iMyanmarHouse.com - Best Property Website for Myanmar
×






Credit:7Day Daily



#Unicode Version

 တောင်ကိုရီးယား ယောက်ျားလေးအဆိုရှင်များ အဖွဲ့ Big Bang သည် လာမည့် အောက်တိုဘာတွင် ဟာဝိုင်အီ၌ ပရိသတ်တွေ့နှင့် တွေ့ဆုံပွဲပြုလုပ်မည်ဟု ယင်းအဖွဲ့၏အေဂျင်စီ YG Entertainment ကပြောသည်။

BigBang MADE V.I.P Tour in Honolulu ပရိသတ်တွေ့ ဆုံပွဲကို အောက်တိုဘာ ၂၂ ရက် တွင် အမေရိကန်နိုင်ငံ ဟာဝိုင်အီ ပြည်နယ် ဟိုနိုလူလူမြို့ရှိ Neal S. Blaisdell စင်တာ၌ ပြုလုပ်မည်ဟု အေဂျင်စီက ပြောသည်။

ယင်းပွဲမှာ ဟာဝိုင်အီ၌ Big Bang အဖွဲ့၏ ပထမဆုံး ပရိ သတ်တွေ့ဆုံပွဲဖြစ်သည်။

‘‘ဟာဝိုင်အီမှာ ဖျော်ဖြေပွဲ တွေလုပ်ခဲ့တဲ့ တောင်ကိုရီးယား အဆိုတော်တချို့  ရှိပါတယ်။ ဒါပေမဲ့ Big Bang အဖွဲ့အနေနဲ့ ဟာဝိုင်အီမှာ ပထမဆုံး ဖျော်ဖြေ တင်ဆက်မှုဖြစ်ပါတယ်’’  ဟု အေဂျင်စီ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုနှစ်အတွင်း Big Bang အဖွဲ့သည် အနုပညာသက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲများဖြင့် အလုပ်များနေသည်။ Big Bang အဖွဲ့သည် ဟာဝိုင်အီပွဲ မတိုင်မီ စက်တင်ဘာ ၃ ရက်နှင့်  ၄ ရက်များတွင် မက်ကာအိုနှင့် စက် တင်ဘာ ၈ ရက်နှင့် ၁၀ ရက်တွင် တိုင်ပေတို့၌ ပရိသတ်တွေ့ဆုံပွဲ များ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Big Bang ကေပေါ့အဖွဲ့ သည် ပြည်ပပရိသတ် တွေ့ဆုံပွဲ များနှင့် ဖျော်ဖြေပွဲများအပြင် သြဂုတ် ၂၀ ရက်တွင် တောင်ကို ရီးယားနိုင်ငံ ဆိုးလ်မြို့၌လည်း အဖွဲ့ နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ဖျော်ဖြေပွဲပြုလုပ်မည်ဖြစ် သည်။

Credit:7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top