iMyanmarHouse.com - Best Property Website for Myanmar
×

တစ်ကိုယ်လုံးမှာ အမျိုးသားတွေရော အမျိုးသမီးတွေပါ အမြဲတမ်း သတိထားမိတဲ့ အရာ ရှိပါတယ်။ အဲဒါဟာ ၀မ်းဗိုက်အဆီ ဖြစ်ပါတယ်။ ၀မ်းဗိုက်အဆီတွေ ထွက်လာရင် လူက ကြည့်ရဆိုးရုံတင်မကပဲ အ၀တ်အစားက အစ ကျပ်လာပါတယ်။

လူတွေဟာ အစာစားတဲ့နေရာမှာ အလွယ်တကူ စားလိုက်ပေမယ့် လေ့ကျင့်ခန်းလုပ်ရမှာတော့ အရမ်း ကြောက်ကြပါတယ်။ ဒီလို အဆီချရမှာ ပျင်းတဲ့လူတွေအတွက် လေ့ကျင့်ခန်းမလုပ်ပဲ အလွယ်တကူ အဆီချလို့ ရမယ့် နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

ပထမဆုံးအနေနဲ့ ဆားကို လျှော့စားရပါမယ်။ ဆားဓာတ်ဟာ ကျန်းမာတဲ့ နှလုံး နဲ့ ဦးနှောက်အတွက် လိုအပ်တဲ့ သတ္တုဓာတ် ဖြစ်ပါတယ်။ ဒါပေမယ့် ဆားကို အလွန်အကျွံ စားသုံးခြင်းဟာ ကိုယ်ခန္ဓာတွင်း ရေဓာတ်တွေ များပြီး ဗိုက်ကို ရေပူဖောင်းလို ဖောင်းပွလာစေပါတယ်။ ဒါကြောင့် အဆီကျဖို့အတွက် ဆားဓာတ်ကို အရင် လျှော့ချဖို့ လိုပါတယ်။

နောက်တစ်နည်းကတော့ ပီကေ၀ါးတာကို ရှောင်ကျဉ်ရပါမယ်။ အများစုကတော့ ဗိုက်မဆာပဲ အစာစားမိမှာ စိုးရိမ်တာကြောင့် ပီကေ၀ါးကြပေမယ့် ဒီလို ပီကေ၀ါးတာက သင့်ကို မကောင်းတဲ့ သက်ရောက်မှု ပေးနိုင်ပါတယ်။ ဒါကတော့ ၀မ်းဗိုက်မှာ ဖောင်းပွလာတာ ဖြစ်ပါတယ်။ လူတိုင်း ပီကေ၀ါးတဲ့အခါ သဘာဝအတိုင်း လေကို ရှုသွင်းကြပါတယ်။ ဒါပေမယ့် အစာအိမ်ထဲမှာ ဂက်စ် နဲ့ ဖောင်းပွမှုတွေ ဖြစ်သွားတာကို မသိကြပါဘူး။ ဒါ့အပြင် ပီကေမှာ ပါဝင်တဲ့ အချိုဓာတ်ဟာ သရေစာတွေကို စားချင်စိတ်ဖြစ်အောင် ပြုလုပ်ပေးပါတယ်။ သင့်ရဲ့ ခါးနေရာကို ၂ လက်မလောက် ရှေ့မတိုးစေချင်ရင်တော့ ပီကေ၀ါးတာကို ဖြတ်သင့်ပါတယ်။

ဘီယာဗိုက်လို့ ခေါ်တယ်ဆိုတာ အကြောင်းရှိလို့ ခေါ်တာ ဖြစ်ပါတယ်။ ဘီယာမှာ ပါဝင်တဲ့ အမြှုပ်တွေဟာ ၀မ်းဗိုက်ကို ဖောင်းပွစေတဲ့ အဓိကအချက် ဖြစ်ပါတယ်။ ဘီယာ ၃ ၊ ၄ ခွက် သောက်ပြီး မှန်ထဲမှာ သင့်ဗိုက်ကို ကြည့်လိုက်ရင် သတိထားမိမှာပါ။ ဒါပေမယ့် carbonation တစ်ခုထဲကြောင့် ဗိုက်အဆီထွက်လာတာ မဟုတ်ပါဘူး။ အရက်သောက်လိုက်ခြင်းဖြင့် အစာအိမ်ထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားလာပါတယ်။ အဲဒီကတဆင့် gas တွေ ထွက်လာပြီး ကယ်လိုရီတွေက ၀မ်းဗိုက်ကို ရောက်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် အဆီကျချင်ရင် အရက်သေစာကို လျှော့သောက်တာ ဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

အချိုတွေကို တတ်နိုင်သမျှ လျှော့စားသင့်ပါတယ်။ အချိုပွဲဟာ အရသာရှိတာ မှန်ပေမယ့် ရေရှည်မှာ အစာအိမ်အတွက် မကောင်းပါဘူး။ ကျန်းမာရေးအရရော ၊ အလှအပအတွက်ပါ လျှော့ပြီး စားသုံးသင့်ပါတယ်။ သကြားဓာတ်တွေ များလာရင် ကိုယ်ခန္ဓာတွင်း အင်ဆူလင်ရဲ့ ထိန်းချုပ်နိုင်မှုဟာ လျော့ကျသွားပြီး ခါးနေရာမှာ အဆီတွေ သွားပြီး သိုလှောင်ပါတယ်။ ရေရှည်ဆိုရင် ဆီးချိုရောဂါပါ ဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ကို ချပ်ရပ်ချင်ရင် သကြားဓာတ်ကို လျှော့စားဖို့ လိုပါတယ်။

ညတိုင်း မိနစ် ၃၀ ခန့် အိပ်ရေးပျက်တာကလည်း သင့်ကို ကိုယ်အလေးချိန်တက်စေပါတယ်။ အဆိုးဆုံးက ၀မ်းဗိုက်နေရာကို အဆီသွားစုတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိ အိပ်တဲ့အချိန် နဲ့ ထတဲ့အချိန်ကို ပုံမှန် သတ်မှတ်ထားသင့်ပါတယ်။
ဗိုက်ချပ်တာကို လိုချင်ရင် သင်သောက်သုံးနေတဲ့ ဖျော်ရည်ကို ပြန်လည် ကြည့်ပြီး သောက်သင့်ပါတယ်။

နွားနို့ နဲ့ ဆိုဒါဟာ ၀မ်းဗိုက်ကို ဖောင်းပွစေတဲ့ အရည်တွေ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၆၅ ရာခိုင်နှုန်းခန့်ဟာ မွေးကင်းစ အရွယ်ပြီးတည်းက lactose ကို ခြေဖျက်နိုင်စွမ်း လျော့နည်းသွားပါတယ်။ ဒါကြောင့် ညဘက် နို့တစ်ခွက် သောက်ပြီး အိပ်လိုက်ရင် မနက်နိုးတဲ့အခါ ဗိုက်က တင်းနေတာကို တွေ့ရမှာပါ။ ဆိုဒါမှာ regular နဲ့ diet ဆိုပြီး နှစ်မျိုးထွက်ပေမယ့် နှစ်မျိုးလုံးမှာ ပါဝင်တဲ့ သကြားဓာတ် နဲ့ carbonation တို့ကြောင့် ဗိုက်မှာ အဆီတွေ စုလာနိုင်ပါတယ်။

ကိုယ်နေဟန်ထားကို မတ်မတ်နေတာဟာလည်း သင့်ရဲ့ ၀မ်းဗိုက်ကြွက်သားကို တောင့်တင်းစေပါတယ်။ ပျင်းရိပျင်းတွဲနဲ့ မတ်တပ်ရပ်တာ ၊ ထိုင်တာတွေဟာ ၀မ်းဗိုက်အဆီတွေ ထွက်လာရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။
အခုဖော်ပြခဲ့တာတွေက နည်းလမ်းလို့ ဆိုပေမယ့် ခက်ခက်ခဲခဲကြီး မဟုတ်ပဲ သင် နေ့စဉ် ပြုလုပ်နေကြအရာတွေကိုပဲ ပြောင်းလဲပြုပြင်ပေးရုံပါပဲ။ အခုကစပြီး ပုံမမှန်တဲ့ ဘ၀နေထိုင်မှုပုံစံကို ပြောင်းလဲပြီး မလိုလားအပ်တဲ့ ၀မ်းဗိုက်အဆီတွေကို ရှင်းထုတ်လိုက်ရအောင်ပါ။

Credit: YangonLife
 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top