iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသုံးအဆောင်တွေ ပိုပြီးများများစားစား သုံးကြရပါတယ်။ နေ့စဉ်လိုအပ်ချက် အသုံးအဆောင်တွေကိုက မနည်းပါဘူး။ ဒီလိုမျိုး နေ့စဉ်သုံးနေရတဲ့ အရာတွေကို အချိန်ကာလတစ်ခုရောက်တဲ့အခါ အသစ်တစ်ခုနဲ့ အစားထိုး လဲလှယ်ပေးရမှာဖြစ်ပါတယ်။ ဘယ်လိုပစ္စည်းတွေကို ဘယ်အချိန်မှာ အသစ်နဲ့လဲလှယ်သုံးစွဲရမလဲဆိုတာကို ရေးသားဖော်ပြလိုက်ပါတယ်။

၁။ သွားတိုက်တံ

ကျွမ်းကျင်သူတွေကတော့ သွားတိုက်တံကို အနည်းဆုံး ၃ လမှ ၄လ ကြား အမြဲတမ်းလဲလှယ်ဖို့ ဆိုထားပါတယ်။ လျှပ်စစ်နဲ့တိုက်တယ်ဆိုရင်လည်း သွားတိုက်တံခေါင်းကို လဲပေးရမှာပါ။

၂။ ဘရာစီယာ

ဘရာတစ်ထည်ကို အမြဲတမ်းလိုလို ဝတ်ဖြစ်နေတယ်ဆိုရင်တော့ ခြောက်လလောက်မှာ အသစ်တစ်ခုနဲ့အစားထိုးသင့်ပါတယ်။ အံ့သြမသွားပါနဲ့။ အချို့တွေဆိုရင် ဘရာတစ်ထည်ကို နှစ်ပေါင်းများစွာကြာအောင် ဝတ်နေကြပါတယ်။ ဘရာတစ်ထည်တည်းကို ခဏခဏဝတ်လာရင် လိုအပ်တဲ့တင်းရင်းမှုတွေ မရနိုင်တော့ပါဘူး။ ပြီးတော့ ခန္ဓာကိုယ်ကလည်း အမျိုးမျိုးပြောင်းလဲနေတော့ ဘရာတစ်မျိုးတည်းကို ကြာကြာဝတ်တာ သင့်ရင်သားတွေအတွက် ရေရှည်မှာထိခိုက်စေလာနိုင်ပါတယ်။

၃။ မွေ့ယာ

၇ နှစ် ၈ နှစ်လောက် အသုံးပြုပြီးရင်တော့ မွေ့ယာအသစ်ကို လဲလိုက်တာ အကောင်းဆုံးပါပဲ။ အချိန်ကြာလာတော့ မွေ့ယာဟောင်းက သက်တောင့်သက်သာမဖြစ်တော့ဘူးလေ။

၎။ ခေါင်းအုံး

ပုံမှန်အားဖြင့်တော့ ခေါင်းအုံးတွေဟာ ၂ နှစ် (သို့မဟုတ်) ၃ နှစ်လောက်ကြာလာရင် အုံးလို့မကောင်းတော့ပါဘူး။ ပြားကပ်ကပ်ကြီးဖြစ်လာတော့ အိပ်ရတာ အဆင်မပြေတော့တာကို ခံစားမိလာမှာပါ။ ဒါဆိုရင်တော့ ခေါင်းအုံးအသစ်သာ လဲလှယ်လိုက်ပါ။ ခေါင်းအုံးစွပ်တွေကိုလည်း အနည်းဆုံး ၃ ရက် တစ်ကြိမ်လောက် လဲရမှာဖြစ်ပါတယ်။

၅။ မိတ်ကပ်လိမ်းတဲ့ဘရပ်ရှ်

မိတ်ကပ်လိမ်းတဲ့ ဘရပ်ရှ် (စုတ်တံ)တွေကို ညနေခင်းတိုင်းမှာ ဆေးကြောသင့်ပါတယ်။ ဘရပ်ရှ်မှာကပ်နေတဲ့ မိတ်ကပ်အကြွင်းအကျန်တွေက ဝက်ခြံတွေကိုဖြစ်စေနိုင်လို့ပါပဲ။ အကောင်းစားဘရပ်ရှ်တွေကတော့ ကြာကြာအသုံးခံပေမယ့် အနားဖွာတာတွေ အမွေးတွေကျဲကုန်တာတွေ ဖြစ်နေရင်တော့ အသစ်လဲလိုက်ပါ။

၆။ အလှကုန်ပစ္စည်းများ

ကုန်ပစ္စည်းတွေမှာပါတဲ့ သက်တမ်းကုန်မယ့်နေ့စွဲဆိုတာ ဘူးမဖွင့်ရသေးတဲ့အချိန်ကို ဆိုလိုတာပါ။ ဖွင့်ပြီးသုံးနေပြီဆိုရင်တော့ ၆ လမှ ၂ နှစ်အထိသာ သုံးသင့်ပါတယ်။ အထူးသဖြင့် မျက်တောင်ကော့ဆေးဆိုရင် ၆ လ သာ သုံးရမှာဖြစ်ပြီး နှုတ်ခမ်းနီတွေကတော့ နှစ်နဲ့ချီသုံးလို့ရပါတယ်။ နှုတ်ခမ်းနီရဲ့အနံ့သက် ပြောင်းလဲလာရင်လည်း မသုံးသင့်တော့ပါဘူး။

၇။ အမွေးရိတ်ဓား

အမွေးမှင်ရိတ်တဲ့ ဓားတွေကို အသစ်ဝယ်ဖို့ နှမျောပြီး မလဲဘဲနေရင်တော့ ဒုက္ခရောက်နိုင်ပါတယ်။ နေ့စဉ်သုံးနေတဲ့ အမွေးရိတ်စက်က ဘလိတ်ဓားကို အနည်းဆုံး ၃ ရက်မှ အများဆုံး ၆ ရက်ထိပဲ သုံးသင့်ပါတယ်။

Credit : Duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top