iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၁ ခုႏွစ္ေက်ာ္ကတည္းက အႏုပညာေလာကထဲကိုေရာက္ရွိလာသလို အႏုပညာသက္တမ္း ၄ ႏွစ္နီးပါးရွိလာၿပီျဖစ္တဲ့ ျမတ္သူေက်ာ္က လာမဲ့ ၂လပိုင္းဆုိ MRTV 4 နဲ႕စာခ်ဳပ္ခ်ဳပ္ဆိုထားတာ ငါးႏွစ္ျပည့္သြားၿပီျဖစ္တယ္လို႕သိရပါတယ္။ လက္ရွိမွာ ဇာတ္လမ္းတြဲသံုးခု၊ ဗီဒီယိုသံုးကားရုိက္ကူးၿပီးထားသလို ကားၾကီးတစ္ကားကိုလဲ ၈လပိုင္းမွာစတင္ရုိက္ကူးမယ္လို႕သိရသလို ၈၈ ေခတ္ကအေၾကာင္းကို ျပန္လည္ရုိက္ကူးမဲ့ဇာတ္ကားၾကီးတစ္ကားျဖစ္သလို မရုိက္တာၾကာၿပီျဖစ္တဲ့ အကယ္ဒမီမယ္လုိဒီနဲ႕စတင္ရုိက္ကူးရမဲ့ ကားျဖစ္တဲ့အတြက္အဆိုပါကားၾကီးနဲ႕ပတ္သက္ၿပီးသူ႕ရဲ႕စိတ္လႈပ္ရွားမႈမ်ားကိုေမးျမန္းၾကည့္တဲ့အခါ

-အခုလက္ရွိ အႏုပညာလႈပ္ရွားမႈ အေနနဲ႕ ဘာေတြလုပ္ျဖစ္ေနလဲ။

မနက္ျဖန္ ေသာင္းတုိက္ကၾကားေစသားဆိုတဲ့ ကၽြန္ေတာ့္ရဲ႕ ပထမဆံုးရုပ္ရွင္ကားၾကီးစရုိက္မယ္။ ဒါရုိက္တာက ဦးထြန္းေအာင္ေဇာ္၊ မယ္လုိဒီ၊ ျမင့္ျမတ္ တို႕ပါ။ ဗီဒီယိုအေနနဲ႕က သံုးကားရုိက္ၿပီးသြားပါၿပီ။ တစ္ကားမွေတာ့ မျဖန္႕ရေသးပါဘူး။ ရုိက္ထားတုန္းပဲရွိပါေသးတယ္။ ဗီဒီယိုကုိ လာဗင္ဒါထုတ္လုပ္ေရးနဲ႕ရုိက္ျဖစ္တယ္။ ကားၾကီးစရုိက္မွာက ပန္းသခင္ထုတ္လုပ္ေရးနဲ႕ေပါ့။ ဇာတ္လမ္းတြဲကေတာ့ သံုးတြဲရုိက္ၿပီးသြားပါၿပီ။ The Sign Of Love ရုိက္တယ္။ ပန္းႏုေသြးရုိက္တယ္။ ေနာက္လူရည္ခၽြန္ရုိက္တယ္။ စီးရီးသံုးခုေပါ့။ ရုိက္ထားပါတယ္။

-လူရည္ခၽြန္ဇာတ္လမ္းတြဲကိုလဲ ပရိသတ္ေတာ္ေတာ္မ်ားမ်ားအၾကိဳက္ေတြ႕ၾကတယ္ေနာ္။

အဲ့ဒီဇာတ္ထဲက ကာရုိက္တာကိုၾကိဳက္လဲၾကိဳက္တယ္။ သေဘာလဲက်တယ္။ ကၽြန္ေတာ္တို႕ၾကိဳက္ၿပီး သေဘာက်သလို ပရိသတ္ေတြကလဲ အားေပးၾကတဲ့အတြက္ေက်နပ္တယ္။ ကၽြန္ေတာ္တို႕အဲ့ဒီဇာတ္လမ္းတြဲကို အဲ့ဒီေလာက္ၾကီးမေမွ်ာ္မွန္းထားဘူး။ ဘာလို႕လဲဆိုေတာ့ ဗမာေတြအၾကိဳက္ေပမဲ့ နည္းနည္းေလး ေဟာင္းတယ္။ ေက်ာင္းဆရာဇာတ္ျဖစ္သလုိ ေအးကလဲ ေအးေတာ့ ပရိသတ္ကပ်င္းသြားမလားဆိုတဲ့စိတ္နဲ႕စိုးရိမ္မိတယ္။ ဒါေပမဲ့ ဒါရုိက္တာကလဲ ရသစံုေအာင္ဖန္တီးထားတဲ့အတြက္ပရိသတ္ကလဲသေဘာက်သြားတယ္။ သူတို႕ရင္ထဲမွာစြဲတဲ့ေလာက္ထိျဖစ္သြားတယ္။ အဲ့ဒီတြက္ေတာ္ေတာ္ေက်နပ္ပါတယ္။ ေနာက္ကင္မရာမန္းေတြကအစ သူတို႕ရုိက္ထားတဲ့ကားေလးေအာင္ျမင္တဲ့အတြက္ ခဏခဏစကားေျပာျဖစ္ၾကတယ္။ ၀မ္းသာပီတိလဲျဖစ္ရပါတယ္။

-ထပ္ရုိက္ဖုိ႕ေျပာထားတဲ့ ဇာတ္လမ္းတြဲေတြေရာရွိဦးမလား။

မခုိင္ေလးနဲ႕ထပ္ရုိက္ဖို႕ေျပာထားတာရွိတယ္။ ဒါေပမဲ့သူကအရင္ကကၽြန္ေတာ္တို႕ရုိက္တဲ့ စီးရီးအရွည္ၾကီးမဟုတ္ေတာ့ဘူး။ မီနီစီးရီးေလာက္ပဲေပါ့။ အဲ့ဒါကလဲ MRTV 4 နဲ႕ပါပဲ။ အဲ့ဒီဇာတ္လမ္းတြဲကို ကုိးလပိုင္းအကုန္၊ ဆယ္လပိုင္းအစေလာက္မွာရုိက္ျဖစ္ပါလိမ့္မယ္။

-အခုေနာက္ပုိင္းက ဗီဒီယိုေစ်းကြက္သိပ္မေကာင္းေတာ့တဲ့အတြက္ ကားၾကီးေတြပဲ ေတာ္ေတာ္မ်ားမ်ားက ရုိက္လာၾကတယ္။ ဒီအခ်ိန္မွာ ဗီဒီယိုကုိစရိုက္ရတဲ့ မင္းသားတစ္လက္အေနနဲ႕ဘယ္လုိျမင္မိလဲ။

အားလံုးသိၾကတဲ့အတိုင္း ေစ်းကြက္ကေတာ့ သိပ္မေကာင္းဘူး။ ဒါေပမဲ့ ကၽြန္ေတာ္လဲသိပ္နားမလည္ဘူး။ ကုိယ္ကုိတိုင္ကလဲ သရုပ္ေဆာင္တစ္ေယာက္ဆုိေတာ့ ေစ်းကြက္ထက္ ကုိယ္လုပ္ရမဲ့ကာရုိက္တာကုိပဲ အေကာင္းဆံုးၾကိဳးစားမယ္။ ဒါေပမဲ့ နယ္မွာလဲ ဗီဒီယိုကုိေစာင့္ေမွ်ာ္အားေပးေနၾကတဲ့ ပရိသတ္ေတြရွိေနတုန္းပဲလို႕သိရတယ္။ အဲ့ဒီအတြက္ကၽြန္ေတာ္ဆက္လုပ္သြားမွာပါ။ စီးရီးေရာ၊ ကားၾကီးေရာ၊ ဗီဒီယိုပုိင္းကို မွ်ေအာင္ၾကိဳးစားသြားပါမယ္။

-စီးရီးနဲ႕ဗီဒီယိုႏွစ္ခုအေပၚ အစ္ကုိ႕ရဲ႕ အျမင္နဲ႕ကြာျခားခ်က္ကို ႏႈိင္းယွဥ္ျပေပးပါလား။

ကြာျခားမႈကေတာ့ရွိတယ္။ ဗီဒီယိုက အမ်ားဆံုး mood ထည့္ရ ဆယ္ရက္ပဲ။ စီးရီးက်ေတာ့ အရမ္းရွည္လြန္းအားၾကီးတယ္။ အျမဲတမ္းမေမ့သြားေအာင္၊ အခ်ိတ္အဆက္မိေနေအာင္အျမဲတမ္းဖတ္ေနရတယ္။ အျမဲတမ္းကာရိုက္တာတစ္ခုကိုေမြးေနရတယ္။

-ေသာင္းတုိက္ကၾကားေစသားကားၾကီးနဲ႕ပတ္သက္ၿပီး ေရာဘယ္လုိစိတ္လႈပ္ရွားေနလဲ။

ကၽြန္ေတာ့္ရဲ႕ ပထမဆံုးကားၾကီးလဲျဖစ္တယ္။ ဇာတ္လမ္းကိုေသခ်ာေလးဖတ္ထားတယ္။ ၈၈ေခတ္ဆိုေတာ့ အ၀တ္အစားကအစ ေသခ်ာေလးျပင္ဆင္တယ္။ အရမ္းအခက္အခဲေတာ့မရွိပါဘူး။ ရန္ကုန္မွာ ရုိက္ရမွာ နည္းတယ္။ မႏၱေလး ၊  ျပင္ဦးလြင္ဖက္မွာသြားရုိက္မွာပါ။ ၈၈မွာျဖစ္ပ်က္ခဲ့တဲ့ ဆရာ၀န္နဲ႕ရြာသူဇာတ္လမ္းေလးပါ။ ကိုျမင့္ျမတ္တို႕လဲပါတဲ့အတြက္ထူးျခားမႈလဲရွိတယ္။ မရုိက္တာၾကာၿပီျဖစ္တဲ့ မယ္လုိဒီ၊ မမ်ိဳးလဲပါမယ္။ ဒါရုိက္တာကလဲ ဦးထြန္းေအာင္ေဇာ္ဆိုေတာ့ အားလံုးစိတ္၀င္စားၾကမယ္လို႕လဲထင္ပါတယ္။

-မယ္လုိဒီကမရုိက္တာလဲၾကာၿပီဆုိေတာ့ သူနဲ႕တြဲရုိက္ရမဲ့အေပၚ စိတ္ခံစားခ်က္ကေရာ ဘယ္လုိရွိလဲ။

ခံစားခ်က္ကေတာ့ ေကာင္းပါတယ္။ သူျပန္ရုိက္မယ္ဆုိတာကေကာင္းတယ္။ ၿပီးေတာ့စရုိက္မဲ့ကားကလဲ ကၽြန္ေတာ့္ရဲ႕ပထမဆံုးရုပ္ရွင္ကားၾကီးျဖစ္ေနတာေၾကာင့္ရယ္ဆုိေတာ့ အမွတ္တရျဖစ္တယ္။ ၿပီးေတာ့သူကုိယ္တိုင္ကလဲ အကယ္ဒမီမင္းသမီးတစ္လက္ျဖစ္တဲ့အတြက္အုိက္တင္ပုိင္းနဲ႕ပတ္သက္ၿပီးေတာ့ ကၽြန္ေတာ့ဖက္ကအစြမ္းကုန္ၾကိဳးစားရမွာေပါ့။ ေပ်ာ္ပါတယ္။ သူနဲ႕လဲအဆံုခန္းေတြလဲပါပါလိမ့္မယ္။

-လက္ရွိအခ်စ္ေရးကေရာ ဘယ္လိုရွိလဲ။

ေအးေဆးပါပဲ။ ကၽြန္ေတာ္ဒီအလုပ္ကိုလုပ္ေနတယ္။ အႏုပညာဖန္တီးေနတယ္။ အလုပ္လုပ္ရတာနဲ႕အ၀တ္အစားရွာရတာနဲ႕ရႈပ္ေနတဲ့အတြက္ သမီးရည္းစားဖက္ကုိ အခ်ိန္မေပးႏုိင္ေသးပါဘူး။ ေအးေအးေဆးေဆးျဖစ္မွပဲ ခ်စ္သူရွာပါေတာ့မယ္။ ေလာေလာဆယ္မွာေတာ့ ပရိသတ္ကိုခ်ျပဖုိ႕အတြက္ဘယ္လိုဇာတ္လမ္းေကာင္းေကာင္းေတြရုိက္မလဲ။ ကၽြန္ေတာ့္မွာရွိတဲ့အစြမ္းအစေလးနဲ႕ဇာတ္လမ္းေကာင္းေတြခ်ျပဖို႕အတြက္ပဲေခါင္းထဲမွာရွိပါတယ္။

-အစ္ကို႕ကုိ အားေပးေနတဲ့ ပရိသတ္ၾကီးကိုေရာ ဆက္လုပ္သြားမဲ့ အႏုပညာလႈပ္ရွားမႈေတြနဲ႕ပတ္သက္ၿပီး ဘယ္လိုမ်ိဳးေလးေျပာျပခ်င္ေသးလဲ။

ကၽြန္ေတာ္အႏုပညာနဲ႕ပတ္သက္ၿပီး အမ်ားၾကီးဖန္တီးသြားဖို႕ရွိပါတယ္။ ဗီဒီယိုကားေတြအမ်ားၾကီးဆက္ရုိက္ဖို႕လဲလ်ာထားပါတယ္။ ကၽြန္ေတာ့္ကိုဆက္ၿပီးအားေပးပါဦးလုိ႕ေ၀ဖန္ေပးပါ။ အၾကံျပဳေပးပါ။ ကုိယ့္ရဲ႕ ညီအစ္ကိုေမာင္ႏွမလိုသေဘာထားၿပီးေ၀ဖန္ပါ။ အၾကံျပဳပါလို႕ေျပာခ်င္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

၂၀၁၁ ခုနှစ်ကျော်ကတည်းက အနုပညာလောကထဲကိုရောက်ရှိလာသလို အနုပညာသက်တမ်း ၄ နှစ်နီးပါးရှိလာပြီဖြစ်တဲ့ မြတ်သူကျော်က လာမဲ့ ၂လပိုင်းဆို MRTV 4 နဲ့စာချုပ်ချုပ်ဆိုထားတာ ငါးနှစ်ပြည့်သွားပြီဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ ဇာတ်လမ်းတွဲသုံးခု၊ ဗီဒီယိုသုံးကားရိုက်ကူးပြီးထားသလို ကားကြီးတစ်ကားကိုလဲ ၈လပိုင်းမှာစတင်ရိုက်ကူးမယ်လို့သိရသလို ၈၈ ခေတ်ကအကြောင်းကို ပြန်လည်ရိုက်ကူးမဲ့ဇာတ်ကားကြီးတစ်ကားဖြစ်သလို မရိုက်တာကြာပြီဖြစ်တဲ့ အကယ်ဒမီမယ်လိုဒီနဲ့စတင်ရိုက်ကူးရမဲ့ ကားဖြစ်တဲ့အတွက်အဆိုပါကားကြီးနဲ့ပတ်သက်ပြီးသူ့ရဲ့စိတ်လှုပ်ရှားမှုများကိုမေးမြန်းကြည့်တဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

မနက်ဖြန် သောင်းတိုက်ကကြားစေသားဆိုတဲ့ ကျွန်တော့်ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးစရိုက်မယ်။ ဒါရိုက်တာက ဦးထွန်းအောင်ဇော်၊ မယ်လိုဒီ၊ မြင့်မြတ် တို့ပါ။ ဗီဒီယိုအနေနဲ့က သုံးကားရိုက်ပြီးသွားပါပြီ။ တစ်ကားမှတော့ မဖြန့်ရသေးပါဘူး။ ရိုက်ထားတုန်းပဲရှိပါသေးတယ်။ ဗီဒီယိုကို လာဗင်ဒါထုတ်လုပ်ရေးနဲ့ရိုက်ဖြစ်တယ်။ ကားကြီးစရိုက်မှာက ပန်းသခင်ထုတ်လုပ်ရေးနဲ့ပေါ့။ ဇာတ်လမ်းတွဲကတော့ သုံးတွဲရိုက်ပြီးသွားပါပြီ။ The Sign Of Love ရိုက်တယ်။ ပန်းနုသွေးရိုက်တယ်။ နောက်လူရည်ချွန်ရိုက်တယ်။ စီးရီးသုံးခုပေါ့။ ရိုက်ထားပါတယ်။

-လူရည်ချွန်ဇာတ်လမ်းတွဲကိုလဲ ပရိသတ်တော်တော်များများအကြိုက်တွေ့ကြတယ်နော်။

အဲ့ဒီဇာတ်ထဲက ကာရိုက်တာကိုကြိုက်လဲကြိုက်တယ်။ သဘောလဲကျတယ်။ ကျွန်တော်တို့ကြိုက်ပြီး သဘောကျသလို ပရိသတ်တွေကလဲ အားပေးကြတဲ့အတွက်ကျေနပ်တယ်။ ကျွန်တော်တို့အဲ့ဒီဇာတ်လမ်းတွဲကို အဲ့ဒီလောက်ကြီးမမျှော်မှန်းထားဘူး။ ဘာလို့လဲဆိုတော့ ဗမာတွေအကြိုက်ပေမဲ့ နည်းနည်းလေး ဟောင်းတယ်။ ကျောင်းဆရာဇာတ်ဖြစ်သလို အေးကလဲ အေးတော့ ပရိသတ်ကပျင်းသွားမလားဆိုတဲ့စိတ်နဲ့စိုးရိမ်မိတယ်။ ဒါပေမဲ့ ဒါရိုက်တာကလဲ ရသစုံအောင်ဖန်တီးထားတဲ့အတွက်ပရိသတ်ကလဲသဘောကျသွားတယ်။ သူတို့ရင်ထဲမှာစွဲတဲ့လောက်ထိဖြစ်သွားတယ်။ အဲ့ဒီတွက်တော်တော်ကျေနပ်ပါတယ်။ နောက်ကင်မရာမန်းတွေကအစ သူတို့ရိုက်ထားတဲ့ကားလေးအောင်မြင်တဲ့အတွက် ခဏခဏစကားပြောဖြစ်ကြတယ်။ ဝမ်းသာပီတိလဲဖြစ်ရပါတယ်။

-ထပ်ရိုက်ဖို့ပြောထားတဲ့ ဇာတ်လမ်းတွဲတွေရောရှိဦးမလား။

မခိုင်လေးနဲ့ထပ်ရိုက်ဖို့ပြောထားတာရှိတယ်။ ဒါပေမဲ့သူကအရင်ကကျွန်တော်တို့ရိုက်တဲ့ စီးရီးအရှည်ကြီးမဟုတ်တော့ဘူး။ မီနီစီးရီးလောက်ပဲပေါ့။ အဲ့ဒါကလဲ MRTV 4 နဲ့ပါပဲ။ အဲ့ဒီဇာတ်လမ်းတွဲကို ကိုးလပိုင်းအကုန်၊ ဆယ်လပိုင်းအစလောက်မှာရိုက်ဖြစ်ပါလိမ့်မယ်။

-အခုနောက်ပိုင်းက ဗီဒီယိုဈေးကွက်သိပ်မကောင်းတော့တဲ့အတွက် ကားကြီးတွေပဲ တော်တော်များများက ရိုက်လာကြတယ်။ ဒီအချိန်မှာ ဗီဒီယိုကိုစရိုက်ရတဲ့ မင်းသားတစ်လက်အနေနဲ့ဘယ်လိုမြင်မိလဲ။

အားလုံးသိကြတဲ့အတိုင်း ဈေးကွက်ကတော့ သိပ်မကောင်းဘူး။ ဒါပေမဲ့ ကျွန်တော်လဲသိပ်နားမလည်ဘူး။ ကိုယ်ကိုတိုင်ကလဲ သရုပ်ဆောင်တစ်ယောက်ဆိုတော့ ဈေးကွက်ထက် ကိုယ်လုပ်ရမဲ့ကာရိုက်တာကိုပဲ အကောင်းဆုံးကြိုးစားမယ်။ ဒါပေမဲ့ နယ်မှာလဲ ဗီဒီယိုကိုစောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်တွေရှိနေတုန်းပဲလို့သိရတယ်။ အဲ့ဒီအတွက်ကျွန်တော်ဆက်လုပ်သွားမှာပါ။ စီးရီးရော၊ ကားကြီးရော၊ ဗီဒီယိုပိုင်းကို မျှအောင်ကြိုးစားသွားပါမယ်။

-စီးရီးနဲ့ဗီဒီယိုနှစ်ခုအပေါ် အစ်ကို့ရဲ့ အမြင်နဲ့ကွာခြားချက်ကို နှိုင်းယှဉ်ပြပေးပါလား။

ကွာခြားမှုကတော့ရှိတယ်။ ဗီဒီယိုက အများဆုံး mood ထည့်ရ ဆယ်ရက်ပဲ။ စီးရီးကျတော့ အရမ်းရှည်လွန်းအားကြီးတယ်။ အမြဲတမ်းမမေ့သွားအောင်၊ အချိတ်အဆက်မိနေအောင်အမြဲတမ်းဖတ်နေရတယ်။ အမြဲတမ်းကာရိုက်တာတစ်ခုကိုမွေးနေရတယ်။

-သောင်းတိုက်ကကြားစေသားကားကြီးနဲ့ပတ်သက်ပြီး ရောဘယ်လိုစိတ်လှုပ်ရှားနေလဲ။

ကျွန်တော့်ရဲ့ ပထမဆုံးကားကြီးလဲဖြစ်တယ်။ ဇာတ်လမ်းကိုသေချာလေးဖတ်ထားတယ်။ ၈၈ခေတ်ဆိုတော့ အဝတ်အစားကအစ သေချာလေးပြင်ဆင်တယ်။ အရမ်းအခက်အခဲတော့မရှိပါဘူး။ ရန်ကုန်မှာ ရိုက်ရမှာ နည်းတယ်။ မန္တလေး ၊  ပြင်ဦးလွင်ဖက်မှာသွားရိုက်မှာပါ။ ၈၈မှာဖြစ်ပျက်ခဲ့တဲ့ ဆရာဝန်နဲ့ရွာသူဇာတ်လမ်းလေးပါ။ ကိုမြင့်မြတ်တို့လဲပါတဲ့အတွက်ထူးခြားမှုလဲရှိတယ်။ မရိုက်တာကြာပြီဖြစ်တဲ့ မယ်လိုဒီ၊ မမျိုးလဲပါမယ်။ ဒါရိုက်တာကလဲ ဦးထွန်းအောင်ဇော်ဆိုတော့ အားလုံးစိတ်ဝင်စားကြမယ်လို့လဲထင်ပါတယ်။

-မယ်လိုဒီကမရိုက်တာလဲကြာပြီဆိုတော့ သူနဲ့တွဲရိုက်ရမဲ့အပေါ် စိတ်ခံစားချက်ကရော ဘယ်လိုရှိလဲ။

ခံစားချက်ကတော့ ကောင်းပါတယ်။ သူပြန်ရိုက်မယ်ဆိုတာကကောင်းတယ်။ ပြီးတော့စရိုက်မဲ့ကားကလဲ ကျွန်တော့်ရဲ့ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်နေတာကြောင့်ရယ်ဆိုတော့ အမှတ်တရဖြစ်တယ်။ ပြီးတော့သူကိုယ်တိုင်ကလဲ အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့အတွက်အိုက်တင်ပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော့ဖက်ကအစွမ်းကုန်ကြိုးစားရမှာပေါ့။ ပျော်ပါတယ်။ သူနဲ့လဲအဆုံခန်းတွေလဲပါပါလိမ့်မယ်။

-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။

အေးဆေးပါပဲ။ ကျွန်တော်ဒီအလုပ်ကိုလုပ်နေတယ်။ အနုပညာဖန်တီးနေတယ်။ အလုပ်လုပ်ရတာနဲ့အဝတ်အစားရှာရတာနဲ့ရှုပ်နေတဲ့အတွက် သမီးရည်းစားဖက်ကို အချိန်မပေးနိုင်သေးပါဘူး။ အေးအေးဆေးဆေးဖြစ်မှပဲ ချစ်သူရှာပါတော့မယ်။ လောလောဆယ်မှာတော့ ပရိသတ်ကိုချပြဖို့အတွက်ဘယ်လိုဇာတ်လမ်းကောင်းကောင်းတွေရိုက်မလဲ။ ကျွန်တော့်မှာရှိတဲ့အစွမ်းအစလေးနဲ့ဇာတ်လမ်းကောင်းတွေချပြဖို့အတွက်ပဲခေါင်းထဲမှာရှိပါတယ်။

-အစ်ကို့ကို အားပေးနေတဲ့ ပရိသတ်ကြီးကိုရော ဆက်လုပ်သွားမဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးလေးပြောပြချင်သေးလဲ။

ကျွန်တော်အနုပညာနဲ့ပတ်သက်ပြီး အများကြီးဖန်တီးသွားဖို့ရှိပါတယ်။ ဗီဒီယိုကားတွေအများကြီးဆက်ရိုက်ဖို့လဲလျာထားပါတယ်။ ကျွန်တော့်ကိုဆက်ပြီးအားပေးပါဦးလို့ဝေဖန်ပေးပါ။ အကြံပြုပေးပါ။ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမလိုသဘောထားပြီးဝေဖန်ပါ။ အကြံပြုပါလို့ပြောချင်ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top