iMyanmarHouse.com - Best Property Website for Myanmar
×

အသက္သံုးဆယ္ အရြယ္မွာသန္းႀကြယ္သူေဌးၿဖစ္ဖို႔ဆိုတာ စိတ္ကူးယဥ္ဆန္ရာက်တယ္လို႔ ထင္ရက္ႏိုင္စရာရွိေပမဲ့ မၿဖစ္ႏိုင္စရာမရွိ။ ႀကိဳးစားရင္ဘာမဆိုၿဖစ္တယ္။ ကြ်န္ေတာ္ အသက္ ၂၁ႏွစ္အရြယ္မွာ ေက်ာင္းကထြက္ၿပီး အေႀကြးပတ္လည္၀ိုင္းကာ အလြန္တရာမဲြေနခဲ့ပါတယ္။ ဒါေပမဲ့အသက္သံုးဆယ္မွာေတာ့ သန္းႀကြယ္သူေဌးၿဖစ္ခဲ့ပါတယ္။

ေအာက္ပါ အခ်က္ (၁၀)ခ်က္ကိုလိုက္ပါလုပ္ေဆာင္မယ္ဆိုရင္ေတာ့ သင္သန္းႀကြယ္သူေဌးၿဖစ္ရန္ အာမခံပါတယ္။

၁) ေငြေနာက္ကိုလိုက္ပါ- လက္ရွိစီးပြားေရး အေၿခအေနရ ပတ္၀န္းက်င္တြင္သန္းႀကြယ္သူေဌးဆိုတဲ့ ဂုဏ္ပုဒ္ကိုရဖို႔ဆိုတာ အလြန္ကိုခက္ခဲပါတယ္။ ပထမဦးဆံုး ေၿခလွမ္းအေနၿဖင့္ ႏွစ္စဥ္၀င္ေငြတိုးပြားေအာင္လုပ္ပါ။ ထပ္ခါတလဲလဲလုပ္ေဆာင္ပါ။ ကြ်န္ေတာ္၀င္ေငြ အစပိုင္းမွာ တလကိုေဒၚလာ ၃၀၀၀ဆိုပင္မဲ့ ကိုးႏွစ္ႀကာၿပီးတဲ့ေနာက္မွာ တလကို ေဒၚလာ ၂၀၀၀၀ ၿဖစ္လာခဲ့ပါတယ္။ ေငြေနာက္ကိုလိုက္ေနရင္းႏွင့္ ၀င္ေငြတိုးပြားလာသလို တဆက္တည္းမွာပင္ အခြင့္ေရးမ်ားစြာကိုရရွိလာပါလိမ့္မယ္။

၂) မႀကြား၀ါပါႏွင့္၊ လက္ေတြ႔လုပ္ေဆာင္ၿပပါ- ကြ်န္ေတာ္ရဲ့ စီးပြားေရးႏွင့္ရင္းႏွီးၿမဳပ္ႏွံမွုမ်ား လံုေလာက္ေသာ အေၿခအေနမေရာက္ခင္အခ်ိန္အထိ ကြ်န္ေတာ္သည္အေကာင္းစားနာရီ၊ ဇိမ္ခံကား အစရွိသည္တို႔ကို၀ယ္ယူအသံုးၿပဳခဲ့ၿခင္းမရွိပါဘူး။ ကြ်န္ေတာ္ခ်မ္းသာလာသည့္အခ်ိန္အထိ သာမန္တိုယိုတာ ကန္မရီကိုသာေမာင္းႏွင္ခဲ့တာပါ။ သင္၀ယ္ယူ၍ရေသာ လက္၀တ္တန္ဆာမ်ားၿဖင့္ထင္ေပၚေအာင္မလုပ္ပါႏွင့္။ သင္႔ရဲ့အလုပ္ လုပ္ကိုင္ပံုႏွင့္ေက်ာ္ေဇာႏိုင္ေအာင္ လုပ္ၿပပါ။

၃) ပိုက္ဆံကိုရင္းႏွီးၿမဳပ္ႏွံရန္စုပါ၊ သိမ္းထားရန္မစုပါနဲ႔- ပိုက္စံစုရၿခင္း၏တခုေသာရည္မွန္းခ်က္မွာ ရင္းႏွီးၿမဳပ္ႏွံရန္သာၿဖစ္သည္။ လံုၿခံဳေသာေနရာႏွင့္ ထိေတြ႔မရေသာေနရာတြင္ ၀င္ေငြတိုးပြားရန္အပ္ႏွံထားပါ။ ဘယ္လိုအေႀကာင္းမ်ိဳးနဲ႔မွ မထုတ္ၿပစ္ပါနဲ႔ အေရးေပၚၿဖစ္လာရင္ေတာင္မသံုးပါႏွင့္။ ဒီကေန႔ အခ်ိန္ထိကြ်န္ေတာ္ဟာ တႏွစ္မွာ အနည္းဆံုးႏွစ္ႀကိမ္ မဲြေလရွိတယ္။ ဘာၿဖစ္လို႔လဲဆိုေတာ့ အပို၀င္ေငြေတြကို စီးပြားေရးလုပ္ငန္းေတြမွာၿပန္လည္ၿမဳပ္ႏွံလို႔ ၿဖစ္ပါတယ္။

၄) ကိုယ့္အတြက္ပိုက္ဆံမရႏိုင္မဲ့ အေႀကြးယူၿခင္းကိုမလုပ္ပါနဲ႔- စည္းကမ္းခ်မွတ္ထားပါ။ ပိုက္ဆံမ၀င္ႏိုင္မယ့္အေႀကြးယူၿခင္းကိုမလုပ္ပါနဲ႔။ ကြ်န္ေတာ္ကား၀ယ္ရန္ေငြတခါေခ်းဖူးပါတယ္ ဒါေပမဲ့ကြ်န္ေတာ္ေခ်းယူၿခင္းဟာ ၀င္ေငြတိုးပြာေစခဲ့ပါတယ္။ ခ်မ္းသာသူမ်ားဟာ အေႀကြးယူသည့္အခါ ရင္းႏွီးၿမဳပ္ႏွံ မွုႏွင့္စီးပြားေရးလုပ္ငန္းမ်ားကို တိုးခဲ့်ႀကေပမယ့္ ဆင္းရဲသူမ်ားဟာခ်မ္းသာသူမ်ား ပိုၿပီးခ်မ္းသာသထက္ ခ်မ္းသာလာေအာင္အေႀကြးမ်ားၿဖင့္၀ယ္ယူႀကတယ္။

၅) ပိုက္ဆံကိုသ၀န္တိုတတ္သူရည္းစားတဦးလိုဆက္ဆံပါ- သန္းေပါင္းမ်ားစြာ ရယူႏိုင္ရန္နံပါတ္တစ္ဦးစားေပးထားရွိရန္လိုအပ္သည္။ ခ်မ္းသာႀကြယ္၀ဖို႔ႏွင့္ အၿမဲတမ္းခ်မ္းသာေနႏိုင္ဖို႔ ဦးစားေပးရန္လိုအပ္ပါတယ္။ သ၀န္တိုတတ္တဲ့ခ်စ္သူလိုေပါ့။ သူတို႔ကိုဦးစားမေပးရင္ ရန္လိုၿပီး ဦးစားေပးႏိုင္သူေနာက္ကိုပဲပါသြားမွာေပါ့။ ပိုက္ဆံလည္းထုိနည္း၎ပါပဲ။

၆) ပိုက္ဆံသည္အိပ္မေနတတ္ပါ- ပိုက္ဆံသည္ အခ်ိန္၊နာရီ၊အားလပ္ရက္ ဘာကိုမွမသိ သင္လည္းပဲထိုသို႔သာၿဖစ္သင့္သည္။ အလုပ္ႀကိဳးစားသူတိုင္းကို ပိုက္ဆံကခ်စ္သည္။ ကြ်န္ေတာ္အသက္ ၂၆ႏွစ္အရြယ္မွာ လက္လီဆိုင္တခုတြင္အလုပ္ လုပ္ကိုင္ခဲ့ပါတယ္။ ဆိုင္မွာညေန ၇နာရီမွာပိတ္ပင္မယ့္လည္း ကြ်န္ေတာ္ည ၁၁နာရီအထိအလုပ္ဆင္းကာ အပို၀င္ေငြရရန္ေစ်းေရာင္းခဲ့သည္။ ဘယ္ေတာ့မွာ သူမ်ားထက္ပိုလည္၊ ပိုကံေကာင္းတဲ့ပံုစံမ်ိဳးမ်ားမလုပ္ေဆာင္ ပါနဲ႔။ သာလြန္ေအာင္ပဲလုပ္ပါ။

၇) ဆင္းရဲၿခင္းကိုနားမလည္ႏိုင္ပါ- ကြ်န္ေတာ္ဆင္းရဲဖူးခဲ့ပါတယ္။ တကယ္ကိုဆိုး၀ါးပါတယ္။ အဲဒီ႔ဘ၀မ်ိဳးဘယ္ေတာ့မွာၿပန္မလိုခ်င္ပါ။ Bill Gates ေၿပာခဲ့သလိုေပါ့ “သင္ဟာဆင္းရဲေသာ ဘ၀ၿဖင့္ေမြးဖြားလာခဲ့လွ်င္ သင္႔ရဲ့အမွားမဟုတ္ပါ၊ ဒါေပမဲ့ဆင္းရဲေသာ ဘ၀ၿဖင့္ေသဆံုးသြားခဲ့ရင္ေတာ့ သင့္ရဲ့အမွားပါ”။

၈) ညြန္ၿပေပးႏိုင္မဲ့သန္းႀကြယ္သူေဌးကိုရွာပါ- ကြ်န္ေတာ္တို႔ေတြဟာ ဆင္းရဲေသာ၊ အလယ္အလတ္အတန္းအစား ဘ၀မ်ားပတ္၀န္းက်င္မ်ားၿဖင့္ ရုန္းကန္လုပ္ရွား
ခဲ့ၿခင္းမ်ားဟာ အေတြးအေခၚမ်ားကိုကန္႔သတ္ထားသလိုၿဖစ္ခဲ့ပါတယ္။ ကြ်န္ေတာ္သန္းႀကြယ္သူေဌးေပါင္းမ်ားစြာကို ေလ့လာၿပီး အတုယူႏိုင္ခဲ့ပါတယ္။ သင္တို႔ကိုလည္းထုိနည္း၎လုပ္ဆာင္ရန္တိုက္တြန္းလိုပါတယ္။ ေရွ ့ေဆာင္လမ္းညြန္ေပးမယ့္သန္းႀကြယ္သူေဌးကိုရွာပါ။ ခ်မ္းသာႀကြယ္၀သူအမ်ားစုဟာ သေဘာထားၿပည့္၀သူမ်ားလည္းၿဖစ္ႀကပါတယ္။

၉) သင့္ရဲ့ပိုက္ဆံမ်ားကို ေလးလံေသာအရာမ်ားကိုသယ္ေဆာင္ခိုင္းပါ- ရင္းႏွီးၿမဳပ္ႏွံၿခင္းဟာ သင္အလုပ္ လုပ္လို႔ရတဲ့၀င္ေငြမ်ားစြာထက္ သင့္ကိုပိုက္ဆံပိုမိုရွာေပး
ႏိုင္ပါတယ္။ ပိုက္ဆံအပိုအလွ်ံမရွိလွ်င္ ရင္းႏွီးၿမဳပ္ႏွံရန္ မၿဖစ္ႏိုင္ေပ။ ကြ်န္ေတာ္ရဲ့ဒုတိယလုပ္ငန္းၿဖစ္တဲ့ လုပ္ငန္းကို ေဒၚလာ ၅၀,၀၀၀ မတည္ခဲ့ၿပီး ကုန္ဆံုးသြားေသာ ၁၀ႏွစ္တာ ကာလမွာ တစ္လကို ေဒၚလာ၅၀,၀၀၀ၿပန္ရွာေပးခဲ့ပါတယ္။ အလားတူတတိယလုပ္ငန္းၿဖစ္တဲ့ အိမ္ၿခံေၿမလုပ္ငန္းမွာ ၃၅၀,၀၀၀ နဲ႔စတင္ခဲ့ၿပီး အခုခ်ိန္ထိ၀င္ေငြေပါင္းမ်ားစြာကိုရွာေဖြေပးေနတုန္းပါပဲ။ ရင္းႏွီးၿမဳပ္ႏွံၿခင္းသာ တခုတည္းေသာအၿခားနည္းလမ္းၿဖစ္သင့္ၿပီး ကိုယ့္အတြက္ပိုက္ဆံကို အလုပ္လုပ္ခုိင္းၿပီး ေလးလံေသာအရာမ်ားကိုသယ္ေဆာင္ႏိုင္ရန္ သူတို႔ကိုပင္ တာ၀န္ေပးပါ။

၁၀) ေဒၚလာ၁၀သန္း ရရန္ပစ္မွတ္ထားပါ၊ ၁သန္းမဟုတ္ပါ- ေငြေႀကးႏွင့္ပတ္သတ္၍တခါတည္းေသာ ကြ်န္ေတာ္ရဲ့အမွားမွာ ႀကီးႀကီးမားမားမေတြးခဲ့လို႔ပါ။ ခင္ဗ်ားတို႔အားလုံးကို ေဒၚလာ၁သန္းထက္ပိုေသာလုပ္ေဆာင္မွုကို လုပ္ကိုင္ရန္တိုက္တြန္းလိုပါတယ္။ ပိုက္ဆံၿပတ္လတ္သြားသည္ ဆိုမွာဒီစႀကၤာ၀ဠာ မွာမရွိပါ
လူအနည္းစုသာလွ်င္ႀကီးႀကီးမားမားေတြးေခၚမွုကိုၿပဳလုပ္ႀကလို႔ပါ။

အဆိုပါ(၁၀)ခ်က္ကိုလုပ္ေဆာင္ပါက ေငြေႀကးခ်မ္းသာေသာဘ၀ကိုပိုင္ဆုိင္ပါလိမ့္မယ္။ ၿဖတ္လမ္းကိုမလိုက္ပါႏွင့္။ အမ်ားထက္အလုပ္ကိုႀကိဳးစားပါ။ ဘယ္ေတာ့မွဇဲြမေလွ်ာ့ပါႏွင့္။ သင္ဟာသန္းႀကြယ္သူေဌးၿဖစ္လာခဲ့တဲ့အခ်ိန္က်ရင္လည္း အမ်ားကိုသင့္လုိၿဖစ္လာႏိုင္ရန္ လိုလိုလားလား ကူညီေဖးမပါ။

Credit:World-Myanmar News

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အသက်သုံးဆယ် အရွယ်မှာသန်းကြွယ်သူဌေးဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်ရာကျတယ်လို့ ထင်ရက်နိုင်စရာရှိပေမဲ့ မဖြစ်နိုင်စရာမရှိ။ ကြိုးစားရင်ဘာမဆိုဖြစ်တယ်။ ကျွန်တော် အသက် ၂၁နှစ်အရွယ်မှာ ကျောင်းကထွက်ပြီး အကြွေးပတ်လည်ဝိုင်းကာ အလွန်တရာမွဲနေခဲ့ပါတယ်။ ဒါပေမဲ့အသက်သုံးဆယ်မှာတော့ သန်းကြွယ်သူဌေးဖြစ်ခဲ့ပါတယ်။

အောက်ပါ အချက် (၁၀)ချက်ကိုလိုက်ပါလုပ်ဆောင်မယ်ဆိုရင်တော့ သင်သန်းကြွယ်သူဌေးဖြစ်ရန် အာမခံပါတယ်။

၁) ငွေနောက်ကိုလိုက်ပါ- လက်ရှိစီးပွားရေး အခြေအနေရ ပတ်ဝန်းကျင်တွင်သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်ပုဒ်ကိုရဖို့ဆိုတာ အလွန်ကိုခက်ခဲပါတယ်။ ပထမဦးဆုံး ခြေလှမ်းအနေဖြင့် နှစ်စဉ်ဝင်ငွေတိုးပွားအောင်လုပ်ပါ။ ထပ်ခါတလဲလဲလုပ်ဆောင်ပါ။ ကျွန်တော်ဝင်ငွေ အစပိုင်းမှာ တလကိုဒေါ်လာ ၃၀၀၀ဆိုပင်မဲ့ ကိုးနှစ်ကြာပြီးတဲ့နောက်မှာ တလကို ဒေါ်လာ ၂၀၀၀၀ ဖြစ်လာခဲ့ပါတယ်။ ငွေနောက်ကိုလိုက်နေရင်းနှင့် ဝင်ငွေတိုးပွားလာသလို တဆက်တည်းမှာပင် အခွင့်ရေးများစွာကိုရရှိလာပါလိမ့်မယ်။

၂) မကြွားဝါပါနှင့်၊ လက်တွေ့လုပ်ဆောင်ပြပါ- ကျွန်တော်ရဲ့ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုများ လုံလောက်သော အခြေအနေမရောက်ခင်အချိန်အထိ ကျွန်တော်သည်အကောင်းစားနာရီ၊ ဇိမ်ခံကား အစရှိသည်တို့ကိုဝယ်ယူအသုံးပြုခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်ချမ်းသာလာသည့်အချိန်အထိ သာမန်တိုယိုတာ ကန်မရီကိုသာမောင်းနှင်ခဲ့တာပါ။ သင်ဝယ်ယူ၍ရသော လက်ဝတ်တန်ဆာများဖြင့်ထင်ပေါ်အောင်မလုပ်ပါနှင့်။ သင့်ရဲ့အလုပ် လုပ်ကိုင်ပုံနှင့်ကျော်ဇောနိုင်အောင် လုပ်ပြပါ။

၃) ပိုက်ဆံကိုရင်းနှီးမြုပ်နှံရန်စုပါ၊ သိမ်းထားရန်မစုပါနဲ့- ပိုက်စံစုရခြင်း၏တခုသောရည်မှန်းချက်မှာ ရင်းနှီးမြုပ်နှံရန်သာဖြစ်သည်။ လုံခြုံသောနေရာနှင့် ထိတွေ့မရသောနေရာတွင် ဝင်ငွေတိုးပွားရန်အပ်နှံထားပါ။ ဘယ်လိုအကြောင်းမျိုးနဲ့မှ မထုတ်ပြစ်ပါနဲ့ အရေးပေါ်ဖြစ်လာရင်တောင်မသုံးပါနှင့်။ ဒီကနေ့ အချိန်ထိကျွန်တော်ဟာ တနှစ်မှာ အနည်းဆုံးနှစ်ကြိမ် မွဲလေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပိုဝင်ငွေတွေကို စီးပွားရေးလုပ်ငန်းတွေမှာပြန်လည်မြုပ်နှံလို့ ဖြစ်ပါတယ်။

၄) ကိုယ့်အတွက်ပိုက်ဆံမရနိုင်မဲ့ အကြွေးယူခြင်းကိုမလုပ်ပါနဲ့- စည်းကမ်းချမှတ်ထားပါ။ ပိုက်ဆံမဝင်နိုင်မယ့်အကြွေးယူခြင်းကိုမလုပ်ပါနဲ့။ ကျွန်တော်ကားဝယ်ရန်ငွေတခါချေးဖူးပါတယ် ဒါပေမဲ့ကျွန်တော်ချေးယူခြင်းဟာ ဝင်ငွေတိုးပွာစေခဲ့ပါတယ်။ ချမ်းသာသူများဟာ အကြွေးယူသည့်အခါ ရင်းနှီးမြုပ်နှံ မှုနှင့်စီးပွားရေးလုပ်ငန်းများကို တိုးခဲျ့ကြပေမယ့် ဆင်းရဲသူများဟာချမ်းသာသူများ ပိုပြီးချမ်းသာသထက် ချမ်းသာလာအောင်အကြွေးများဖြင့်ဝယ်ယူကြတယ်။

၅) ပိုက်ဆံကိုသဝန်တိုတတ်သူရည်းစားတဦးလိုဆက်ဆံပါ- သန်းပေါင်းများစွာ ရယူနိုင်ရန်နံပါတ်တစ်ဦးစားပေးထားရှိရန်လိုအပ်သည်။ ချမ်းသာကြွယ်ဝဖို့နှင့် အမြဲတမ်းချမ်းသာနေနိုင်ဖို့ ဦးစားပေးရန်လိုအပ်ပါတယ်။ သဝန်တိုတတ်တဲ့ချစ်သူလိုပေါ့။ သူတို့ကိုဦးစားမပေးရင် ရန်လိုပြီး ဦးစားပေးနိုင်သူနောက်ကိုပဲပါသွားမှာပေါ့။ ပိုက်ဆံလည်းထိုနည်း၎င်းပါပဲ။

၆) ပိုက်ဆံသည်အိပ်မနေတတ်ပါ- ပိုက်ဆံသည် အချိန်၊နာရီ၊အားလပ်ရက် ဘာကိုမှမသိ သင်လည်းပဲထိုသို့သာဖြစ်သင့်သည်။ အလုပ်ကြိုးစားသူတိုင်းကို ပိုက်ဆံကချစ်သည်။ ကျွန်တော်အသက် ၂၆နှစ်အရွယ်မှာ လက်လီဆိုင်တခုတွင်အလုပ် လုပ်ကိုင်ခဲ့ပါတယ်။ ဆိုင်မှာညနေ ၇နာရီမှာပိတ်ပင်မယ့်လည်း ကျွန်တော်ည ၁၁နာရီအထိအလုပ်ဆင်းကာ အပိုဝင်ငွေရရန်ဈေးရောင်းခဲ့သည်။ ဘယ်တော့မှာ သူများထက်ပိုလည်၊ ပိုကံကောင်းတဲ့ပုံစံမျိုးများမလုပ်ဆောင် ပါနဲ့။ သာလွန်အောင်ပဲလုပ်ပါ။

၇) ဆင်းရဲခြင်းကိုနားမလည်နိုင်ပါ- ကျွန်တော်ဆင်းရဲဖူးခဲ့ပါတယ်။ တကယ်ကိုဆိုးဝါးပါတယ်။ အဲဒီ့ဘဝမျိုးဘယ်တော့မှာပြန်မလိုချင်ပါ။ Bill Gates ပြောခဲ့သလိုပေါ့ “သင်ဟာဆင်းရဲသော ဘဝဖြင့်မွေးဖွားလာခဲ့လျှင် သင့်ရဲ့အမှားမဟုတ်ပါ၊ ဒါပေမဲ့ဆင်းရဲသော ဘဝဖြင့်သေဆုံးသွားခဲ့ရင်တော့ သင့်ရဲ့အမှားပါ”။

၈) ညွန်ပြပေးနိုင်မဲ့သန်းကြွယ်သူဌေးကိုရှာပါ- ကျွန်တော်တို့တွေဟာ ဆင်းရဲသော၊ အလယ်အလတ်အတန်းအစား ဘဝများပတ်ဝန်းကျင်များဖြင့် ရုန်းကန်လုပ်ရှား
ခဲ့ခြင်းများဟာ အတွေးအခေါ်များကိုကန့်သတ်ထားသလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်သန်းကြွယ်သူဌေးပေါင်းများစွာကို လေ့လာပြီး အတုယူနိုင်ခဲ့ပါတယ်။ သင်တို့ကိုလည်းထိုနည်း၎င်းလုပ်ဆာင်ရန်တိုက်တွန်းလိုပါတယ်။ ရှေ့ဆောင်လမ်းညွန်ပေးမယ့်သန်းကြွယ်သူဌေးကိုရှာပါ။ ချမ်းသာကြွယ်ဝသူအများစုဟာ သဘောထားပြည့်ဝသူများလည်းဖြစ်ကြပါတယ်။

၉) သင့်ရဲ့ပိုက်ဆံများကို လေးလံသောအရာများကိုသယ်ဆောင်ခိုင်းပါ- ရင်းနှီးမြုပ်နှံခြင်းဟာ သင်အလုပ် လုပ်လို့ရတဲ့ဝင်ငွေများစွာထက် သင့်ကိုပိုက်ဆံပိုမိုရှာပေး
နိုင်ပါတယ်။ ပိုက်ဆံအပိုအလျှံမရှိလျှင် ရင်းနှီးမြုပ်နှံရန် မဖြစ်နိုင်ပေ။ ကျွန်တော်ရဲ့ဒုတိယလုပ်ငန်းဖြစ်တဲ့ လုပ်ငန်းကို ဒေါ်လာ ၅၀,၀၀၀ မတည်ခဲ့ပြီး ကုန်ဆုံးသွားသော ၁၀နှစ်တာ ကာလမှာ တစ်လကို ဒေါ်လာ၅၀,၀၀၀ပြန်ရှာပေးခဲ့ပါတယ်။ အလားတူတတိယလုပ်ငန်းဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ၃၅၀,၀၀၀ နဲ့စတင်ခဲ့ပြီး အခုချိန်ထိဝင်ငွေပေါင်းများစွာကိုရှာဖွေပေးနေတုန်းပါပဲ။ ရင်းနှီးမြုပ်နှံခြင်းသာ တခုတည်းသောအခြားနည်းလမ်းဖြစ်သင့်ပြီး ကိုယ့်အတွက်ပိုက်ဆံကို အလုပ်လုပ်ခိုင်းပြီး လေးလံသောအရာများကိုသယ်ဆောင်နိုင်ရန် သူတို့ကိုပင် တာဝန်ပေးပါ။

၁၀) ဒေါ်လာ၁၀သန်း ရရန်ပစ်မှတ်ထားပါ၊ ၁သန်းမဟုတ်ပါ- ငွေကြေးနှင့်ပတ်သတ်၍တခါတည်းသော ကျွန်တော်ရဲ့အမှားမှာ ကြီးကြီးမားမားမတွေးခဲ့လို့ပါ။ ခင်ဗျားတို့အားလုံးကို ဒေါ်လာ၁သန်းထက်ပိုသောလုပ်ဆောင်မှုကို လုပ်ကိုင်ရန်တိုက်တွန်းလိုပါတယ်။ ပိုက်ဆံပြတ်လတ်သွားသည် ဆိုမှာဒီစင်္ကြာဝဠာ မှာမရှိပါ
လူအနည်းစုသာလျှင်ကြီးကြီးမားမားတွေးခေါ်မှုကိုပြုလုပ်ကြလို့ပါ။

အဆိုပါ(၁၀)ချက်ကိုလုပ်ဆောင်ပါက ငွေကြေးချမ်းသာသောဘဝကိုပိုင်ဆိုင်ပါလိမ့်မယ်။ ဖြတ်လမ်းကိုမလိုက်ပါနှင့်။ အများထက်အလုပ်ကိုကြိုးစားပါ။ ဘယ်တော့မှဇွဲမလျှော့ပါနှင့်။ သင်ဟာသန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့အချိန်ကျရင်လည်း အများကိုသင့်လိုဖြစ်လာနိုင်ရန် လိုလိုလားလား ကူညီဖေးမပါ။

Credit:World-Myanmar News

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top