iMyanmarHouse.com - Best Property Website for Myanmar
×

တီဗွီကြော်ငြာတွေထဲမှာ အသားအရည်အလှကုန်ပစ္စည်းတွေ ကြေငြာကြတဲ့အခါ အသားအရေ အလွန်လှပတဲ့ မော်ဒယ်တွေ၊ မင်းသမီးတွေနဲ့ ရိုက်ကူးတတ်ကြပါတယ်။ ကြော်ငြာထဲကလို သရုပ်ဆောင်တွေရဲ့ အသားအရည်မျိုး သင်အနည်းဆုံး တစ်ခါလောက်တော့ လိုချင်ဖူးမှာ ဖြစ်ပါတယ်။

ဒါတွေဟာ ပြင်ဆင်ရိုက်ကူးထားတယ်ဆိုတာ မမေ့လိုက်ပါနဲ့။ သင့်ရဲ့အသားအရည်က ပြုပြင်ထိန်းသိမ်းလိုက်ရင် ဒီထက်တောင် ပိုကောင်းသွားနိုင်ခွင့် ရှိပါသေးတယ်။ သဘာဝနည်းအတိုင်း အသားအရည် လှပအောင် ပြုပြင်လို့ရတဲ့ နည်းလမ်း (၃) ခုရှိပါတယ်။

၁။ ခရမ်းချဉ်သီး

လူတစ်ယောက်ရဲ့ အသားရည်ကို ပြေပြစ်ချောမွေ့အောင် လုပ်ပေးနိုင်တဲ့နေရာမှာ ခရမ်းချဉ်သီးကိုမီတဲ့အရာ မရှိပါဘူး။ နွေရာသီမှာလည်း ခရမ်းချဉ်သီးဖျော်ရည် မကြာခဏ သောက်ပေးသင့်ပါတယ်။ အိမ်မှာအားတဲ့အချိန်တွေ ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး မျက်နှာပွတ်ပေးလို့ရပါတယ်။ သင့်ကို ပိုပြီးနုပျိုစေပါလိမ့်မယ်။

၂။ နနွင်း

နနွင်းလိမ်းခြင်းဟာ ကျန်းမာရေးကောင်းကျိုး များစွာရတဲ့ အိန္ဒိယရှေးဟောင်းနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သနပ်ခါး လိမ်းသလိုပဲ နနွင်းကိုလည်း လိမ်းထားလို့ရပါတယ်။ အသားအရည်ကို ညက်ညောစေတဲ့နေရာမှာတော့ နနွင်းက ဆရာကြီး ဖြစ်ပါတယ်။ ပျားရည်အနည်းငယ်၊ နနွင်းလဘက်ရည်ဇွန်တစ်ဇွန်းလောက်ကို ယူပြီး ရေနွေးနွေးလေးနဲ့ ရောဖျော်ကာ မျက်နှာတွေကို လိမ်းလို့ရပါတယ်။

၃။ သခွားသီး

spa တွေမှာ အသုံးများတဲ့ နည်းလမ်းတစ်ခုပါ။ သခွားသီးက ဆေးဘက်ဝင်ကောင်းကျိုးရလွန်းတဲ့အတွက် အလှကုန်တွေမှာလည်း ထည့်သွင်းအသုံးပြုကြပါတယ်။ အထူးသဖြင့် နုပျိုတဲ့ အသားအရည်ကို ပိုင်ဆိုင်ဖို့အတွက် သခွါးသီးကို မဖြစ်မနေ သုံးရမှာပါ။ ပါးပါးလှီးကာ မျက်လုံးပေါ်တင်ပြီး အိပ်စက်တဲ့နည်းလမ်းက အသားအရည်အတွက် ကောင်းကျိုးပြုပါတယ်။ အိပ်စက်တဲ့အခါ အသားအရည်ဆဲလ်တွေက အသစ်ပြန်ဖြစ်လာတဲ့အတွက် သခွါးသီးသုံးပြီး အိပ်စက်တဲ့နည်းလမ်းကို အသုံးပြုခိုင်းတာ ဖြစ်ပါတယ်။

Credit : Duwun

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top