Credit :duwun
#Unicode
ပေါ်တူဂီအသင်းနဲ့ ယူရိုချန်ပီယံဖြစ်ပြီးနောက် အားလပ်ရက်ရှည်ယူပြီး အပန်းဖြေနေဆဲဖြစ်တဲ့ ရော်နယ်ဒိုက ဂျနီဖာလိုပက်ဇ်ရဲ့ ဖျော်ဖြေပွဲကိုသွားရောက်ခဲ့တဲ့အပြင် ပါတီပွဲပါ အတူနွှဲခဲ့ကြသေးကြောင်း သိရပါတယ်။
လက်စ်ဗီးဂတ်စ်မှာ လုပ်ခဲ့တဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ ဖျော်ဖြေပွဲမှာ ရော်နယ်ဒို လာရောက်အားပေးတာတွေ့ရပြီး အထူးဧည့်သည်တွေ အားပေးနေကြတဲ့ နေရာမှာ ကင်ကာဒါရှီရန်တို့လည်း ရှိနေခဲ့တာတွေ့ရပါတယ်။
ဖျော်ဖြေပွဲပြီးဆုံးပြီးနောက် Caesars Palace မှာ ပြုလုပ်တဲ့ ဂျနီဖာလိုပက်ဇ်ရဲ့ မွေးနေ့ပါတီကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဂျနီဖာလိုပက်ဇ်နဲ့ ရော်နယ်ဒိုတို့ ဆယ်ဖီအတူတွဲရိုက်နေတဲ့ ဓာတ်ပုံတွေအပြင် အခြားသော အနုပညာအသိုင်းအဝိုင်းကလူတွေလည်း များစွာ ပါဝင်ခဲ့ပါတယ်။
ပြင်သစ်အသင်းနဲ့ ကစားခဲ့တဲ့ဗိုလ်လုပွဲမှာ ဒဏ်ရာရပြီးတဲ့နောက် ရော်နယ်ဒိုကသူ့ရဲ့ အားလပ်ရက်တွေကို အချိန်ထပ်ယူထားပြီး ခရီးတွေဆက်တိုက် ထွက်လျှက်ရှိပါတယ်။ ဂျနီဖာလိုပက်ဇ်နဲ့မတွေ့ခင်ကလည်း အိုင်ယာလန် တိုက်ခိုက်ရေးသမား မက်ဂရီဂါနဲ့ တွေ့ဆုံပြီး ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။
Credit :duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ဂျနီဖာလိုပက်ဇ် နဲ့ Las Vegasမှာ ပါတီပွဲ နွှဲခဲ့တဲ့ ရော်နယ်ဒို
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။