iMyanmarHouse.com - Best Property Website for Myanmar
×

ဘိုးဘြားေတြေခတ္တုန္းက သူတို႔ ပထမဆုံးခ်ိန္းေတြ႕တဲ့ေန႔မွာ ဘယ္သူကုန္က်ခံမယ္ထင္လဲ။ ေသခ်ာပါတယ္ အဖိုးပဲ ျဖစ္မွာပါ။ တျဖည္းျဖည္း အခ်ိန္ေတြကုန္လာျပီး မိဘေတြေခတ္မွာဆိုရင္ေရာ ဘယ္သူျဖစ္ႏိုင္လို႔လဲ အေဖပဲေနမွာပါ။ အၾကာေသးခင္တုန္းက ႏိုင္ငံျခားတကၠသိုလ္မွာ အမ်ဳိးသမီး ၁၇၀၀၀ ကို သူတို႔ရဲ႕ အေတြ႕အၾကဳံအရ ေမးခြန္းေတြေမးလိုက္ေတာ့ ၄၄%က ကုန္က်စရိတ္မွ်ရွင္းေပးဖို႔ မစဥ္းစားခဲ့ပါဘူးလို႔ ဆိုခဲ့ၾကပါတယ္။ ၃၉%အမ်ဳိးသမီးေတြထြက္ဆိုခ်က္အရ ေငြရွင္းဖို႔ ကမ္းလွမ္းတဲ့အခ်ိန္မွာ အမ်ဳိးသားေတြဘက္ကေန အစဥ္အလာတစ္ခုအေနျဖင့္ ကုန္က်စရိတ္ကို သူတို႔ေပးမယ္ဆိုျပီး အတင္းျငင္းၾကတယ္ ဆိုျပီး ေျပာဆိုခဲ့ၾကတယ္။

ေကာင္းေလးတစ္ေယာက္က “ကြ်န္ေတာ္ ေကာင္မေလးတစ္ေယာက္နဲ႔ အျပင္မွာ ညေနစာစားၾကတယ္။ ကြ်န္ေတာ္ပဲ ေငြရွင္းလိုက္ပါတယ္။ သိပ္ျပသနာမရိွပါဘူး။ ေနာက္ေလးခါငါးခါခ်ိန္းေတြ႔တဲ့ေနာက္ပိုင္းမွာ ကြ်န္ေတာ္ကပဲ ဆက္ျပီးေငြရွင္းခဲ့ပါတယ္။ သူမကေန ဝိုင္းရွင္းေပးဖို႔ ကမ္းလွမ္းတာမရိွသလို ကြ်န္ေတာ္ကလည္း မေတာင္းခဲ့ပါဘူး။ ျပသနာျဖစ္ျပီး လမ္းခြဲခဲ့ၾကတဲ့ေနာက္ပိုင္းမွာေတာ့ ကြ်န္ေတာ္သိပ္ျပီး အဲကိစၥကို ထည့္မစဥ္းစားခဲ့ပါဘူး။ ဒါေပမယ့္ တကယ္တမ္းေတာ့ ကြ်န္ေတာ္တစ္ေယာက္တည္းကပဲ ကြ်န္ေတာ္တို႔ရဲ႕ ပတ္သက္ျခင္းအတြက္ ရင္းႏွီးျမဳပ္ႏွံခဲ့တာပါ။ ေငြေရးေၾကးေရးေကာ၊ ခ်ိန္းေတြ႔ဖို႔အတြက္ေရာပဲ။” ဆိုျပီးေတာ့ သူ႔ရဲ႕ျဖစ္ရပ္မွန္ဇာတ္လမ္းေလးကို ေျပာဆိုခဲ့ပါတယ္။

အဲဒါဆိုရင္ သင့္ရဲ႕ခ်ိန္းေတြ႕တဲ့အခ်ိန္ေတြမွာ ေငြေၾကးကိစၥကို ဘယ္လိုလုပ္သင့္သလဲ။ ပထမဆုံးအေနနဲ႔ အမ်ဳိးသမီးေတြ သိထားသင့္တာကေတာ့ အမ်ဳိးသားေတြဟာ သင့္ထက္ေတာ့ ကုန္က်စရိတ္ရွင္းဖို႔ ပိုျပီး အိုေက ၾကတယ္ဆိုတာပါပဲ။ အေစာပိုင္းမွာ ေဖာ္ျပထားတဲ့ ေမးျမန္းခ်က္ေတြအရ ၈၄%အမ်ဳိးသားေတြကေန က်န္က်စရိတ္ေတြရွင္းဖို႔ တတ္ႏိုင္ၾကတယ္။ ၆၄%က်ျပန္ေတာ့လည္း ပထမဆုံးခ်ိန္းေတြ႕ျပီးေနာက္ပိုင္းေတြမွာ အမ်ဳိးသမီးေတြကလည္း ရွင္းသင့္တာေပါ့လို႔ ေျပာၾကျပန္တယ္ေလ။

အၾကံေပးခ်င္တာကေတာ့ အမ်ဳိးသမီးမ်ားအေနျဖင့္ သင့္ရဲ႕ခ်စ္သူ(သို႔)ရည္းစားကို ဂရုစိုက္တယ္ ဒါမွမဟုတ္ သင္တို႔ရဲ႕အနာဂတ္ ပတ္သက္မႈေတြကို ထည့္စဥ္းစားမယ္ဆိုရင္ေတာ့ ပထမဆုံး ခ်ိန္းေတြ႕ျပီး ေနာက္ပိုင္းမွာေတာ့ သင့္အေနနဲ႔လည္း ကုန္က်စရိတ္ေတြကို ခြဲေဝျပီးေတာ့ ရွင္းဖို႔ပဲျဖစ္ပါတယ္။ ကံမဆုံလို႔ လမ္းခြဲၾကတယ္ဆိုရင္ေတာင္မွ “နင္က အရမ္းကပ္ေစးႏွဲတယ္၊ သူ႔ရဲ႕ပိုက္ဆံေတြနဲ႔ပဲ ခ်ိန္းေတြ႕ခဲ့ၾကတာမလား” ဆိုတဲ့ SMS ကိုယ့္ဆီေရာက္မလာဖို႔ ၾကိဳတင္ေရွာင္ထားနိုင္တဲ့နည္းလမ္းေကာင္း တစ္ခုလည္း ျဖစ္ပါတယ္။ ေနာက္ဆုံးအေနနဲ႔ အဓိပၸာယ္ရိွတဲ့ ခ်စ္ျခင္း နဲ႔ ၾကာရွည္ခံႏိုင္တဲ့ ပတ္သက္မႈကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ ညေနစာ ကုန္က်စရိတ္ထက္ဝက္ေလးကို သင္အေနနဲ႔လည္း ေပးသင့္တယ္မဟုတ္ဘူးလား။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

ဘိုးဘွားတွေခေတ်တုန်းက သူတို့ ပထမဆုံးချိန်းတွေ့တဲ့နေ့မှာ ဘယ်သူကုန်ကျခံမယ်ထင်လဲ။ သေချာပါတယ် အဖိုးပဲ ဖြစ်မှာပါ။ တဖြည်းဖြည်း အချိန်တွေကုန်လာပြီး မိဘတွေခေတ်မှာဆိုရင်ရော ဘယ်သူဖြစ်နိုင်လို့လဲ အဖေပဲနေမှာပါ။ အကြာသေးခင်တုန်းက နိုင်ငံခြားတက္ကသိုလ်မှာ အမျိုးသမီး ၁၇၀၀၀ ကို သူတို့ရဲ့ အတွေ့အကြုံအရ မေးခွန်းတွေမေးလိုက်တော့ ၄၄%က ကုန်ကျစရိတ်မျှရှင်းပေးဖို့ မစဉ်းစားခဲ့ပါဘူးလို့ ဆိုခဲ့ကြပါတယ်။ ၃၉%အမျိုးသမီးတွေထွက်ဆိုချက်အရ ငွေရှင်းဖို့ ကမ်းလှမ်းတဲ့အချိန်မှာ အမျိုးသားတွေဘက်ကနေ အစဉ်အလာတစ်ခုအနေဖြင့် ကုန်ကျစရိတ်ကို သူတို့ပေးမယ်ဆိုပြီး အတင်းငြင်းကြတယ် ဆိုပြီး ပြောဆိုခဲ့ကြတယ်။

ကောင်းလေးတစ်ယောက်က “ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ အပြင်မှာ ညနေစာစားကြတယ်။ ကျွန်တော်ပဲ ငွေရှင်းလိုက်ပါတယ်။ သိပ်ပြသနာမရှိပါဘူး။ နောက်လေးခါငါးခါချိန်းတွေ့တဲ့နောက်ပိုင်းမှာ ကျွန်တော်ကပဲ ဆက်ပြီးငွေရှင်းခဲ့ပါတယ်။ သူမကနေ ဝိုင်းရှင်းပေးဖို့ ကမ်းလှမ်းတာမရှိသလို ကျွန်တော်ကလည်း မတောင်းခဲ့ပါဘူး။ ပြသနာဖြစ်ပြီး လမ်းခွဲခဲ့ကြတဲ့နောက်ပိုင်းမှာတော့ ကျွန်တော်သိပ်ပြီး အဲကိစ္စကို ထည့်မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော်တစ်ယောက်တည်းကပဲ ကျွန်တော်တို့ရဲ့ ပတ်သက်ခြင်းအတွက် ရင်းနှီးမြုပ်နှံခဲ့တာပါ။ ငွေရေးကြေးရေးကော၊ ချိန်းတွေ့ဖို့အတွက်ရောပဲ။” ဆိုပြီးတော့ သူ့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ပြောဆိုခဲ့ပါတယ်။

အဲဒါဆိုရင် သင့်ရဲ့ချိန်းတွေ့တဲ့အချိန်တွေမှာ ငွေကြေးကိစ္စကို ဘယ်လိုလုပ်သင့်သလဲ။ ပထမဆုံးအနေနဲ့ အမျိုးသမီးတွေ သိထားသင့်တာကတော့ အမျိုးသားတွေဟာ သင့်ထက်တော့ ကုန်ကျစရိတ်ရှင်းဖို့ ပိုပြီး အိုကေ ကြတယ်ဆိုတာပါပဲ။ အစောပိုင်းမှာ ဖော်ပြထားတဲ့ မေးမြန်းချက်တွေအရ ၈၄%အမျိုးသားတွေကနေ ကျန်ကျစရိတ်တွေရှင်းဖို့ တတ်နိုင်ကြတယ်။ ၆၄%ကျပြန်တော့လည်း ပထမဆုံးချိန်းတွေ့ပြီးနောက်ပိုင်းတွေမှာ အမျိုးသမီးတွေကလည်း ရှင်းသင့်တာပေါ့လို့ ပြောကြပြန်တယ်လေ။

အကြံပေးချင်တာကတော့ အမျိုးသမီးများအနေဖြင့် သင့်ရဲ့ချစ်သူ(သို့)ရည်းစားကို ဂရုစိုက်တယ် ဒါမှမဟုတ် သင်တို့ရဲ့အနာဂတ် ပတ်သက်မှုတွေကို ထည့်စဉ်းစားမယ်ဆိုရင်တော့ ပထမဆုံး ချိန်းတွေ့ပြီး နောက်ပိုင်းမှာတော့ သင့်အနေနဲ့လည်း ကုန်ကျစရိတ်တွေကို ခွဲဝေပြီးတော့ ရှင်းဖို့ပဲဖြစ်ပါတယ်။ ကံမဆုံလို့ လမ်းခွဲကြတယ်ဆိုရင်တောင်မှ “နင်က အရမ်းကပ်စေးနှဲတယ်၊ သူ့ရဲ့ပိုက်ဆံတွေနဲ့ပဲ ချိန်းတွေ့ခဲ့ကြတာမလား” ဆိုတဲ့ SMS ကိုယ့်ဆီရောက်မလာဖို့ ကြိုတင်ရှောင်ထားနိုင်တဲ့နည်းလမ်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ချစ်ခြင်း နဲ့ ကြာရှည်ခံနိုင်တဲ့ ပတ်သက်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် ညနေစာ ကုန်ကျစရိတ်ထက်ဝက်လေးကို သင်အနေနဲ့လည်း ပေးသင့်တယ်မဟုတ်ဘူးလား။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top