iMyanmarHouse.com - Best Property Website for Myanmar
×

ပရိသတ်များစိတ်ဝင်စား နေသည့် မင်္ဂလာသတင်းနှင့်ပတ် သက်၍ သရုပ်ဆောင်မိုးယုစံက အောက်တိုဘာအတွင်း မင်္ဂလာပွဲ လေးပွဲကျင်းပမည်ဟု ပြောကြားခဲ့ သည်။

မိုးယုစံ၏ (၂၅)နှစ်ပြည့် မွေး နေ့ပွဲကို ဇူလိုင် ၁၁ ရက်ညက ဆူး လေရှန်ဂရီလာဟိုတယ်၌ ပြုလုပ် ခဲ့ပြီး ယင်းမွေးနေ့ပွဲတွင် မင်္ဂလာ ဧည့်ခံပွဲအကြောင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

မွေးနေ့ပွဲတွင် မိုးယုစံက ကျေးဇူးတင်စကားပြောကြားနေ ချိန် ၎င်း၏ သတို့သားလောင်း စွမ်းသူမိုးက ရိုမန်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းပြီး ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲများအကြောင်း အ သိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အဓိက သူ့ကိုသဘောကျ တာက သူ့ပုံစံရော၊ စိတ်ထားရော က မိုးယုသဘောကျတဲ့ပုံစံပါ။ မိုးယုက ကိုယ်ကိုယ်တိုင်လည်း အေးအေးနေတတ်တော့ အေး အေးဆေးဆေးနေတတ်တဲ့သူကို သဘောကျတယ်။ မိဘတွေက လည်း သဘောကျတယ်။ ကိုယ် တိုင်ကလည်း သဘောကျတယ်။ သူကလည်း ကိုယ့်ကိုတကယ်ချစ် တယ်။ နောက်ပိုင်းလည်း သည်းခံ တာကို တွေ့ရတဲ့အတွက် သူ့ကို ပိုပိုပြီးချစ်လာတယ်’’ဟု မိုးယုစံက အိမ်ထောင်ဖက်အဖြစ် ရွေးချယ် ဖြစ်ခဲ့သည့် အကြောင်းပြောသည်။

မင်္ဂလာ ဧည့်ခံပွဲများကို အောက်တိုဘာအတွင်း ပြုလုပ် မည်ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်တွင် ဆီဒိုးနားဟိုတယ်၌ မင်္ဂလာမော်ကွန်းတင်လက်မှတ် ရေးထိုးပွဲ၊ အောက်တိုဘာ ၂၀ ရက်တွင် မဟာစည်သာသနာ့ရိပ် သာ၌ မင်္ဂလာဦးဆွမ်းကျွေး၊ အောက်တိုဘာ ၂၉ ရက်တွင် Melia ဟိုတယ်၌ စုလျားရစ်ပတ် လက်ထပ်မင်္ဂလာပွဲနှင့် အောက်တိုဘာ ၃၁ ရက်တွင် မင်္ဂလာ ညစာစားပွဲ အခမ်းအနားကို နိုဗို တယ်ဟိုတယ်၌ ပြုလုပ်မည်ဖြစ် သည်။

Credit : 7 Day Daily
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top