iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
လက်မောင်းအောက် ချိုင်းကြားထဲက ဆဲလ်သေအမဲကွက်တွေ ကြောင့် လူကြားသူကြားထဲ အကျီၤလက်ပြတ်ဝတ်ပြီး သွားလာရမှာ ရှက်ကြောက်တတ်တဲ့ မိန်းကလေးပျိုလေးတွေအတွက် အရမ်းကိုထိ ရောက်အကျိုးရှိတဲ့ နည်းလမ်းလေးပေးလိုက်ပါရစေ။ တကယ့်ကို ထူးခြားပြီး လွယ်ကူလွန်းတဲ့ ဒီဆေးနည်းက သင့်ရဲ့လက်မောင်းလေး ကို ရဲရဲမြှောက်ဆန့်ထုတ်နိုင်ဖို့ ကူညီပေးမှာပါ။
တခြားတော့ မဟုတ်ပါဘူး။ အိမ်တွင်းမီးဖိုချောင်က  စားစရာဖြစ်တဲ့ အာလူးပါပဲ။ အာလူးအလုံးတွေကို အချပ်လိုက်ကလေးလှီးဖြတ်တာ ပဲ ဖြစ်ဖြစ်၊ ထက်ပိုင်းဖြတ်တာပဲ ဖြစ်ဖြစ် ပြုလုပ်ပြီးတော့ အာလူးနဲ့ သင့်ချိုင်းသားလေးကို အသာအယာပွတ်ပေးပါ။ တစ်ပတ်ကိုနှစ်ကြိမ် လောက်လုပ်ရုံနဲ့ သင့်ချိုင်းသားမှာရှိတဲ့ အမဲကွက်ကိုဖြူဖွေးလာစေ နိုင်ပါတယ်။ အာလူးထဲမှာ ပါဝင်တဲ့သဘာဝဓာတ်တွေက ဆဲလ်သေ အမဲကွက်တွေကို ဖယ်ရှားပေးနိုင်ပြီး တခြားဘေးထွက်ဆိုးကျိုးလုံးဝ မရှိတဲ့ နည်းလမ်းဖြစ်တာကြောင့် လူတိုင်းပြုလုပ်နိုင်ပါတယ်။
ဒီ အာလူးနဲ့ ပြုလုပ်တဲ့ နည်းလမ်းအပြင် တချို့ကလည်းအချဉ်ဓာတ် ပါဝင်တဲ့ သံပုရာသီး၊ ရှောက်သီးအစရှိသဖြင့် အသီးအနှံတွေနဲ့ ပြု လုပ်တတ်ကြပြီး ဒီနည်းလမ်းတွေကလည်း အကျိုးထိရောက်ပါ တယ်။ ဒါပေမဲ့ အချဉ်ဓာတ်ပြင်းပြင်းတွေက အချို့အသားရေတွေနဲ့ ဓာတ်မတဲ့တာမျိုးတွေတော့ ဖြစ်လာနိုင်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top