iMyanmarHouse.com - Best Property Website for Myanmar
×

 ခေါင်းကဆံပင်ကို ကိုင်ပြီး နုတ်နေတာ၊ ချိုးနေတာမျိုးကလည်း သင့်မျက်နှာအလှကို ပျက်စေပါတယ်။


 ၁ - မျက်နှာကို ကိုင်တယ်

မျက်နှာကို ခဏခဏ ကိုင်တဲ့ အကျင့်ရှိတာ မကောင်းပါဘူး။ လက်မှာရှိတဲ့ အညစ်အကြေးတွေဟာ မျက်နှာကို ပျံ့နှံ့သွားပါတယ်။

၂ - နှုတ်ခမ်းကို လျှာနဲ့သပ်တယ်

နှုတ်ခမ်းခြောက်တယ်ဆိုရင် နှုတ်ခမ်းနီဆိုးဆေး အကြည်မျိုး ဆိုးထားသင့်ပါတယ်။ နှုတ်ခမ်းကို ခဏခဏ သပ်တာဟာ ရုပ်ဆိုးတဲ့ အကျင့်ပဲ ဖြစ်ပါတယ်။

၃ - မျက်လုံးကို ပွတ်တယ်

မျက်လုံးတစ်ဝိုက်က အရေပြားဟာ ပါးလွှာပါတယ်။ မျက်လုံးကို ပွတ်တာမျိုးလည်း မလုပ်သင့်ပါဘူး။

၎ - ဝက်ခြံ ညှစ်တယ်

ဝက်ခြံကို ညှစ်လိုက်ရင် ပြန့်သွားပါတယ်။ ပျောက်သွားတဲ့အခါ ပုံမှန်ထက် အနာရွတ်ကြီးကြီးမားမား ကျန်ခဲ့ပါတယ်။ မျက်နှာကို အဆိုးဆုံးဒုက္ခပေးတဲ့ အကျင့်ဖြစ်ပါတယ်။

၅ - ဆံပင်နှုတ်ခြင်း၊ ချိုးခြင်း

ခေါင်းကဆံပင်ကို ကိုင်ပြီး နုတ်နေတာ၊ ချိုးနေတာမျိုးကလည်း သင့်မျက်နှာအလှကို ပျက်စေပါတယ်။ ဆံပင်ကို စုစည်းထားပါ။

Credit:Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top