iMyanmarHouse.com - Best Property Website for Myanmar
×

 စူပါေမာ္ဒယ္ Mrianda Kerr က သူမခ်စ္သူျဖစ္တဲ့ Snapchat ရဲ႕တည္ေထာင္သူ ဘီလ်ံနာသူေဌး Evan Spiegel ႏွင့္ေစ့စပ္လိုက္ေၾကာင္းေျပာခဲ့ပါတယ္။

သူမက ဒီသတင္းကို လူသံုးမ်ားတဲ့ ခုျမင္ခုေပ်ာက္ မိုဘိုင္းဖုန္း app မွာေၾကညာခဲ့တာမဟုတ္ပါဘူး။ အဲ့ဒီအစား Instagram မွာေၾကညာခဲ့ပါတယ္။

ဒါေပမယ့္ Kerr ရဲ႕ ပါးနပ္တဲ့ေၾကညာခ်က္မွာ Snapchat အရိပ္အေယာင္ေတြသမ္းေနတာကေတာ့ အနီးကပ္ရိုက္ထားတဲ့ စိန္လက္စြပ္ရဲ႕ အျဖဴအမည္းဓာတ္ပံုေနာက္ခံမွာ ေကာင္ေလးက လက္စြပ္ကိုကိုင္ထားရင္း ဒူးတစ္ဖက္ေထာက္ထားၿပီး ေကာင္မေလးက ရွက္ေနတဲ့ပံုႏွင့္ MARRY ME ဆိုတဲ့အဝါေရာင္စာသားေတြပါတဲ့ Snapchat ကပိုင္တဲ့ Bitmoji ကာတြန္းရုပ္ပံုကိုတင္ထားပါတယ္။

“I said yes!” လို႔လည္း ဓာတ္ပံုေအာက္မွာေရးသားထားပါတယ္။

သူမက Spiegel ရဲ႕နာမည္ကိုေတာ့ ထည့္မေျပာေပမယ့္ လက္ရွိတြဲေနတာကေတာ့ သူႏွင့္ပဲျဖစ္ၿပီး မၾကာေသးခင္က Nordic ေခါင္းေဆာင္ေတြအတြက္ အိမ္ျဖဴေတာ္က ညစာစားပြဲကို ေမလကအတူတက္ခဲ့ပါတယ္။

Vogue ႏွင့္ People Stylewatch ရဲ႕ေျပာဆိုခ်က္အရေတာ့ တြဲေနတာ ၁ ႏွစ္ရွိပါၿပီ။ Australia လူမ်ဳိးေမာ္ဒယ္ Marinda ကေတာ့ အသက္ ၃၃ ႏွစ္ရွိၿပီး၊ Spiegel ကေတာ့ ၂၆ ႏွစ္ရွိပါၿပီ။

Snapchat ဆိုတာ စာေတြ၊ ဗီဒီယိုေတြက ပို႔ၿပီးစကၠန္႔ပိုင္းအတြင္း သူ႔အလို႔ေလ်ာက္ပ်က္သြားတဲ့ app တစ္မ်ဳိးျဖစ္ပါတယ္။ Snapchat က အသံုးျပဳသူေတြကို ကိုယ္ပိုင္ကာတြန္းဒီဇိုင္းေတြ လုပ္ခြင့္ျပဳတဲ့ Bitmoji ရဲ႕ပိုင္ရွင္ျဖစ္ေၾကာင္း အဂၤါေန႔က အတည္ျပဳခဲ့ပါတယ္။


ဒါကေတာ့ Kerr အတြက္ ဒုတိယေျမာက္လက္ထပ္တာျဖစ္ၿပီး Spiegel ကေတာ့ ပထမဆံုးပါ။ သူမက အဂၤလိပ္လူမ်ဳိး သရုပ္ေဆာင္ Orlando Bloom ႏွင့္ ၆ ႏွစ္ၾကာလက္ထပ္ထားခဲ့ၿပီး ၂၀၁၃ ခုႏွစ္က လမ္းခြဲခဲ့ပါတယ္။ Flynn လို႔ေခၚတဲ့ ၅ ႏွစ္အရြယ္သားတစ္ေယာက္ရွိၿပီး၊ သားရဲ႕မိဘေတြအျဖစ္ ရင္းရင္းႏွီးႏွီးရွိေနေၾကာင္း Bloom က အင္တာဗ်ဴးတစ္ခုမွာေျပာခဲ့ပါတယ္။

Credit : thithtoolwin

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode

စူပါမော်ဒယ် Mrianda Kerr က သူမချစ်သူဖြစ်တဲ့ Snapchat ရဲ့တည်ထောင်သူ ဘီလျံနာသူဌေး Evan Spiegel နှင့်စေ့စပ်လိုက်ကြောင်းပြောခဲ့ပါတယ်။


သူမက ဒီသတင်းကို လူသုံးများတဲ့ ခုမြင်ခုပျောက် မိုဘိုင်းဖုန်း app မှာကြေညာခဲ့တာမဟုတ်ပါဘူး။ အဲ့ဒီအစား Instagram မှာကြေညာခဲ့ပါတယ်။


ဒါပေမယ့် Kerr ရဲ့ ပါးနပ်တဲ့ကြေညာချက်မှာ Snapchat အရိပ်အယောင်တွေသမ်းနေတာကတော့ အနီးကပ်ရိုက်ထားတဲ့ စိန်လက်စွပ်ရဲ့ အဖြူအမည်းဓာတ်ပုံနောက်ခံမှာ ကောင်လေးက လက်စွပ်ကိုကိုင်ထားရင်း ဒူးတစ်ဖက်ထောက်ထားပြီး ကောင်မလေးက ရှက်နေတဲ့ပုံနှင့် MARRY ME ဆိုတဲ့အဝါရောင်စာသားတွေပါတဲ့ Snapchat ကပိုင်တဲ့ Bitmoji ကာတွန်းရုပ်ပုံကိုတင်ထားပါတယ်။

“I said yes!” လို့လည်း ဓာတ်ပုံအောက်မှာရေးသားထားပါတယ်။

သူမက Spiegel ရဲ့နာမည်ကိုတော့ ထည့်မပြောပေမယ့် လက်ရှိတွဲနေတာကတော့ သူနှင့်ပဲဖြစ်ပြီး မကြာသေးခင်က Nordic ခေါင်းဆောင်တွေအတွက် အိမ်ဖြူတော်က ညစာစားပွဲကို မေလကအတူတက်ခဲ့ပါတယ်။


Vogue နှင့် People Stylewatch ရဲ့ပြောဆိုချက်အရတော့ တွဲနေတာ ၁ နှစ်ရှိပါပြီ။ Australia လူမျိုးမော်ဒယ် Marinda ကတော့ အသက် ၃၃ နှစ်ရှိပြီး၊ Spiegel ကတော့ ၂၆ နှစ်ရှိပါပြီ။

Snapchat ဆိုတာ စာတွေ၊ ဗီဒီယိုတွေက ပို့ပြီးစက္ကန့်ပိုင်းအတွင်း သူ့အလို့လျောက်ပျက်သွားတဲ့ app တစ်မျိုးဖြစ်ပါတယ်။ Snapchat က အသုံးပြုသူတွေကို ကိုယ်ပိုင်ကာတွန်းဒီဇိုင်းတွေ လုပ်ခွင့်ပြုတဲ့ Bitmoji ရဲ့ပိုင်ရှင်ဖြစ်ကြောင်း အင်္ဂါနေ့က အတည်ပြုခဲ့ပါတယ်။

ဒါကတော့ Kerr အတွက် ဒုတိယမြောက်လက်ထပ်တာဖြစ်ပြီး Spiegel ကတော့ ပထမဆုံးပါ။ သူမက အင်္ဂလိပ်လူမျိုး သရုပ်ဆောင် Orlando Bloom နှင့် ၆ နှစ်ကြာလက်ထပ်ထားခဲ့ပြီး ၂၀၁၃ ခုနှစ်က လမ်းခွဲခဲ့ပါတယ်။ Flynn လို့ခေါ်တဲ့ ၅ နှစ်အရွယ်သားတစ်ယောက်ရှိပြီး၊ သားရဲ့မိဘတွေအဖြစ် ရင်းရင်းနှီးနှီးရှိနေကြောင်း Bloom က အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်။

Credit : thithtoolwin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top