iMyanmarHouse.com - Best Property Website for Myanmar
×





Credit :7 Day Daily



#Unicode

 တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များ အဖွဲ့ EXO သည် ၂၀၁၆ ပထမ နှစ်ဝက်တွင် တေးအယ်လ်ဘမ် ရောင်းအားအကောင်းဆုံး အဖွဲ့ ဖြစ်သည်ဟု တေးဂီတစာရင်းများ ကို ဖော်ပြသည့် တောင်ကိုရီးယား ကုမ္ပဏီ Gaon Chart က ထုတ် ပြန်သည်။

Gaon Chart ဖော်ပြသည့် ၂၀၁၆ ပထမနှစ်ဝက်တွင် ရောင်း အားအကောင်းဆုံး ကိုရီးယား တေးအယ်လ်ဘမ်များစာရင်း၌ EXO အဖွဲ့၏ တတိယမြောက်နှင့် နောက်ဆုံးထွက်ရှိထားသော တေးအယ်လ်ဘမ် EX'ACT က နံပါတ်(၁)နေရာ ရရှိခဲ့သည်။

EX'ACT ကိုရီးယားတေး အယ်လ်ဘမ်သည် အယ်လ်ဘမ် ချပ်ရေပေါင်း ၅၂၄,၈၂၃ ချပ် ရောင်းကုန်ထားပြီး ထိပ်တန်း တေးအယ်လ်ဘမ် ၁၀၀ စာရင်း တွင် ထိပ်ဆုံးနေရာ ရရှိခဲ့သည်။ EX'ACT တရုတ်တေးအယ်လ် ဘမ်သည် ချပ်ရေပေါင်း ၂၄၁,၄၂၁ရောင်းကုန်ခဲ့သည်ဟု သိရသည်။

Bangtan Boys ခေါ် BTS ကေပေါ့ပ်အဖွဲ့သည် ၎င်းတို့၏ တတိယမြောက် တေးအယ်လ် ဘမ် Hwayangyeonhw ချပ်ရေ ၃၁၉,၃၂၇ ရောင်းမှုဖြင့် ရောင်း အားအကောင်းဆုံး တေးအယ်လ် ဘမ်များစာရင်း၌ နံပါတ် ၂ နေရာရရှိခဲ့သည်။ BTS အဖွဲ့ပြီးလျှင် Seventeen အဖွဲ့၏ တေး အယ်လ်ဘမ် Love & Letter က နံပါတ် ၃ နေရာ ရရှိခဲ့သည်။

Credit :7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top