iMyanmarHouse.com - Best Property Website for Myanmar
×

ဒီနေ့က စတင်ပြီး "ကင်ဆာဖြစ်စေနိုင်သောအရာများ" ထဲမှာ "သကြား" ကိုထပ်မံပေါင်းထည့် မှတ်ယူရပါတော့မယ်။ ပိုပြီးသေချာစွာပြောရမယ်ဆိုရင်တော့ အနောက်တိုင်း အစားအစာတွေမှာ ပါဝင်လေ့ရှိတဲ့ သကြား ကိုဆိုလိုတာပါ။

၂၀၁၆ ခုနှစ် အစပိုင်းမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ Cancer Research ရဲ့  လေ့လာမှုတစ်ခုအရတော့ သုတေသီတွေဟာ အနောက်တိုင်း အစားအစာတွေနဲ့ ကင်ဆာ ရောဂါ ကြားမှာရှိတဲ့ ပတ်သက်ဆက်နွယ်နေမှုကို လေ့လာခဲ့ကြပါတယ်။

တက္ကဆက် တက္ကသိုလ်မှာရှိတဲ့ အန်ဒါဆန် ကင်ဆာစင်တာဟာ ကြွက်တွေကို အစားအစာ အမျိုးအစား မျိုးစုံ ကျွေးမွေးစေတဲ့လေ့လာမှု ၄ ခုကိုပြုလုပ်ခဲ့ာကပါတယ်။ ၆လအကြာမှာတော့ သုတေသီတွေ တွေ့ရှိခဲ့တာက ကစီဓါတ်ကို ထိန်းချုပ်တဲ့ အစားအစာတွေ စားခဲ့တဲ့ကြွက်တွေရဲ့  ၃၀ ရာခိုင်နှုန်းခန့်ဟာ တိုင်းတာလို့ရနိုင်တဲ့ အကျိတ်တွေဖြစ်ေါ်လာပြီး ဆူးကရို့စ်ကြွယ်ဝတဲ့ အစားအစာများ(တစ်နည်းအားဖြင့် သကြား နဲ့ ပြောင်းဖူးရည်တွေကဲ့သို့သော ဖရက်တို့စ် ကြွယ်ဝတဲ့အစားအစာ) ကို စားခဲ့တဲ့ ကြွက်တွေရဲ့  ၅၀ ကနေ ၅၈ ရာခိုင်နှုန်းခန့်ဟာ ရင်သား အကျိတ်တွေ ဖြစ်ပေါ်နေတာကို တွေ့လိုက်ရပါတယ်။

ပရော်ဖက်ဆာ လိုရန်ဇိုကိုဟန် ရဲ့  ပြောကြားချက်အရတော့ ဖရက်တို့စ် ဟာ  ကျွန်ုပ်တို့ရဲ့  အစားအသောက်စနစ်ထဲမှာ နေရာတကာ ပါဝင်နေရပါတယ်။ အဲဒီလို ဖရက်တို့စ် ကျွေးမွေးခံခဲ့ရတဲ့ ကြွက်တော်တော်များများဟာ အဆုတ် မှာလည်း ထိခိုက်မှုတွေ ရှိလာခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ အရင်တုန်းက လေ့လာမှုတွေကလည်း အစားအစာထဲမှာ သကြားပါဝင်နေမှု များပြားခြင်းဟာ ရင်သားကင်ဆာ ဖြစ်ပေါ်စေမှုမှာ သက်ရောက်မှု ရှိစေတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ အဲဒီလေ့လာမှုတွေကတော့ "ယောင်ရမ်းမှု" တွေကသာ ကင်ဆာရောဂါ ဖြစ်စေနိုင်တယ်လို့ ယုံကြည်ခဲ့ကြတာပါ။

ဒီတစ်ခေါက်ကတော့ ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ သကြား ရဲ့  အဓိက အစိတ်အပိုင်းတွေကို တိုက်ရိုက်လေ့လာခဲ့တာဖြစ်ပြီး တိရိစ္ဆာန်တွေမှာ လက်တွေ့ စမ်းသပ်ခဲ့တာလည်းဖြစ်ပါတယ်။ သုတေသီတွေ အကြံပေးခဲ့တာကတော့ ကျွန်ုပ်တို့ဟာ အစားအစာတွေထဲမှာ သကြားထည့်သွင်းခြင်းကို ပြောင်းလဲရပါမယ်။ သူတို့ ရှောင်ကြဉ်ဖို့ အကြံပေးခဲ့တဲ့အရာတွေထဲမှာတော့ ကမ္ဘာမှာ အ၀လွန်ရောဂါ ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကို အဖြစ်စေနိုင်ဆုံး အရာဖြစ်တဲ့ သကြားရည်ပါဝင်တဲ့ ဖျော်ရည် (သို့) အချိုရည် လည်းပါဝင်နေပါတယ်။

Credit:Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top