iMyanmarHouse.com - Best Property Website for Myanmar
×









Credit: 7 Day Daily



#Unicode

တတိယအကြိမ်ပြုလုပ် သည့် အိပ်မက်ဆုံရာ ရာသက်ပန် ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ယှဉ် ပြိုင်မှုကို ဇူလိုင် ၂၃ ရက်ညက ပြုလုပ်ရာ   ကရင်တိုင်းရင်းသူ လူးလူက Winner ဆုရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲကို ရှင်စောပု လမ်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့် သို့ တက်ရောက်လာသည့် ပြိုင်ပွဲ ဝင်နှစ်ဦးက Winner Song အဖြစ်မြင့်မိုးအောင် ရေးစပ်ပေးထား သည့် ‘ပို၍လှသော မနက်ဖြန်’ သီချင်းအပါအဝင် သီချင်းသုံးပုဒ် ဖြင့် ယှဉ်ပြိုင်ခဲ့သည်။

‘‘Winner Song က ခါတိုင်း ဆိုနေကျပုံစံမဟုတ်ဘဲ အကနဲ့ တွဲဆိုရတာဆိုတော့ အကကို လည်း ကျင့်ရတယ်။ လိုက်ဖက် အောင်လည်း ပါဖောမန့်လည်း လုပ်ရတယ်။ စာသားသံစဉ်မမေ့ အောင်လည်း လုပ်ရတယ်။ ဒါပေ မဲ့ ပေါ့ပေါ့ပါးပါးနဲ့ အကအဖွဲ့တွေ ကလည်း ပံ့ပိုးပေးတဲ့အတွက် အ ရမ်းဝမ်းသာပါတယ်’’ဟု ပို၍လှ သော မနက်ဖြန်သီချင်း သီဆိုမှု နှင့်ပတ်သက်၍ Winner ဆုရှင် လူးလူက ပြောသည်။

ဆုရွေးချယ်ခြင်းကို ဒိုင်လူ ကြီးများ    ပေးသည့်အမှတ်နှင့် ပရိသတ်များပေးသည့် မဲအရေအ တွက်အပေါ် အမှတ်တွက်၍ အမှတ်အများဆုံးရရှိသူအား ဆုချီးမြှင့်ခြင်းဖြစ်ပြီး ပြိုင်ပွဲများ၏ ထုံးစံ အတိုင်း ပရိသတ်များက ၎င်းတို့အားပေးသည့် ပြိုင်ပွဲဝင် လဖိုင်နန် ရော်ဆုမရရှိသောကြောင့် ဝေဖန် မှုများရှိခဲ့သည်။

ပြိုင်ပွဲတစ်လျှောက် သီချင်း ပုံစံမျိုးစုံဖြင့် ယှဉ်ပြိုင်ခဲ့ရပြီး ရော့ခ်ဂီတနှင့် ပြိုင်ပွဲဝင်သည့်အချိန်တွင် ကိုယ့်ကိုယ်ကိုယ် အားမရမှုများရှိ ခဲ့ကြောင်း တတိယအကြိမ် အိပ် မက်ဆုံရာ ရာသက်ပန်ဆုရှင် လူးလူက ပြောသည်။

ပြိုင်ပွဲတစ်လျှောက် ဝေဖန် မှုများ ခံခဲ့ရသည့်အပေါ် လူးလူက ‘‘အစတုန်းကတော့ အဲဒါတွေ ပြန် ကြားရတဲ့အခါ စိတ်မကောင်းဖြစ် တယ်။ နောက်ပိုင်းကျတော့ သူ တို့ပြောတဲ့စကားတွေကို ကောင်း တဲ့ဘက်ကတွေးတယ်။ ဘယ်နေ ရာမှာလိုတယ် အကြံပေးသလိုမျိုး တွေးပြီး ကိုယ့်ကိုယ်ကိုယ် အ ကောင်းဆုံးပြင်ဆင်ပါတယ်’’ဟု ပြောသည်။

ဂီတကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၁ က သံစဉ်များနှင့်ကမ္ဘာ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရာ Level 3 အထိ တက်ရောက်နိုင်ခဲ့ သည်ဟု ၎င်းကဆိုသည်။

အဆိုပါပြိုင်ပွဲတွင် ဆန်ခါ တင်ရှစ်ဦးအဆင့်အထိ ပါဝင်ခဲ့သူ များကလည်း သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ဒိုင်အဖွဲ့ တွင် ပါဝင်သည့် နီနီခင်ဇော်၊ Season 1 နှင့် Season 2 Winner များဖြစ်သည့် အောင်ထက်နှင့် ဒေးဗစ်လိုင်တို့ကလည်း သီချင်း များ သီဆိုဖျော်ဖြေခဲ့ကြသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top