iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ အခ်ိန္အထိ အေခြေပါင္း ၁၀ သန္းေက်ာ္ ေရာင္းခ်ထားေသာ Animals ေတးအယ္လ္ဘမ္ျဖင့္ ၂၀၁၃ ကစ၍ ထင္ရွားေက်ာ္ၾကား လာသူ မာတင္ဂါရဇ္က သူငယ္ ခ်င္းျဖစ္သူ ဂ်ပ္စတင္ဘီဘာႏွင့္ တြဲ၍  သီခ်င္းတစ္ပုဒ္ ဖန္တီးမည္ဟု အတည္ျပဳေျပာၾကားသည္။

အီလက္ထရြန္နစ္ ေတးဂီတ ေလာကတြင္ နာမည္ႀကီးမ်ား အနက္ တစ္ဦးျဖစ္သည့္ ေတး အယ္လ္ဘမ္ထုတ္လုပ္သူ ဒီေဂ် မာတင္ဂါရဇ္   (၂၀)ႏွစ္သည္ အက္ဒ္ရွီရန္၊ အာရွာ၊ အဗီစီႏွင့္ တိုင္စတိုတို႔ အပါအဝင္ အီလက္ ထရြန္နစ္ဂီတ နယ္ပယ္မွ ၾကယ္ ပြင့္မ်ားစြာႏွင့္ လက္တြဲခဲ့သည္။

၎ႏွင့္ ဘီဘာ (၂၂)ႏွစ္တို႔ သည္ အႀကံဉာဏ္မ်ား ဖလွယ္ေန ၾကၿပီး သီခ်င္းတစ္ပုဒ္ အတူအသံ သြင္းၾကမည္ဟု ဂါရဇ္ကအတည္ ျပဳေျပာၾကားသည္။

‘‘ကြၽန္ေတာ္တို႔ႏွစ္ေယာက္ လံုးအတြက္ အလ်င္မလိုပါဘူး။ အတူတူဂီတဖန္တီးဖို႔ အလ်င္မလို ပါဘူး။ အနာဂတ္မွာ ႏွစ္ေယာက္ တြဲသီခ်င္းတစ္ပုဒ္ ထြက္လာပါ လိမ့္မယ္’’ဟု နယ္သာလန္ႏုိင္ငံ သား ဒီေဂ်ဂါရဇ္က ေျပာသည္။

ဂါရဇ္သည္ ၾကာသပေတး ေန႔က ဆိုနီျမဴးဇစ္ႏိုင္ငံတကာ ကုမၸဏီႏွင့္ ကမၻာလံုးဆိုင္ရာ စာခ်ဳပ္သစ္၌ လက္မွတ္ေရးထုိးခဲ့ သည္။ အမ်ဳိးသမီးအဆိုေက်ာ္ ဘီဘီရက္ဇ္ဟာ အားျဖည့္ သီဆို ထားသည့္ ၎၏ Name of Loveေတးသီခ်င္းကို ဂါရဇ္သည္ ၂၀၁၆ဇူလိုင္ ၂၉ ရက္တြင္ ဆိုနီကုမၸဏီ ႏွင့္ ပူးေပါင္း၍ ပထမဆံုး ထုတ္ေဝမည္ျဖစ္သည္။

Credit: 7 Day Daily

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယနေ့ အချိန်အထိ အခွေပေါင်း ၁၀ သန်းကျော် ရောင်းချထားသော Animals တေးအယ်လ်ဘမ်ဖြင့် ၂၀၁၃ ကစ၍ ထင်ရှားကျော်ကြား လာသူ မာတင်ဂါရဇ်က သူငယ် ချင်းဖြစ်သူ ဂျပ်စတင်ဘီဘာနှင့် တွဲ၍  သီချင်းတစ်ပုဒ် ဖန်တီးမည်ဟု အတည်ပြုပြောကြားသည်။

အီလက်ထရွန်နစ် တေးဂီတ လောကတွင် နာမည်ကြီးများ အနက် တစ်ဦးဖြစ်သည့် တေး အယ်လ်ဘမ်ထုတ်လုပ်သူ ဒီဂျေ မာတင်ဂါရဇ်   (၂၀)နှစ်သည် အက်ဒ်ရှီရန်၊ အာရှာ၊ အဗီစီနှင့် တိုင်စတိုတို့ အပါအဝင် အီလက် ထရွန်နစ်ဂီတ နယ်ပယ်မှ ကြယ် ပွင့်များစွာနှင့် လက်တွဲခဲ့သည်။

၎င်းနှင့် ဘီဘာ (၂၂)နှစ်တို့ သည် အကြံဉာဏ်များ ဖလှယ်နေ ကြပြီး သီချင်းတစ်ပုဒ် အတူအသံ သွင်းကြမည်ဟု ဂါရဇ်ကအတည် ပြုပြောကြားသည်။

‘‘ကျွန်တော်တို့နှစ်ယောက် လုံးအတွက် အလျင်မလိုပါဘူး။ အတူတူဂီတဖန်တီးဖို့ အလျင်မလို ပါဘူး။ အနာဂတ်မှာ နှစ်ယောက် တွဲသီချင်းတစ်ပုဒ် ထွက်လာပါ လိမ့်မယ်’’ဟု နယ်သာလန်နိုင်ငံ သား ဒီဂျေဂါရဇ်က ပြောသည်။

ဂါရဇ်သည် ကြာသပတေး နေ့က ဆိုနီမြူးဇစ်နိုင်ငံတကာ ကုမ္ပဏီနှင့် ကမ္ဘာလုံးဆိုင်ရာ စာချုပ်သစ်၌ လက်မှတ်ရေးထိုးခဲ့ သည်။ အမျိုးသမီးအဆိုကျော် ဘီဘီရက်ဇ်ဟာ အားဖြည့် သီဆို ထားသည့် ၎င်း၏ Name of Loveတေးသီချင်းကို ဂါရဇ်သည် ၂၀၁၆ဇူလိုင် ၂၉ ရက်တွင် ဆိုနီကုမ္ပဏီ နှင့် ပူးပေါင်း၍ ပထမဆုံး ထုတ်ဝေမည်ဖြစ်သည်။


Credit: 7 Day Daily



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top