iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတွေအနေနဲ့ဆံကေသာ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပြီး ဆံကေသာ သန်စွမ်းစေဖို့အတွက် ခေါင်းလျှော်နည်း မှန်ကန်စေဖို့ လိုအပ်ပါတယ်။ နည်းစနစ်မှန်မှန် ခေါင်းလျှော်ပေးခြင်းက ဆံကေသာကို ခြောက်သွေ့မှုကင်းဝေးစေတဲ့အပြင် ဦးရေပြားကျန်းမာရေးကိုပါ ကောင်းမွန်စေတာကြောင့် ခေါင်းလျှော်နည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ခေါင်းဖြီးပါ။


ခေါင်းမလျှော်ခင် ခေါင်းဖြီးခြင်းက ဆံကေသာတွေ ကျိုးကြေပျက်စီးမှုကို လျော့နည်းစေပါတယ်။ ဆံကေသာတွေ မရှုပ်ထွေးတဲ့အတွက် ခေါင်းလျှော်ချိန်မှာ ဦးရေပြားကို ကောင်းမွန်တဲ့ ထိရောက်မှုတွေ ရရှိစေနိုင်ပါတယ်။
(၂)ခေါင်းလျှော်ရည်အသုံးပြုနည်း


ဦးရေပြား၊ ဆံကေသာအတွက် ကောင်းမွန်စေတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ပါ။ ခေါင်းလျှော်ရည်ကို ရေခွက်ထဲထည့်ပြီး ရေနည်းနည်းနဲ့ဖျော်ပြီးမှ ခေါင်းလျှော်ရည်ကို အသုံးပြုပေးပါ။

(၃) ခေါင်းလျှော်နည်း


ဆံပင်တွေအကုန်လုံး ရေစိုအောင်ရေများများနဲ့ အရင်လောင်းပါ။ ပြီးမှခေါင်းလျှော်ရည်ကို ဦးရေပြားနေရာအထိရောက်အောင် ထည့်ပြီးမှ ခေါင်းကို ဖြည်းညှင်းစွာ ကုတ်ပေးပြီး ရေဆေးချပေးပါ။ ဆံပင်အဖျားတွေချည်းရှိတဲ့နေရာကို ခေါင်းလျှော်ရည်နဲ့ နောက်တကြိမ်ထပ်လျှော်ပေးပါ။ ဆံပင်အဖျားတွေကို ကျိုးကြေအောင်ချေတာမျိုးတွေ မလုပ်သင့်ပါဘူး။

(၄) နှိပ်နယ်ခြင်း


ခေါင်းလျှော်ရည်တွေ ကုန်စင်အောင် ရေနဲ့ဆေးချပြီးတဲ့အခါမှာ ဦးရေပြားကို ဖြည်းညှင်းစွာ နှိပ်နယ်ပေးပါ။ ဦးရေပြားကို နှိပ်နယ်ပေးခြင်းဖြင့် ဦးခေါင်းအတွင်း သွေးလည်ပတ်စီးဆင်းခြင်းကို ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။


ဆံကေသာတွေ သန်စွမ်းတောက်ပစေဖို့အတွက် အထက်မှာဖော်ပြထားတဲ့ ခေါင်းလျှော်နည်းမှန်မှန်နဲ့ ခေါင်းလျှော်ပေးဖို့ လိုအပ်ပါတယ်။

Credit:Momolay

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top