iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားစုက ပံုမွန္၀မ္းခ်ဳပ္တတ္တဲ့အက်င့္ ဒါမွမဟုတ္ ခရီးသြားရာမွာ ၀မ္းေအာင့္ထားတတ္တဲ့အက်င့္ေတြေၾကာင့္ ၀မ္းသြားရင္း ေသြးပါတာလုိ၊ လိပ္ေခါင္းအနည္းငယ္ ထြက္တာလုိမ်ဳိး ျဖစ္ဖူးၾကမွာပါ။

လိပ္ေခါင္းအမ်ဳိးအစားအမ်ားစုကရက္အနည္းငယ္အတြင္း သူ႔ဘာသာသူ
 ေပ်ာက္ကင္းသြားတတ္ပါတယ္။ ဒါေပမဲ့လည္း တခ်ဳိ႕အစားအစာေတြက လိပ္ေခါင္းေရာဂါကုိ ပုိမုိဆုိးရြားသြားေစႏုိင္ၿပီး ခဲြစိတ္ကုသမႈခံယူရတဲ့အထိ ျဖစ္သြားႏုိင္တာမုိ႔ လိပ္ေခါင္းျဖစ္ခါစမွာ ေရွာင္ရွားသင့္တဲ့အစားအစာေတြကုိ ေဖာ္ျပေပးလုိက္ပါတယ္။

‎အမွ်င္ဓာတ္လြန္ကဲေသာ_အစားအစာမ်ား‬
အမွ်င္ဓာတ္ ပါ၀င္မႈမ်ားတဲ့အစားအစာေတြက ၀မ္းခ်ဳပ္တာနဲ႔ အူမႀကီးကင္ဆာ ျဖစ္ႏုိင္တာကုိ ကာကြယ္ႏုိင္တယ္လုိ႔ လူတုိင္းနီးပါး သိရွိထားၿပီး ျဖစ္ပါတယ္။ လိပ္ေခါင္းေရာဂါရွိသူေတြအေနနဲ႔ အလြန္႔အလြန္မ်ားျပားတဲ့ အမွ်င္ဓာတ္ ပါ၀င္တဲ့အစားအစာေတြကုိ ေရွာင္ရွားသင့္တာက အမွ်င္ဓာတ္ဟာ ၀မ္းရဲ႕ အရြယ္အစားကုိ ႀကီးထြားေစႏုိင္တာေၾကာင့္ပါ။

ဖြပ္ဖြပ္ျဖဴေအာင္ဖြပ္ထားေသာ_ေကာက္ႏွံမ်ား‬
လိပ္ေခါင္းေရာဂါရွိတာေၾကာင့္ အမွ်င္ဓာတ္ပါ၀င္တဲ့အစာကုိ လံုး၀ျဖတ္ရမယ္လုိ႔ေတာ့ မဆုိလုိပါဘူး။ အမွ်င္ဓာတ္အသင့္အတင့္ပါ၀င္တဲ့ ပန္းေဂၚဖီ၊ စြံပလြန္သီး၊ ဆင္ေခါင္းပဲ၊ ဆီးသီးနဲ႔ သစ္သီးေဖ်ာ္ရည္ေတြကိုေတာ့ စားသံုးႏုိင္ပါတယ္။ အမွ်င္ဓာတ္လံုး၀ မပါ၀င္တဲ့ ဖြပ္ဖြပ္ျဖဴေအာင္ ဖြပ္ထားတဲ့ ေကာက္ႏွံေတြက ၀မ္းခ်ဳပ္ေစႏုိင္တာမုိ႔ ေရွာင္သင့္ပါတယ္။

‎ျပဳျပင္ထားေသာ_အစားအစာမ်ား‬
ျပဳျပင္ထားတဲ့အစားအစာေတြမွာ အာဟာရအနည္းငယ္သာပါ၀င္ၿပီး ဓာတုပစၥည္း ပါ၀င္မႈမ်ားတဲ့အတြက္ လိပ္ေခါင္းရွိသူေတြ ေရွာင္ရွားသင့္ပါတယ္။ သူ႔မွာ ပါ၀င္တဲ့ ပစၥည္းေတြက ေရာင္ရမ္းမႈကုိ ပုိုမိုဆုိးရြားေစႏုိင္တာေၾကာင့္ လိပ္ေခါင္းေၾကာင့္ ျဖစ္တဲ့ေ၀ဒနာေတြကုိ ပုိမုိခံစားရႏုိင္ပါတယ္။

‎အငန္လြန္ကဲေသာ_အစားအစာမ်ား‬
ဆုိဒီယမ္ပါ၀င္မႈမ်ားတဲ့အစားအစာေတြက က်န္းမာေရးအတြက္ မေကာင္းဘူးဆုိတာေတာ့ သိၾကၿပီး ျဖစ္မွာပါ။ အငန္လြန္ကဲတဲ့အစားအစာေတြက ခႏၶာကုိယ္အတြင္း ေရဓာတ္ခန္းေျခာက္ေစႏုိင္တဲ့အတြက္ ၀မ္းခ်ဳပ္ႏုိင္ပါတယ္။ ဒါ့အျပင္
ဒီအစားအစာေတြက ေလပြေစႏုိင္ၿပီး လိပ္ေခါင္းေရာဂါ ပုိမုိဆုိးရြားလာေစႏုိင္ပါတယ္။

‎ႏို႔ႏွင့္_ႏုိ႔ထြက္ပစၥည္းမ်ား‬
ႏုိ႔နဲ႔ ႏုိ႔ထြက္ပစၥည္းေတြက လိပ္ေခါင္းေရာဂါေၾကာင့္ နာက်င္မႈေ၀ဒနာကို ပုိမုိဆုိးရြားေစႏုိင္တယ္လုိ႔ ကၽြမ္းက်င္သူေတြက ဆုိပါတယ္။ ဂက္စ္ထုတ္လုပ္မႈလြန္ကဲတဲ့အတြက္ေၾကာင့္လုိ႔ ရွင္းျပပါတယ္။ ဒါ့အျပင္ ႏုိ႔ထြက္ပစၥည္းစားသံုးတာ မ်ားတာေၾကာင့္ ၀မ္းသြားတဲ့ပမာဏ ပုိမ်ားလာႏုိင္တဲ့အတြက္ပါလုိ႔လည္း ဆုိပါတယ္။

‎အစပ္စာမ်ား‬
လိပ္ေခါင္းေရာဂါရွိသူ (အထူးသျဖင့္ လိပ္ေခါင္းေၾကာင့္ ၀မ္းသြားရင္ ေသြးပါသူ) ေတြအေနနဲ႔ အစပ္စာကုိ အထူးေရွာင္သင့္ပါတယ္။ အစပ္စာစားတာေၾကာင့္ ပုိၿပီး ၀မ္းသြားတဲ့အခါမွာ နာက်င္မႈေ၀ဒနာ ပုိမုိဆုိးရြားႏုိင္တာေၾကာင့္ပါ။

‎မမွည့္ေသာ_သစ္သီးမ်ား‬
မမွည့္ေသးတဲ့ သစ္သီးေတြကုိ စားသံုးတဲ့အခါမွာ သင္ရဲ႕ အစာေျခစနစ္က သူတုိ႔ကုိ အစာေျခဖုိ႔ ခက္ခက္ခဲခဲ အလုပ္လုပ္ရပါတယ္။ ဒါ့အျပင္ ငွက္ေပ်ာသီးလုိမ်ဳိး အသီးေတြကုိ အစိမ္းစားတာေၾကာင့္ ၀မ္းခ်ဳပ္တဲ့အတြက္ လိပ္ေခါင္းေရာဂါ ပုိမုိဆုိးရြားႏုိင္ပါတယ္။

‎အယ္လ္ကုိေဟာ‬
အယ္လ္ကုိေဟာေတြက ခႏၶာကုိယ္ရဲ႕ ေရဓာတ္ကုိ ခန္းေျခာက္ေစႏုိင္တာေၾကာင့္ ၀မ္းခ်ဳပ္ေစႏုိင္ၿပီး လိပ္ေခါင္းပုိမုိဆုိးရြားႏုိင္ပါတယ္။ ဒါ့အျပင္ အယ္လ္ကုိေဟာေတြက အစာေျခစနစ္ကုိ အေႏွာင့္အယွက္ေပးႏုိင္တဲ့အတြက္ ၀မ္းေရြ႕လ်ားမႈျပဳလုပ္တုိင္း နာက်င္မႈေ၀ဒနာ ပုိမုိ ခံစားရႏုိင္ပါတယ္။

‪‎ေကာ္ဖီ‬
ေကာ္ဖီကလည္း အယ္လ္ကုိေဟာလုိမ်ဳိးပဲ ဆီးရႊင္ေစႏုိင္တာေၾကာင့္ ခႏၶာကုိယ္အတြင္း ေရဓာတ္ခန္းေျခာက္ႏုိင္တဲ့အတြက္ ၀မ္းခ်ဳပ္ကာ ေ၀ဒနာကုိ ပုိမုိဆုိးရြားေစႏုိင္ပါတယ္။

Credit: Good Health

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

လူအများစုက ပုံမှန်ဝမ်းချုပ်တတ်တဲ့အကျင့် ဒါမှမဟုတ် ခရီးသွားရာမှာ ဝမ်းအောင့်ထားတတ်တဲ့အကျင့်တွေကြောင့် ဝမ်းသွားရင်း သွေးပါတာလို၊ လိပ်ခေါင်းအနည်းငယ် ထွက်တာလိုမျိုး ဖြစ်ဖူးကြမှာပါ။

လိပ်ခေါင်းအမျိုးအစားအများစုကရက်အနည်းငယ်အတွင်း သူ့ဘာသာသူ
 ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့လည်း တချို့အစားအစာတွေက လိပ်ခေါင်းရောဂါကို ပိုမိုဆိုးရွားသွားစေနိုင်ပြီး ခွဲစိတ်ကုသမှုခံယူရတဲ့အထိ ဖြစ်သွားနိုင်တာမို့ လိပ်ခေါင်းဖြစ်ခါစမှာ ရှောင်ရှားသင့်တဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

‎အမျှင်ဓာတ်လွန်ကဲသော_အစားအစာများ‬
အမျှင်ဓာတ် ပါဝင်မှုများတဲ့အစားအစာတွေက ဝမ်းချုပ်တာနဲ့ အူမကြီးကင်ဆာ ဖြစ်နိုင်တာကို ကာကွယ်နိုင်တယ်လို့ လူတိုင်းနီးပါး သိရှိထားပြီး ဖြစ်ပါတယ်။ လိပ်ခေါင်းရောဂါရှိသူတွေအနေနဲ့ အလွန့်အလွန်များပြားတဲ့ အမျှင်ဓာတ် ပါဝင်တဲ့အစားအစာတွေကို ရှောင်ရှားသင့်တာက အမျှင်ဓာတ်ဟာ ဝမ်းရဲ့ အရွယ်အစားကို ကြီးထွားစေနိုင်တာကြောင့်ပါ။

ဖွပ်ဖွပ်ဖြူအောင်ဖွပ်ထားသော_ကောက်နှံများ‬
လိပ်ခေါင်းရောဂါရှိတာကြောင့် အမျှင်ဓာတ်ပါဝင်တဲ့အစာကို လုံးဝဖြတ်ရမယ်လို့တော့ မဆိုလိုပါဘူး။ အမျှင်ဓာတ်အသင့်အတင့်ပါဝင်တဲ့ ပန်းဂေါ်ဖီ၊ စွံပလွန်သီး၊ ဆင်ခေါင်းပဲ၊ ဆီးသီးနဲ့ သစ်သီးဖျော်ရည်တွေကိုတော့ စားသုံးနိုင်ပါတယ်။ အမျှင်ဓာတ်လုံး၀ မပါဝင်တဲ့ ဖွပ်ဖွပ်ဖြူအောင် ဖွပ်ထားတဲ့ ကောက်နှံတွေက ဝမ်းချုပ်စေနိုင်တာမို့ ရှောင်သင့်ပါတယ်။

‎ပြုပြင်ထားသော_အစားအစာများ‬
ပြုပြင်ထားတဲ့အစားအစာတွေမှာ အာဟာရအနည်းငယ်သာပါဝင်ပြီး ဓာတုပစ္စည်း ပါဝင်မှုများတဲ့အတွက် လိပ်ခေါင်းရှိသူတွေ ရှောင်ရှားသင့်ပါတယ်။ သူ့မှာ ပါဝင်တဲ့ ပစ္စည်းတွေက ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေနိုင်တာကြောင့် လိပ်ခေါင်းကြောင့် ဖြစ်တဲ့ဝေဒနာတွေကို ပိုမိုခံစားရနိုင်ပါတယ်။

‎အငန်လွန်ကဲသော_အစားအစာများ‬
ဆိုဒီယမ်ပါဝင်မှုများတဲ့အစားအစာတွေက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာတော့ သိကြပြီး ဖြစ်မှာပါ။ အငန်လွန်ကဲတဲ့အစားအစာတွေက ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်စေနိုင်တဲ့အတွက် ဝမ်းချုပ်နိုင်ပါတယ်။ ဒါ့အပြင်
ဒီအစားအစာတွေက လေပွစေနိုင်ပြီး လိပ်ခေါင်းရောဂါ ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

‎နို့နှင့်_နို့ထွက်ပစ္စည်းများ‬
နို့နဲ့ နို့ထွက်ပစ္စည်းတွေက လိပ်ခေါင်းရောဂါကြောင့် နာကျင်မှုဝေဒနာကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဂက်စ်ထုတ်လုပ်မှုလွန်ကဲတဲ့အတွက်ကြောင့်လို့ ရှင်းပြပါတယ်။ ဒါ့အပြင် နို့ထွက်ပစ္စည်းစားသုံးတာ များတာကြောင့် ဝမ်းသွားတဲ့ပမာဏ ပိုများလာနိုင်တဲ့အတွက်ပါလို့လည်း ဆိုပါတယ်။

‎အစပ်စာများ‬
လိပ်ခေါင်းရောဂါရှိသူ (အထူးသဖြင့် လိပ်ခေါင်းကြောင့် ဝမ်းသွားရင် သွေးပါသူ) တွေအနေနဲ့ အစပ်စာကို အထူးရှောင်သင့်ပါတယ်။ အစပ်စာစားတာကြောင့် ပိုပြီး ဝမ်းသွားတဲ့အခါမှာ နာကျင်မှုဝေဒနာ ပိုမိုဆိုးရွားနိုင်တာကြောင့်ပါ။

‎မမှည့်သော_သစ်သီးများ‬
မမှည့်သေးတဲ့ သစ်သီးတွေကို စားသုံးတဲ့အခါမှာ သင်ရဲ့ အစာခြေစနစ်က သူတို့ကို အစာခြေဖို့ ခက်ခက်ခဲခဲ အလုပ်လုပ်ရပါတယ်။ ဒါ့အပြင် ငှက်ပျောသီးလိုမျိုး အသီးတွေကို အစိမ်းစားတာကြောင့် ဝမ်းချုပ်တဲ့အတွက် လိပ်ခေါင်းရောဂါ ပိုမိုဆိုးရွားနိုင်ပါတယ်။

‎အယ်လ်ကိုဟော‬
အယ်လ်ကိုဟောတွေက ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ခန်းခြောက်စေနိုင်တာကြောင့် ဝမ်းချုပ်စေနိုင်ပြီး လိပ်ခေါင်းပိုမိုဆိုးရွားနိုင်ပါတယ်။ ဒါ့အပြင် အယ်လ်ကိုဟောတွေက အစာခြေစနစ်ကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် ဝမ်းရွေ့လျားမှုပြုလုပ်တိုင်း နာကျင်မှုဝေဒနာ ပိုမို ခံစားရနိုင်ပါတယ်။

‪‎ကော်ဖီ‬
ကော်ဖီကလည်း အယ်လ်ကိုဟောလိုမျိုးပဲ ဆီးရွှင်စေနိုင်တာကြောင့် ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်နိုင်တဲ့အတွက် ဝမ်းချုပ်ကာ ဝေဒနာကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

Credit: Good Health

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top