iMyanmarHouse.com - Best Property Website for Myanmar
×

ရေ နေ့တိုင်းချိုးတာက ကျန်းမာရေးနဲ့ မညီညွတ်သလို လိုလည်း မလိုအပ်ပါဘူးလို့ ကယ်လီဖိုးနီးယား ဆေးတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနပြုချက်တွေက ဖော်ပြနေပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က ကိုယ်တိုင်သန့်ရှင်းရေးလုပ်နိုင်တာထက် ပိုပြီးလုပ်နိုင်တယ်လို့ ဆိုပါတယ်။ ရေချိုးတဲ့အခါ ဆပ်ပြာတွေက အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားပစ်လိုက်တဲ့အတွက် အရေပြားကို ခြောက်သွေ့ကြမ်းတမ်း စေပါတယ်။

ခေါင်းလျှော်ရည်တွေကလည်း ဦးရေပြားနဲ့ မွေးညင်းပေါက်တွေထဲက အဆီတွေကို ဖယ်ရှားပစ်လိုက်တဲ့အတွက် ဆံသားကို အားနည်းခြောက်သွေ့စေပါတယ်။ ဒီနေ့ခေတ်မှာ ဆံပင်နဲ့ အရေပြားအတွက် အစိုဓာတ်ထိန်းခရင်မ်တွေ၊ ပျော့ဆေးတွေရနိုင်ပေမဲ့ ခန္ဓာကိုယ်က အလိုအလျောက် ပြုလုပ်ပေးတဲ့ ကျန်းမာသန်စွမ်းတဲ့ သဘာဝကို လိုက်မမီပါဘူး။

လူတစ်ယောက် ရေချိုးတဲ့ အကြောင်းရင်းက အညစ်အကြေးတွေ၊ အဆီတွေနဲ့ပိုးမွှားတွေ သန့်စင်စေဖို့၊ လတ်ဆတ် သန့်ရှင်းမှုကို ခံစားရဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ သန့်ရှင်းချင်လွန်းတဲ့စိတ်နဲ့ ရေချိုးလိုက်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ အောက်ကအရေပြားလွှာတွေကို ကာကွယ်ပေးထားတဲ့ အပ်ါယံဆဲလ်သေ အလွှာကို ဖယ်ရှားပစ်လိုက်မိတာပဲ ဖြစ်ပါတယ်။  ရေချိုးပြီး ခန္ဓာကိုယ်ကို ပွတ်တိုက်မိတဲ့အခါတိုင်း အပေါ်ယံအလွှာကို ပျက်စီးစေပါတယ်။ ပိုပြီး ပွတ်တိုက်လေ အပျက်အစီးတွေ များလာလေပဲ ဖြစ်ပါတယ်။ ဒီအခါမှာ ကျန်းမာတဲ့ အရေပြားအလွှာတွေက အကာအကွယ်မဲ့သွားပြီး ခြောက်သွေ့ပျက်စီးလွယ်သွားမှာ ဖြစ်ပါတယ်။ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကူးစက်ရောဂါပိုး တွေကို ကာကွယ်ဖို့ အရေးပါတဲ့ အကျိုးပြုဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပစ်လိုက်ရာ ရောက်ပါတယ်။ ဦးရေပြားမှာဆိုရင်လည်း အလားတူပဲ ဖြစ်ပါတယ်။

ဒါကြောင့် အကောင်းဆုံးကတော့ တစ်ရက်ခြားတစ်ခါ ရေချိုးပြီး ပွတ်တိုက်သန့်ရှင်းပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။ လူတစ်ယောက်အနေနဲ့ နေ့စဉ်ရေချိုးဖို့မလိုဘဲ ချိုင်း၊ ပေါင်ခြံနဲ့ ခြေဖဝါးတွေကို သန့်ရှင်းပေးရုံနဲ့ အကျိုးပြု ဘက်တီးရီးယားတွေကိုလည်း မပျက်စီးစေသလို အရေပြားခြောက်သွေ့မှုကိုလည်း တားဆီး ပေးနိုင်ပါတယ်။ဒါကြောင့် နေ့စဉ်ရေမချိုးခြင်းဖြင့် ကျန်းမာသန့်ရှင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Credit: Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top