iMyanmarHouse.com - Best Property Website for Myanmar
×

သင့္မွာ ခ်စ္သူ ရွိပါသလား။ ေနာက္ၿပီး ခ်စ္သူကိုေရာ ျမတ္ျမတ္ႏိုးႏိုး နမ္းခဲ့ဖူး ပါသလား။
ၿပီးေတာ့ ခ်စ္သူကို နမ္းျခင္းဟာ က်န္းမာေရးကို အေထာက္အကူ ျပဳတယ္ဆိုတာ ကိုေရာ သိပါသလား။ ကဲ … စိတ္၀င္စား တယ္ဆိုရင္ ေအာက္မွာ ေရးထားတဲ့ အနမ္းနဲ႔ က်န္းမာေရး ဘယ္နည္း ဘယ္ပံု ဆက္စပ္ေနတယ္ ဆိုတာကို ဆက္ၿပီး ဖတ္ၾကည့္ ေပါ့ေနာ္။

တကယ္ေတာ့ လူတစ္ေယာက္နဲ႔ တစ္ေယာက္ နမ္းတယ္ ဆိုတာ ခံစားခ်က္ အရေရာ၊ ယဥ္ေက်းမႈ ဓေလ့ထံုးစံေတြ အရပါ ခ်စ္ခင္ ႏွစ္လိုျခင္းဆိုတဲ့ သက္ေရာက္မႈကို ဖြင့္ဆိုတာ ျဖစ္ပါတယ္။ လူတစ္ေယာက္ကို နမ္းၿပီဆိုရင္ နမ္းတဲ့လူက အနမ္းခံ ရတဲ့သူကို ခ်စ္ပါတယ္ ဆိုတဲ့ အဓိပၸါယ္ ပဲေပါ့။ ကဲ … ဒါဆို္ အနမ္းနဲ႔ ပတ္သတ္တဲ့ Definiton ေလး တစ္ခုေလာက္ ထုတ္ၾကည့္ ရေအာင္။ သင္ကေရာ ဘယ္လိုမ်ိဳး ဖြင့္ဆိုမွာလဲ။ အေနာက္တိုင္း ယံုၾကည္မႈ အရေတာ့ နမ္းတယ္ ဆိုတာ “ႏွစ္လိုဖြယ္ ခံစား ဆက္ယွက္မႈကို ပါးစပ္က မေျပာဘဲ ႏႈတ္ခမ္းခ်င္း ထိေတြ႕ ပူးကပ္ၿပီး ေဖာ္ျပတဲ့ ခ်စ္ျခင္းရဲ႕ သေကၤတ” လို႕ ေဖာ္ျပ ထားပါတယ္။

ေနာက္ၿပီးေတာ့ တစ္ေယာက္ကို တစ္ေယာက္ ျမတ္ျမတ္ႏိုးႏိုး နမ္းရႈံ႕ၾကတဲ့ စံုတြဲေတြတိုင္း က်န္းမာေရး အတြက္ ေကာင္းမြန္တဲ့ အခ်က္(၇)ခုကို အလုိလို ရရွိႏိုင္ တယ္တဲ့။ အဲဒီ(၇)ခ်က္က ဘာေတြလဲဆိုေတာ့ …

၁။ တစ္ေယာက္ကို တစ္ေယာက္ နမ္းေနၾကတဲ့ အခါ ခ်စ္သူစံုတြဲ ႏွစ္ေယာက္လံုးရဲ႕ေသြးေၾကာ ေတြဟာ ျပန္႔ကားသြားၿပီး ေသြးခုန္ႏႈန္း ကိုလည္း ျမန္လာ ေစပါတယ္။ ဒါ့ေၾကာင့္ ေသြးေၾကာေတြ ထဲမွာ ပိတ္ဆို႔ေနတဲ့ အဆီေတြကို ေခ်ဖ်က္ပစ္ၿပီး ေသြးထဲမွာရွိတဲ့ ကိုလက္စထေရာ ပမာဏကိုလည္း က်ဆင္း ေစပါတယ္။

၂။ နမ္းေနတဲ့ အခ်ိန္မွာ စံုတြဲႏွစ္ေယာက္လံုးရဲ႕ မ်က္ႏွာ ေပၚမွာရွိတဲ့ ၾကြက္သားမွ်င္ အခု(၃၀)ေလာက္ကို လႈပ္ရွား လာေအာင္ ဦးေႏွာက္က လံႈ႕ေဆာ္ ေပးပါသတဲ့။ ဒါေၾကာင့္လဲ မ်က္ႏွာမွာ ရွိတဲ့ အေရျပားေတြမွာ ပိတ္ဆို႔ေနတဲ့ အညစ္အေၾကးေတြကို ဖယ္ရွား သန္႔စင္ေစၿပီး မ်က္ႏွာ တစ္ျပင္လံုး ပိုမို ေခ်ာေမြ႕ လာေစပါတယ္။ ေနာက္ၿပီးေတာ့ မ်က္ႏွာေပၚမွာ ယွက္ျဖာေနတဲ့ ဆံခ်ည္မွ်င္ ေသြးလႊတ္ေၾကာ ေတြရဲ႕ ေသြးစီးဆင္းမႈကို ပိုၿပီး ေကာင္းလာ ေစပါတယ္။

၃။ ေနာက္တစ္ခု ကေတာ့ ၀တဲ့သူေတြ စိတ္၀င္စားမယ့္ ကိစၥပါပဲ။ (၅)စကၠန္႔ ၾကာေအာင္ တစ္ခါနမ္းတိုင္း ကိုယ္တြင္းမွာ သိုေလွာင္ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ ေလာင္ကၽြမ္း ေစတယ္ဆိုပဲ။ ဒါေၾကာင့္ ၀ိတ္က်ခ်င္ရင္ ရည္းစားကို မ်ားမ်ား နမ္းၾကပါ။

 ၄။ ေနာက္တစ္ခုကေတာ့ စိတ္နဲ႔ဆိုင္ပါတယ္။ နမ္းျခင္းဟာ စိတ္ထဲမွာ ရွိေနတဲ့ ဖိစီးမႈေတြ၊ အားငယ္မႈ ေတြကို ေခ်ဖ်က္ေပးၿပီး စိတ္ခြန္အား နိမ့္က်ျခင္း ျဖစ္ေပၚလာေအာင္ လံႈ႔ေဆာ္ ေပးတဲ့ ဟိုမုန္းဓာတ္ တစ္မ်ိဳး ဦးေႏွာက္က ထုတ္ေပးတာ ကိုလည္း တားဆီး ေပးပါတယ္။ ေနာက္ၿပီး ယံုၾကည္မႈ ေပ်ာက္ဆံုးေနတဲ့ သူေတြေတာင္ ခ်စ္သူရဲ႕အနမ္းေၾကာင့္ ကိုယ့္ကိုယ္ကို အႀကီးျမတ္ဆံုး သူရဲေကာင္းႀကီး ေတြလို႔ ထင္မွတ္လာတတ္ တယ္လို႔ သုေတသီေတြက အတည္ျပဳ ထားပါတယ္။ ဒါေၾကာင့္ ခ်စ္သူရဲ႕အနမ္းဟာ အေကာင္းဆံုးေသာ စိတ္ပိုင္းဆိုင္ရာ

ကုထံုး တစ္ခုပါပဲ။

၅။ ၿပီးေတာ့ အနမ္းဆိုတာ သဘာ၀ ေရာဂါ ကာကြယ္ေဆး တစ္မ်ိဳး ပါပဲတဲ့။ ေဆးပညာ သေဘာအရ လူတစ္ဦး ဆီမွာ ရွိေနတတ္ၾကတဲ့ သဘာ၀ ကိုယ္ခံစြမ္းအား ေတြဟာ မတူညီၾကပါဘူး။ ဒါေပမယ့္ ခ်စ္သူႏွစ္ဦး နမ္းၾကတဲ့အခါ သူတို႔ တစ္ေယာက္ခ်င္းစီမွာ ရွိတဲ့ ကိုယ္ခံပဋိဇီ၀ စြမ္းအားေတြဟာ တံေတြးကေန တဆင့္ ေပါင္းစပ္ သြားပါတယ္။ အဲဒီကေန တဆင့္ ကိုယ့္ခ်စ္သူမွာရွိၿပီး ကိုယ့္ဆီမွာမရွိတဲ့ ေရာဂါကာကြယ္မႈ စြမ္းအင္ေတြ ကိုယ့္ခႏၶာ ကိုယ္ထဲ ေပါင္းစပ္ ေရာက္ရွိ လာႏိုင္ေျခဟာ ရာခိုင္ႏႈန္း(၈၀)ထိ ရွိတယ္ဆိုပဲ။ ဒီျဖစ္စဥ္ကို “အနမ္းျဖင့္ ေရာဂါကာကြယ္နည္း”လို႔ စိတ္ပညာရွင္ ေတြက နာမည္ ေပးထား ပါတယ္။

၆။ ေနာက္ၿပီး အနမ္းဟာ လူရဲ႕ဦးေႏွာက္ စြမ္းေဆာင္ရည္ တိုးတက္လာေအာင္ စနစ္တက် ႏိႈးဆြ ေပးပါတယ္။ ဘယ္လို အခ်ိန္မ်ိဳးမွာ သိသာလဲဆိုရင္ ကိုယ့္ခ်စ္သူကို ပထမဆံုး အႀကိမ္ နမ္းဖူးတဲ့ အခါ ေပၚေပါက္ လာတတ္တဲ့ ရွိန္းကနဲ၊ ဖိန္းကနဲ ခံစားမႈမ်ိဳးမွာ ထင္ထင္ရွားရွား ေတြ႕ႏိုင္ ပါတယ္တဲ့။ အဲဒီအခိုက္အတန္႔မွာ လူတစ္ေယာက္ရဲ႕ ဦးေႏွာက္ အရည္အေသြးဟာ ထိပ္ဆံုး အဆင့္ထိ တက္ေနၿပီးေတာ့ ကိုယ္ရည္ ကိုယ္ေသြးကလည္း အျမင့္မားဆံုး ျဖစ္ေနတတ္ တယ္လို႔ ဆိုပါတယ္။

၇။ ေနာက္ဆံုး တစ္ခုကေတာ့ သင္ကိုယ္တုိင္ပဲ စမ္းၾကည့္ၿပီးမွ ယံုပါေတာ့။ အဲဒါက ဘာလဲဆိုေတာ့ … ခ်စ္သူကို နမ္းရတာ ရင္ခုန္ ၾကည္ႏူးစရာ ေကာင္းတယ္တဲ့။ ေနာက္ၿပီး ေပ်ာ္စရာလဲ ေကာင္းပါတယ္တဲ့။ ဘယ္လိုလဲ။ ဟုတ္ေရာ ဟုတ္ရဲ႕လား၊၊၊ အခု ေရးသား ေဖာ္ျပခ်က္ အနမ္းကို ျပဳစုေရးသားသူ ကမၻာေက်ာ္ အခ်စ္ သုေတသန ဆရာႀကီး ေဒါက္တာ ၀ီလ်ံစတိုင္းဘတ္၏ ကိုယ္ေတြ႔မ်ား ျဖစ္ေၾကာင္းပါ ခင္ဗ်ား။


Credit:Myawady Health

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သငေ်္ကတ” လို့ ဖော်ပြ ထားပါတယ်။

နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။

၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။

၃။ နောက်တစ်ခု ကတော့ ဝတဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ဝိတ်ကျချင်ရင် ရည်းစားကို များများ နမ်းကြပါ။

 ၄။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ

ကုထုံး တစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာ၀ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာ၀ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီ၀ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ဝီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျား။


Credit:Myawady Health

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top