iMyanmarHouse.com - Best Property Website for Myanmar
×

 နှုတ်ခမ်းစူခြင်းက ဆွဲဆောင်မှု ပိုရှိတယ်လို့ အမျိုးသားတွေ မထင်ကြပါဘူး။


 ဆယ်ဖီဓာတ်ပုံရိုက်တဲ့အခါ အမျိုသမီးတွေ နှုတ်ခမ်းအလွန်အကျွံစူထားခြင်း၊ မိတ်ကပ်လွန်ကဲစွာ လိမ်းခြယ်ခြင်းနဲ့ ပုဝါခြုံခြင်းတွေက အမျိုးသားတွေ အမြင်မှာ ဆွဲဆောင်မှု  မရှိဘူးလို့ ထင်တတ်ကြကြောင်း လူမှုကွန်ရက်တစ်ခုပေါ်က လေ့လာချက်အရ သိရပါတယ်။

လူသုံးစွဲမှုများတဲ့ Reddit ကွန်ရက်ဝက်ဘ်ဆိုက်မှာ ဒီအကြောင်းအရာကို အမျိုးသားတွေထံ မေးမြန်းခဲ့တာဖြစ်ပါတယ်။ " အမျိုးသမီးတွေက ဆွဲဆောင်မှု ရှိချင်လို့လုပ်လိုက်တဲ့ ဘယ်လို အပြုအမူတွေက အမျိုးသားတွေအမြင်မှာ စိတ်ပျက်စရာဖြစ်သွားသလဲ" လို့ မေးမြန်းထားမှုအပေါ်မှာ အထက်ပါ အတိုင်းဖြေကြားခဲ့ကြတာဖြစ်ပါတယ်။ ရလဒ်က အငြင်းပွားဖွယ်ရာ ဖြစ်နေသေးပေမဲ့ အဆိုပါ မေးခွန်းကို အမျိုးသားအများစု ဖြေထားတဲ့ရလဒ်အရ  နှုတ်ခမ်းစူထားတာကို အမျိုးသားအများစု မနှစ်သက်တာ တွေ့ရပါတယ်။

ဒါ့အပြင် ခြုံပုဝါတွေကို မျက်နှာတစ်ခုလုံးနီးပါး ဖုံးအုပ်ထားတတ်တဲ့ အရင်ခေတ်ဟောင်းပုံစံမျိုးတွေကိုလည်း အမျိုးသားတွေ မနှစ်သက်ကြဘူးလို့ အဆိုပါမေးခွန်းရဲ့ အဖြေတွေထဲမှာ ဖြေကြားထားကြတာတွေ့ရပါတယ်။ လိုတာထက်ပိုပြီး အမူအရာပိုတဲ့ အမျိုးသမီးတွေကိုလည်း ဆွဲဆောင်မှုရှိတယ်လို့ အမျိုးသားတွေ မထင်တတ်ကြကြောင်း အဖြေတွေထဲမှာ ဖြေကြားထားကြပါတယ်။

Credit:Duwun

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top