iMyanmarHouse.com - Best Property Website for Myanmar
×

အာရွမွာတင္မဟုတ္ဘဲ ေဟာလိဝုဒ္မွာပါ ေက်ာ္ၾကားတဲ့ ေတာင္ကိုရီးယားအႏုပညာၾကယ္ပြင့္ ရိန္းရဲ႕ နာမည္အရင္းကေတာ့ ဂ်န္ဂ်ီဟြန္း ျဖစ္ျပီး ပရိသတ္ေတြကေတာ့ သူ႕ကို အဆိုေတာ္ ရိန္းအျဖစ္ သိထားၾကပါတယ္။ ရိန္း ပါဝင္သရုပ္ေဆာင္ခဲ့တဲ့ Full House ကိုရီးယား ဟာသဇာတ္လမ္းတြဲထဲက ဇာတ္ေကာင္နာမည္ လီေရာင္ေဂ်းအျဖစ္လည္း လူသိမ်ားျပန္ပါတယ္။

အသက္ ၁၆ ႏွစ္အရြယ္ကတည္းက အႏုပညာေလာကကုိ ဝင္ေရာက္ခဲ့တဲ့ ရိန္းဟာ စစခ်င္းမွာ Fanclub ဆုိတဲ့ အဆိုေတာ္အဖြဲ႕ထဲမွာ အဖြဲ႕ဝင္အဆိုေတာ္အျဖစ္ ပါဝင္ခဲ့ျပီး ေတးအယ္လ္ဘမ္ ၂ခုထုတ္ေဝခဲ့ပါတယ္။ ၂၀၀၂ ခုႏွစ္မွစတင္ကာ ရိန္းအမည္နဲ႕ တစ္ကိုယ္ေတာ္ ေတးသီခ်င္းေတြ စတင္ သီဆိုေဖ်ာ္ေျဖခဲ့ပါတယ္။


သရုပ္ေဆာင္ေလာကထဲကိုေတာ့ ၂၀၀၃ ခုႏွစ္မွာ စတင္ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ ၂၀၀၄ ခုႏွစ္မွာ စတင္ကာ ေအာင္ျမင္မႈေတြ တစ္ဟုန္ထိုးရရွိခဲ့တဲ့ သူ ဟာ အခုဆိုရင္ ေတးအယ္လ္ဘမ္ ၆ ခုတိတိ ထုတ္ေဝခဲ့ၿပီးျဖစ္သလို ကမာၻလွည့္ ဂီတေဖ်ာ္ေျဖပြဲေပါင္းမ်ားစြာကိုလည္း သီဆုိေဖ်ာ္ေျဖခဲ့ပါတယ္။

ရုပ္ရွင္ဇာတ္လမ္းတြဲ အမ်ားအျပားမွာ ပါဝင္ သရုပ္ေဆာင္ေလ့ရွိတဲ့ ရိန္းဟာ ရုပ္ရွင္ဇာတ္ကားအေနနဲ႕လည္း ႏုိင္ငံတကာ နာမည္ႀကီးကုမၸဏီၾကီးေတြနဲ႕ တြဲဖက္ရိုက္ကူး သရုပ္ေဆာင္ခဲ့သူပါ။


Speed Racer, Ninja Assassin ဇာတ္ကားေတြကေတာ့ သူ႕ရဲ႕ နာမည္ၾကီး ရုပ္ရွင္ဇာတ္ကားေတြျဖစ္ျပီး လက္ရွိမွာေတာ့ ကိုရီးယားဒရာမာ မင္းသမီးေခ်ာေလး ကင္ေတဟီးနဲ႕ ခ်စ္ႀကိဳးသြယ္လ်က္ရွိတဲ့ သူ႕ကို လူငယ္ပရိသတ္ေတြေရာ လူလတ္ပိုင္း ပရိသတ္ေတြပါ အခုထက္ထိ အခုိင္အမာ အားေပးေနဆဲပါ။

ေတာင္ကိုရီးယားအႏုပညာၾကယ္ပြင့္ ရိန္းကုိ ၁၉၈၂ ခုႏွစ္ ဇြန္လ ၂၅ ရက္မွာ ေမြးဖြားခဲ့တာ ျဖစ္ပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

အာရှမှာတင်မဟုတ်ဘဲ ဟောလိဝုဒ်မှာပါ ကျော်ကြားတဲ့ တောင်ကိုရီးယားအနုပညာကြယ်ပွင့် ရိန်းရဲ့ နာမည်အရင်းကတော့ ဂျန်ဂျီဟွန်း ဖြစ်ပြီး ပရိသတ်တွေကတော့ သူ့ကို အဆိုတော် ရိန်းအဖြစ် သိထားကြပါတယ်။ ရိန်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Full House ကိုရီးယား ဟာသဇာတ်လမ်းတွဲထဲက ဇာတ်ကောင်နာမည် လီရောင်ဂျေးအဖြစ်လည်း လူသိများပြန်ပါတယ်။

အသက် ၁၆ နှစ်အရွယ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ ရိန်းဟာ စစချင်းမှာ Fanclub ဆိုတဲ့ အဆိုတော်အဖွဲ့ထဲမှာ အဖွဲ့ဝင်အဆိုတော်အဖြစ် ပါဝင်ခဲ့ပြီး တေးအယ်လ်ဘမ် ၂ခုထုတ်ဝေခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှစတင်ကာ ရိန်းအမည်နဲ့ တစ်ကိုယ်တော် တေးသီချင်းတွေ စတင် သီဆိုဖျော်ဖြေခဲ့ပါတယ်။

သရုပ်ဆောင်လောကထဲကိုတော့ ၂၀၀၃ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ စတင်ကာ အောင်မြင်မှုတွေ တစ်ဟုန်ထိုးရရှိခဲ့တဲ့ သူ ဟာ အခုဆိုရင် တေးအယ်လ်ဘမ် ၆ ခုတိတိ ထုတ်ဝေခဲ့ပြီးဖြစ်သလို ကမ္ဘာလှည့် ဂီတဖျော်ဖြေပွဲပေါင်းများစွာကိုလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွဲ အများအပြားမှာ ပါဝင် သရုပ်ဆောင်လေ့ရှိတဲ့ ရိန်းဟာ ရုပ်ရှင်ဇာတ်ကားအနေနဲ့လည်း နိုင်ငံတကာ နာမည်ကြီးကုမ္ပဏီကြီးတွေနဲ့ တွဲဖက်ရိုက်ကူး သရုပ်ဆောင်ခဲ့သူပါ။

Speed Racer, Ninja Assassin ဇာတ်ကားတွေကတော့ သူ့ရဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေဖြစ်ပြီး လက်ရှိမှာတော့ ကိုရီးယားဒရာမာ မင်းသမီးချောလေး ကင်တေဟီးနဲ့ ချစ်ကြိုးသွယ်လျက်ရှိတဲ့ သူ့ကို လူငယ်ပရိသတ်တွေရော လူလတ်ပိုင်း ပရိသတ်တွေပါ အခုထက်ထိ အခိုင်အမာ အားပေးနေဆဲပါ။

တောင်ကိုရီးယားအနုပညာကြယ်ပွင့် ရိန်းကို ၁၉၈၂ ခုနှစ် ဇွန်လ ၂၅ ရက်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

Credit : duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top