iMyanmarHouse.com - Best Property Website for Myanmar
×

သိပၸံသုေတသနေတြက အရမ္းကို ထူးျခားတဲ့ အရာေတြပဲ ျဖစ္ပါတယ္။ ေလ့လာေတြ႔ရွိမႈအသစ္ေတြက အံ့အားသင့္စရာ အခ်က္အလက္ေတြကို သိလာေစပါတယ္။ အရင္က ကၽြန္မတို႔ သိခဲ့ၾကတာက ဆန္႔က်င္ဘက္လိင္ကုိ ဆြဲေဆာင္ႏုိင္ဖုိ႔အတြက္ ခႏၶာကိုယ္ကထြက္တဲ့ အနံ႔ေတြက အရမ္းကို အေရးပါတဲ့ အခန္းက႑မွာပါဝင္တယ္လို႔ သိထားခဲ့ၾကပါတယ္။

မၾကာခင္က ျပဳလုပ္ခဲ့တဲ့ သုေတသနတစ္ခုအရ အမ်ဳိးသားေတြက ပုိျပီးေယာက္်ားပီသေစဖုိ႔အတြက္ သူတို႔ရဲ႕ ခႏၶာကုိယ္အနံ႔ကုိ ေခၽြးန႔ံေပ်ာက္ေဆးသုံးျပီး ဖုံးအုပ္လုိၾကတာကို ေတြ႔ရွိရပါတယ္။ ေခၽြးနံ႔ေပ်ာက္ေဆး သုံးထားတဲ့ အမ်ဳိးသားေတြကို အမ်ဳိးသမီးေတြက ပိုျပီးႏွစ္သက္ၾကတာကို ေတြ႔ရွိခဲ့ၾကပါတယ္။ စေကာ့တလန္ႏုိင္ငံမွာရွိတဲ့ Stirling University က အနံ႔ေတြက ဆန္႔က်င္ဘက္လိင္ကို ဆြဲေဆာင္ႏုိင္မႈနဲ႔ ပတ္သက္ျပီး အေသးစိတ္ေလ့လာခဲ့ၾကပါတယ္။ သုေတသီေတြက အမ်ဳိးသား၊ အမ်ဳိးသမီး ၁၃၀ စီကုိ ဓာတ္ပုံကို ၾကည့္ျပီး ေယာက္်ားပီသတဲ့ မ်က္ႏွာေတြကို ေရြးခ်ယ္ခုိင္းခဲ့ပါတယ္။

ေနာက္ျပီး အျခား အမ်ဳိးသား ၊အမ်ဳိးသမီး ၂၃၉ ေယာက္ကို အနံ႔ကို သုံးျပီး ေယာက္်ားပီသမႈကို ေရြးခ်ယ္ခုိင္းခဲ့ပါတယ္။ ရုပ္ရည္သြင္ျပင္ ေယာက္်ားပီသမႈနည္းတဲ့ အမ်ဳိးသားေတြကုိ ေခၽြးနံ႔ေပ်ာက္ေဆး သုံးျပီးေနာက္ ေရြးခ်ယ္ခိုင္းခဲ့တဲ့အခါမွာ အမ်ဳိးသမီးေတြကို ပိုျပီးဆြဲေဆာင္ႏုိင္စြမ္းရွိလာတာကို ေတြ႔ရွိခဲ့ ၾကပါတယ္။

ဒီေလ့လာမႈအရ သိရွိလာတဲ့အခ်က္ေတြကေတာ့ - အမ်ဳိးသမီးေတြက အမ်ဳိးသားေတြထက္ အနံ႔ခံအာရုံ ပိုေကာင္းတယ္၊ မ်က္ႏွာက ေယာက္်ား သိပ္မပီသတဲ့သူေတြက ေခၽြးနံ႔ေပ်ာက္ေဆးသုံးလိုက္ရင္ ပိုျပီးဆြဲေဆာင္မႈရွိတဲ့ ေယာက္်ားတစ္ ေယာက္ အသြင္ ျဖစ္ေစတယ္၊ ေယာက္်ားပီသတဲ့ မ်က္နွာရွိျပီးသူေတြအတြက္ ေခၽြးနံ႔ေပ်ာက္ေဆးက ထူးထူး ျခားျခား ေျပာင္းလဲျပီး အက်ိဳးသက္ေရာက္မႈ မရွိဘူး ဆုိတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

Credit :trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

သိပ္ပံသုတေသနတွေက အရမ်းကို ထူးခြားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိမှုအသစ်တွေက အံ့အားသင့်စရာ အချက်အလက်တွေကို သိလာစေပါတယ်။ အရင်က ကျွန်မတို့ သိခဲ့ကြတာက ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကထွက်တဲ့ အနံ့တွေက အရမ်းကို အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်တယ်လို့ သိထားခဲ့ကြပါတယ်။

မကြာခင်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ အမျိုးသားတွေက ပိုပြီးယောက်ျားပီသစေဖို့အတွက် သူတို့ရဲ့ ခန္ဓာကိုယ်အနံ့ကို ချွေးနံ့ပျောက်ဆေးသုံးပြီး ဖုံးအုပ်လိုကြတာကို တွေ့ရှိရပါတယ်။ ချွေးနံ့ပျောက်ဆေး သုံးထားတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေက ပိုပြီးနှစ်သက်ကြတာကို တွေ့ရှိခဲ့ကြပါတယ်။ စကော့တလန်နိုင်ငံမှာရှိတဲ့ Stirling University က အနံ့တွေက ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်မှုနဲ့ ပတ်သက်ပြီး အသေးစိတ်လေ့လာခဲ့ကြပါတယ်။ သုတေသီတွေက အမျိုးသား၊ အမျိုးသမီး ၁၃၀ စီကို ဓာတ်ပုံကို ကြည့်ပြီး ယောက်ျားပီသတဲ့ မျက်နှာတွေကို ရွေးချယ်ခိုင်းခဲ့ပါတယ်။

နောက်ပြီး အခြား အမျိုးသား ၊အမျိုးသမီး ၂၃၉ ယောက်ကို အနံ့ကို သုံးပြီး ယောက်ျားပီသမှုကို ရွေးချယ်ခိုင်းခဲ့ပါတယ်။ ရုပ်ရည်သွင်ပြင် ယောက်ျားပီသမှုနည်းတဲ့ အမျိုးသားတွေကို ချွေးနံ့ပျောက်ဆေး သုံးပြီးနောက် ရွေးချယ်ခိုင်းခဲ့တဲ့အခါမှာ အမျိုးသမီးတွေကို ပိုပြီးဆွဲဆောင်နိုင်စွမ်းရှိလာတာကို တွေ့ရှိခဲ့ ကြပါတယ်။

ဒီလေ့လာမှုအရ သိရှိလာတဲ့အချက်တွေကတော့ - အမျိုးသမီးတွေက အမျိုးသားတွေထက် အနံ့ခံအာရုံ ပိုကောင်းတယ်၊ မျက်နှာက ယောက်ျား သိပ်မပီသတဲ့သူတွေက ချွေးနံ့ပျောက်ဆေးသုံးလိုက်ရင် ပိုပြီးဆွဲဆောင်မှုရှိတဲ့ ယောက်ျားတစ် ယောက် အသွင် ဖြစ်စေတယ်၊ ယောက်ျားပီသတဲ့ မျက်နှာရှိပြီးသူတွေအတွက် ချွေးနံ့ပျောက်ဆေးက ထူးထူး ခြားခြား ပြောင်းလဲပြီး အကျိုးသက်ရောက်မှု မရှိဘူး ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top