iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
#Unicode Version
လေတက်ခြင်း၊ ကြို့ထိုးခြင်းနဲ့ လေလည်ခြင်းတွေကို လူတွေ ရယ်စရာလုပ်ကြပါတယ်။ တခါတရံ ရှက်ကြပြီး ဒီခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကြောင့် စိတ်အနှောင့်အယှက်လည်း ဖြစ်ကြပါတယ်။  ဟုတ်ပါတယ်။ စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။ အနံ့အသက် ထူးဆန်းပြီး တင်ပါးဆုံကြားကနေ ထွက်ပါတယ်။ ဒါပေမယ့် တကယ်တန်း ဒီဓာတ်ငွေ့တွေအကြောင်း သင်ဘယ်လောက် သိပါသလဲ။ သင်ကြားဖူးမှာ မဟုတ်သေးတဲ့ လေလည်ခြင်းနဲ့ ပတ်သက်တဲ့ အချက် (၁၂) ချက်ရှိပါတယ်။
မိန်းကလေးတွေထက် အမျိုးသားတွေ အီးပိုပေါက်။
လေလည်ခြင်း fart ဆိုတဲ့ ဝေါဟာရရဲ့ မူလအဓိပ္ပါယ်က forth (အပြင်သို့) လို့ အဓိပ္ပါယ်ရပါတယ်။
သာမန်လူတစ်ယောက်ဟာ တစ်နေ့ လေ (၁၄) ကြိမ်လည်ပါတယ်။
လေ ၁၄ ကြိမ်လည်ခြင်းက ပူဖောင်းတစ်လုံး ပြည့်ဖောင်းအောင် မှုတ်ရန် လုံလောက်ပါတယ်။
ကျန်းမာသန်စွမ်းတဲ့ အစာချေလမ်းကြောင်းက လေလည်စေပြီး သင့်ကို ကျန်းမာစေတာ သိထားသင့်ပါတယ်။ လေလည်တာ ရှက်စရာမဟုတ်ပါဘူး။ လေမလည်ရင် ဆရာဝန်ဆီ ပြပါ။
အီးက ဟိုက်ဒရိုဂျင်ဆာလ်ဖိုက်နဲ့ ပြုလုပ်ထားပြီး mitochondrial ပျက်စီးမှု လျှော့နည်းစေပါတယ်။ အနံ့အသက်စူးရှတာတွေက ကျန်းမာရေးနဲ့ညီညွတ်ပြီး လေလည်ပြီးရင် အသက်ပြင်းပြင်းရှူရှိုက်ပါ။
အမျိုးသမီးတွေမှာ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် ပါဝင်မှုပိုများပါတယ်။ ဒါဟာ အမျိုးသားတွေထက် သူတို့လေလည်တဲ့အနံ့ ပိုမိုနံစော်နေရခြင်း အကြောင်းအရင်းပါပဲ။ နောက်ပြီး အမျိုးသမီးတွေ လေလည်တဲ့အနံ့ရှူတာ ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပါတယ်။
အီးတွေက ၁ စက္ကန့် ၁၀ ပေထိ ရွေ့ရှားပါသတဲ့။
စအိုဝညှစ်ကြွက်သားကျစ်ကျစ်လစ်လစ်ရှိပါက ပိုမိုကျယ်လောင်တဲ့ လေလည်မှု အသံထွက်ပါလိမ့်မယ်။
လေများများလည်တယ်၊ ဆော်ဒါတွေအရမ်းသောက်ပြီး ပီကေတွေဝါးတတ်တဲ့သူကို ဝေးဝေးရှောင်ပါ။ ပီကေနဲ့ ဆော်ဒါက လေပိုလည်စေပါတယ်။
လေလည်မှုအများစုက ညဘက် အိပ်နေရင်း ဖြစ်ပွားပါတယ်။
လေလည်မှုအများဆုံး တိရိစ္ဆာန်က ခြတွေဖြစ်ပါတယ်။ နောက်ပြီး ကုလားအုတ်၊ မြင်းကျား၊ သိုး၊ နွား၊ ဆင်နဲ့ ခွေးတို့ ဖြစ်ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top