iMyanmarHouse.com - Best Property Website for Myanmar
×

တချို့အမွှေးနံ့တွေက မိန်းကလေးတွေကို ဆွဲဆောင်နိုင်ပြီး အချစ်စိတ်ကို ဖြစ်စေတယ်လို့ ဂျာမနီနိုင်ငံက သုတေသီတွေက သက်သေပြခဲ့ကြပါတယ်။ မိန်းကလေးတွေရဲ့ အချစ်စိတ်ကို နှိုးဆွပေးပြီး ဆွဲဆောင်နိုင်တဲ့ အနံ့တွေကို စာရင်းပြုစုပြီး ဖော်ပြထားပါတယ်။
စံပယ်ပန်း - စံပယ်ပန်းမှာပါဝင်တဲ့ ဓာတ်တစ်မျိုးက လိင်စိတ်ဟော်မုန်းကို ထုတ်ပေးတဲ့ ဦးနှောက်အခြမ်းကို လှုံ့ဆော်ပေးနိုင်တဲ့အစွမ်းရှိပါတယ်တဲ့။ ကိုယ့်ကို စိတ်ဝင်စားမှုရှိစေဖို့အတွက် စံပယ်ပန်းအဆီနည်းနည်းကို ခန္ဓာကိုယ်ကို လိမ်းပေးနိုင်ပါတယ်။
 
သစ်ကြပိုးခေါက် - ကလီယို ပက်ထရာက မက်အန်တိုနီကို ဆွဲဆောင်ဖို့အတွက် သစ်ကြပိုးခေါက်ပါတဲ့ အမွှေးနံ့ကို အသုံးပြုခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။အောက်စဖို့ဒ် တက္ကသိုလ်ရဲ့ သုတေသနအရ လက်ဖက်ရည်/ကော်ဖီထဲကို သစ်ကြပိုးခေါက်အနည်းငယ်ကို ထည့်သောက်ရင် ယောက်ျားပီသတဲ့အစွမ်းကို ရစေတယ်လို့ ဆိုပါတယ်။
 
လာဗင်ဒါ - ချီကာဂိုက  မွှေးရနံ့ဆိုင်ရာ သုတေသီ Dr Alan R Hirsch ကလာဗင်ဒါပန်းအနံ့က မိန်းကလေးတွေကို ဆွဲဆောင်နိုင်ပြီး နှစ်သက်စွဲလန်းမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ နောက်ပြီး လာဗင်ဒါပန်းအနံ့က ယောက်ျားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း တက်စေပါတယ်တဲ့။
ဗနီလာ - တရုတ်ရိုးရာဓလေ့အရ ဗနီလာနံနဲ့ လိင်ဆွဲဆောင်မှုကြားမှာ ထူးခြားတဲ့ ဆက်စပ်မှုရှိတယ်လို့ဆိုပါတယ်။ဗနီလာရဲ့ ချိုမြိန်တဲ့ အနံ့က စိတ်ရွှင်လန်းစေပြီး စိတ်အပန်းပြေစေတယ်တဲ့။ဒါကြောင့် ဇနီးမောင်နှံနှစ်ဦး အတူတူ မအိပ်ခင်မှာဗနီလာနံ့ပါတဲ့ ဖယောင်းတိုင်ကို ထွန်းပေးတာကောင်းတယ်လို့ ဆိုပါတယ်။
 
စန္ဒကူးနံ့ - စန္ဒကူးနံ့က အမျိုးသား အမျိုးသမီးတို့ရဲ့ အိပ်ခန်းထဲက စွမ်းဆောင်ရည်ကို တိုးစေနိုင်ပါတယ်။ရှေးစာပေတွေမှာ စန္ဒကူးနံ့က ပြင်းထန်တဲ့ အချစ်စိတ်ကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ စန္ဒကူးအဆီက ပီကျူထရီဂလင်းကို တက်ကြွစေပြီး အချစ်စိတ်အားကောင်းစေနိုင်ပါတယ်။
 
Credit:Trend Myanmarr 

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top