာမရှိဘူးဆိုရင်လည်း စက္ကူညှပ်ကလစ်လေးကို ပုံထဲကလို သုံးလို့ရပါတယ်။

၄။ အရမ်းကြိုက်တဲ့ ဂျင်းဘောင်းဘီလေးက ဒူးနေရာတွေမှာ ပွန်းရာကနေပြဲသထက်ပြဲလာပြီဆိုရင် ချည်ထည်ဖြတ်စလေးတွေနဲ့ ဖာထေးချုပ်လိုက်ပါ။ အပွင့်လေးတွေဖြစ်ရင်ပိုကောင်းပါတယ်။ အကျႌချုပ်ဆိုင်က ဖြတ်စလေးတွေတောင်းပြီး ခုလိုချုပ်ဝတ်လိုက်တော့ ပိုလို့တောင် လူငယ်ဆန်သွားပါလိမ့်မယ်။

၅။ ဂျင်းဘောင်းဘီဝတ်တော့မယ်ဆိုမှ ဇစ်ကမကောင်းဘူးဖြစ်နေရင် စိတ်မညစ်ပါနဲ့။ ခေါင်းစည်းသားရေကွင်းလေးတစ်ကွင်းရှိရင် ရပါပြီ။ ဇစ်ထိပ်ကအပေါက်လေးထဲကို သားရေကွင်းကိုထည့်၊ ပုံထဲကလို ကွင်းလျှောလေးလုပ်ပြီး ကြယ်သီးအောက်မှာထားလိုက်ရင် ကိုယ့်ဘောင်းဘီဇစ်ပျက်နေတာ ကိုယ်မှမပြောရင် ဘယ်သူမှမသိနိုင်တော့ပါဘူး။

၆။ အစင်းတွေကို ဝတ်မယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မူတည်ပြီးမှ ဝတ်ရမှာပါ။ ဒေါင်လိုက်အစင်းတွေက ခန္ဓာကိုယ်ကို ပိန်သွယ်သယောင်ဖြစ်သွားစေလို့ ပိန်တဲ့လူတွေက ဒေါင်လိုက်စင်းမဝတ်သင့်ပါဘူး။ ကန့်လန့်စင်းတွေကတော့ ခန္ဓာကိုယ်ကို ပိုပြီးပြည့်သယောင် ဖြစ်စေလို့ လေဒီအကိတ်တွေအတွက်တော့ ကန့်လန့်စင်းဟာ သတိထားရမယ့်ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ တစ်ဖက်ကကြည့်ရင်လည်း ပိန်တဲ့လူ ပြည့်သယောင်ဖြစ်ချင်ရင် ကန့်လန့်စင်းဝတ်ပြီး၊ ပြည့်တဲ့လူ သွယ်ချင်ရင် ဒေါင်လိုက်စင်းဝတ်ရုံပေါ့။

Credit : Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top