iMyanmarHouse.com - Best Property Website for Myanmar
×

 ေတာင္ကိုရီးယား အမ်ိဳးသားအဆုိေတာ္အဖြဲ႕  BIGBANG အဖြဲ႕ကို  ေတာင္ကိုရီးယားယဥ္ေက်းမႈ ၊ အားကစား ႏွင့္ ခရီးသြားလုပ္ငန္း ၀န္ၾကီးဌာနက “ Creative Icon” အျဖစ္ သတ္မွတ္ခဲ့ေၾကာင္း သတင္းတစ္ရပ္တြင္ ေဖာ္ျပထားသည္။

ယဥ္ေက်းမႈ  ၊ အားကစား ႏွင့္ ခရီးသြားလုပ္ငန္း ၀န္ၾကီးဌာနက  BIGBANG အဖြဲ႕ကို “ Creative Korea” သံတမန္အျဖစ္ ခန္႕အပ္သြားမည္ျဖစ္ေၾကာင္း ၾသဂုတ္ ၂ရက္က ထုတ္ျပန္ေၾကညာခဲ့သည္။BIGBANG အဖြဲ႕သည္ ကမၻာတစ္၀န္းတြင္ ေအာင္ျမင္မႈရရွိခဲ့ၿပီး ကိုရီးယားေတးဂီတႏွင့္ယဥ္ေက်းမႈကို ပ်ံ႕ႏွံ႕ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ျခင္းေၾကာင့္ “ Creative Icon” အျဖစ္ ေရြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း ၀န္ၾကီးဌာနက ေျပာၾကားသည္။

ဖန္တီးမႈသံတမန္  BIGBANG အဖြဲ႕သည္  ၾသဂုတ္လတြင္က်င္းပျပဳလုပ္မည့္ ရီအိုေႏြရာသီ အိုလံပစ္ျပိဳင္ပြဲတြင္ ပါ၀င္သြားမည္ျဖစ္သည့္အျပင္ ၂၀၁၈  PyeongChang ေဆာင္းရာသီ အိုလံပစ္ျပိဳင္ပြဲတြင္လည္း ပါ၀င္သြားမည္ျဖစ္သည္။

“ Creative Icon”  BIGBANG အဖြဲ႕၏ လုပ္ေဆာင္မႈမ်ားမွတစ္ဆင့္ ေနရာအႏွံ႕အျပားတြင္ “ Creatvie Korea” ကုိ ျမွင့္တင္ရန္ လုပ္ေဆာင္ႏိုင္မည္ဟု ယံုၾကည္ေၾကာင္း ၀န္ၾကီးဌာနက ေျပာၾကားသည္။  BIGBANG အဖြဲ႕သည္ ကိုရီးယားႏုိင္ငံ၏ ပံုရိပ္ကို ျမွင့္တင္ရာတြင္ ၾကီးမားေသာအခန္းက႑မွ ပါ၀င္ေဆာင္ရြက္သြားမည္ျဖစ္သည္။

Credit : Mizzima

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့  BIGBANG အဖွဲ့ကို  တောင်ကိုရီးယားယဉ်ကျေးမှု ၊ အားကစား နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက “ Creative Icon” အဖြစ် သတ်မှတ်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယဉ်ကျေးမှု  ၊ အားကစား နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက  BIGBANG အဖွဲ့ကို “ Creative Korea” သံတမန်အဖြစ် ခန့်အပ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂ရက်က ထုတ်ပြန်ကြေညာခဲ့သည်။BIGBANG အဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် အောင်မြင်မှုရရှိခဲ့ပြီး ကိုရီးယားတေးဂီတနှင့်ယဉ်ကျေးမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် “ Creative Icon” အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။

ဖန်တီးမှုသံတမန်  BIGBANG အဖွဲ့သည်  သြဂုတ်လတွင်ကျင်းပပြုလုပ်မည့် ရီအိုနွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်သွားမည်ဖြစ်သည့်အပြင် ၂၀၁၈  PyeongChang ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲတွင်လည်း ပါဝင်သွားမည်ဖြစ်သည်။

“ Creative Icon”  BIGBANG အဖွဲ့၏ လုပ်ဆောင်မှုများမှတစ်ဆင့် နေရာအနှံ့အပြားတွင် “ Creatvie Korea” ကို မြှင့်တင်ရန် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။  BIGBANG အဖွဲ့သည် ကိုရီးယားနိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

Credit : Mizzima

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top