iMyanmarHouse.com - Best Property Website for Myanmar
×

လူတော်တော်များများဟာ အလုပ်စားပွဲ၊ တီဗီရှေ့တွေမှာ အများဆုံးထိုင်ဖြစ်ကြပါတယ်။ အထိုင်များတဲ့အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေရှိတာကြောင့် သတိပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ဇီဝဖြစ်စဉ်ကို နှောင့်နှေးစေခြင်း


အထိုင်များတဲ့အခါမှာ ကြွက်သားတွေရဲ့ ကျုံ့ဆန့်နိုင်မှု အားလျော့နည်းလာတဲ့အပြင် (Insulin) ပမာဏလျော့နည်းစေပြီး သွေးလည်ပတ်စီးဆင်းတဲ့လမ်းကြောင်းမှ အဆီတွေကို လျော့နည်းစေတာကြောင့် ၀မ်းချုပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

(၂) ကျောရိုးနာကျင်စေခြင်း


အထိုင်များခြင်းဟာ ကျောရိုးတ၀ိုက်ရှိ ကြွက်သားတွေနဲ့ အဆစ်တွေကို ဖိအားပေးသလို ဖြစ်တာကြောင့် တစ်ရူးတွေလှုပ်ရှားမှုအားနည်းလာပြီး ကျောရိုးနာကျင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

(၃) နှလုံးရောဂါနဲ့ ကင်ဆာဖြစ်ပွားမှုများခြင်း


ကိုယ်လက်လှုပ်ရှားမှု နည်းပါးပြီး အထိုင်များခြင်းဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်ပွားစေဖို့ အကြောင်းအရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ အထိုင်များခြင်းဟာ အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ပါတယ်။ သုတေသီတွေက အထိုင်များတဲ့သူတွေဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေ (၆၄%) ရှိတယ်လို့လဲ ဆိုထားပါတယ်။

Credit:Momolay


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top