iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္နဲ႕တြဲေနတဲ့ ခ်စ္သူဟာ ကိုယ့္ကိုတကယ္ခ်စ္မခ်စ္ဆုိတာမ်ိဳး သိခ်င္တတ္ၾကပါတယ္။ အထူးသျဖင့္ သူ႕ကို လက္ထပ္ဖုိ႕အထိ ရည္ရြယ္ထားေပမယ့္ သူက ကိုယ့္ကို လက္ထပ္ျပီးခါမွ စိတ္သေဘာထား ေျပာင္းလဲသြားမလဲ ဆိုျပီးေတာ့လည္း စိတ္ပူတတ္ၾကပါတယ္။ အဲ့ဒီလို စိတ္ပူေနတဲ့သူေတြအတြက္ လက္မထပ္ခင္အခ်ိန္အတြင္း သူ႕ေရွ႕မွာ သင္မျဖစ္မေန လုပ္ဖူးသင့္တဲ့ အရာေလးေတြ ရွိပါတယ္။ သင္က ဒါမ်ိဳးေတြ သူ႕ေရွ႕လုပ္ဖူးတာကိုေတာင္ သူက သင့္အေပၚ ဆက္ခ်စ္ျမဲ ခ်စ္ဆဲပဲဆုိရင္ေတာ့ သူဟာ လက္ထပ္ဖုိ႕အထိ သင္ေရြးခ်ယ္သင့္တဲ့ အေဖာ္မြန္ေကာင္းပါ။  ဘာလုိ႕လဲဆုိေတာ့ လူေတာ္ေတာ္မ်ားမ်ားဟာ တစ္ဖက္လူရဲ႕ ေကာင္းတဲ့အခ်က္၊ အားသာခ်က္ေတြကိုသာ လက္ခံေပးတတ္ၾကျပီး ဆိုး၀ါးတဲ့အျပဳအမူ တစ္ခုခုလုပ္မိရင္ ဒါမွမဟုတ္ အားနည္းခ်က္ရွိတယ္ဆုိရင္ ဖယ္ခြာသြားခ်င္တတ္ၾကလို႕ပါပဲ။

၁။ ပံုဆိုးပန္းဆိုးျဖစ္တဲ့အထိ သူ႕ေရွ႕မွာ ငိုဖူးပါေစ။
၀မ္းနည္းစရာ အျဖစ္အပ်က္မ်ိဳး ၾကံဳလာရတဲ့အခါ သူ႕ေရွ႕မွာေတာ့ ဟန္ေဆာင္ေနျပီး အိမ္ေရာက္မွ ခ်ံဳးပြဲခ်ငိုတာမ်ိဳးေတြ လုပ္တာထက္စာရင္ သူေရွ႕မွာ သင္ရုပ္မ်ားဆုိးသြားမလားဆုိတာမ်ိဳးမေတြးပဲ အားရပါးရ ငိုခ်ပါ။ သူဘယ္လိုသင့္ကို တံု႕ျပန္မလဲဆုိတာကို ၾကည့္ပါ။

၂။ေဒါသထြက္လာတဲ့အခ်ိန္မ်ိဳးေတြ သူ႕ေရွ႕မွာ ေပါက္ကြဲဖူးပါေစ။
လူတုိင္းက စိတ္ၾကည္တဲ့အခ်ိန္ ရွိသလို မၾကည္တဲ့အခ်ိန္မ်ိဳးေတြလည္း ရွိတာပါပဲ။ ဒါ့အျပင္ ေဒါသငယ္ထိပ္ေရာက္တဲ့ အခ်ိန္မ်ိဳးေတြလည္း ရွိေနတတ္ျပန္ပါတယ္။ အဲ့ဒီအခ်ိန္မ်ိဳးေတြမွာ သင့္ခ်စ္သူေရွ႕ ေပါက္ကြဲပစ္ဖုိ႕ ၀န္မေလးပါနဲ႕။ သူဘယ္လုိ သင့္ကို ျပန္လည္ဆက္ဆံမလဲ ၾကည့္ပါ။

၃။Super Market ေတြအတူသြားျပီး ေစ်း၀ယ္ပါ။
ဖက္ရွင္ဆုိင္ေတြ သြားတဲ့အခါ ကိုယ္ၾကိဳက္တာ ကိုယ္၀ယ္ျပီး ေအးေဆး အဆံုးသတ္သြားႏိုင္ေပမယ့္ စူပါမားကတ္လုိေနရာမ်ိဳး သြားတဲ့အခါ တစ္ေယာက္အေၾကာင္း တစ္ေယာက္ပိုသိလာပါလိမ့္မယ္။ ကိုယ္၀ယ္တာကို သူက ေဘးက ဘာေျပာမလဲ။ ေစ်းႏႈန္းသတ္မွတ္ခ်က္ေတြကို သူစိတ္၀င္တစားရွိလား။ ဘာေတြ၀ယ္သင့္၊ မ၀ယ္သင့္ အၾကံျပဳသလားဆုိတာေတြကို သံုးသပ္ပါ။

၄။ သူေရွ႕မွာ ေနမေကာင္းလို႕ အန္မိတာမ်ိဳးေတြ၊ အရက္မူးလြန္သြားတာမ်ိဳးေတြ ျဖစ္ဖူးလည္း စိတ္အေႏွာင့္အယွက္ မျဖစ္ပါနဲ႕။
သူနဲ႕ကိုယ္ အတူရွိေနခ်ိန္ ေနမေကာင္းလို႕ ေအာ့အန္ခ်င္လာတာမ်ိဳးေတြဆုိရင္ အန္လိုက္ပါ။ သူ႕ကိုယ့္ကို ဂရုစိုက္မလား၊ ဘယ္လိုဆက္ဆံမလဲဆုိတာ ေစာင့္ၾကည့္ပါ။ ဒီလိုပါပဲ။ ညဘက္ေတြအျပင္ထြက္ျပီး အုပ္စုလိုက္ ေသာက္တာမ်ားသြားခဲ့လုိ႕ ကိုယ္ကအန္တာမ်ိဳးေတြဘာေတြ ျဖစ္ရင္လည္း သူကိုယ့္ကို စိတ္ရွည္လက္ရွည္ တြဲေခၚျပီး ဂရုစိုက္မလား၊ ပစ္ထားလိုက္မလားဆုိတာ ကြဲျပားသြားပါေစ။

၅။ဘယ္သူမွ မသိတဲ့ ကိုယ့္ရဲ႕ရူးေၾကာင္ေၾကာင္ အက်င့္ေလးေတြ သူ႕ကိုေပးသိလိုက္ပါ။
တစ္ခါတစ္ေလ သင္ဘာေတြ ေပါက္တတ္ကရ လုပ္တတ္တယ္ဆုိတာမ်ိဳး ဘယ္သူမွ မသိေပမယ့္ သူ႕ကို ေပးသိလိုက္ပါ။ ဒါဟာ ေနာက္ပိုင္း သူသင့္အေပၚ ဘယ္လိုေျပာင္းလဲဆက္ဆံသြားမလဲဆိုတဲ့ ေမးခြန္းအတြက္ စိတ္၀င္စားစရာေကာင္းတဲ့ အခ်က္မုိ႕လို႕ပါ။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်နဲ့တွဲနေတဲ့ ချစ်သူဟာ ကိုယ့်ကိုတကယ်ချစ်မချစ်ဆိုတာမျိုး သိချင်တတ်ကြပါတယ်။ အထူးသဖြင့် သူ့ကို လက်ထပ်ဖို့အထိ ရည်ရွယ်ထားပေမယ့် သူက ကိုယ့်ကို လက်ထပ်ပြီးခါမှ စိတ်သဘောထား ပြောင်းလဲသွားမလဲ ဆိုပြီးတော့လည်း စိတ်ပူတတ်ကြပါတယ်။ အဲ့ဒီလို စိတ်ပူနေတဲ့သူတွေအတွက် လက်မထပ်ခင်အချိန်အတွင်း သူ့ရှေ့မှာ သင်မဖြစ်မနေ လုပ်ဖူးသင့်တဲ့ အရာလေးတွေ ရှိပါတယ်။ သင်က ဒါမျိုးတွေ သူ့ရှေ့လုပ်ဖူးတာကိုတောင် သူက သင့်အပေါ် ဆက်ချစ်မြဲ ချစ်ဆဲပဲဆိုရင်တော့ သူဟာ လက်ထပ်ဖို့အထိ သင်ရွေးချယ်သင့်တဲ့ အဖော်မွန်ကောင်းပါ။  ဘာလို့လဲဆိုတော့ လူတော်တော်များများဟာ တစ်ဖက်လူရဲ့ ကောင်းတဲ့အချက်၊ အားသာချက်တွေကိုသာ လက်ခံပေးတတ်ကြပြီး ဆိုးဝါးတဲ့အပြုအမူ တစ်ခုခုလုပ်မိရင် ဒါမှမဟုတ် အားနည်းချက်ရှိတယ်ဆိုရင် ဖယ်ခွာသွားချင်တတ်ကြလို့ပါပဲ။

၁။ ပုံဆိုးပန်းဆိုးဖြစ်တဲ့အထိ သူ့ရှေ့မှာ ငိုဖူးပါစေ။
ဝမ်းနည်းစရာ အဖြစ်အပျက်မျိုး ကြုံလာရတဲ့အခါ သူ့ရှေ့မှာတော့ ဟန်ဆောင်နေပြီး အိမ်ရောက်မှ ချုံးပွဲချငိုတာမျိုးတွေ လုပ်တာထက်စာရင် သူရှေ့မှာ သင်ရုပ်များဆိုးသွားမလားဆိုတာမျိုးမတွေးပဲ အားရပါးရ ငိုချပါ။ သူဘယ်လိုသင့်ကို တုံ့ပြန်မလဲဆိုတာကို ကြည့်ပါ။

၂။ဒေါသထွက်လာတဲ့အချိန်မျိုးတွေ သူ့ရှေ့မှာ ပေါက်ကွဲဖူးပါစေ။
လူတိုင်းက စိတ်ကြည်တဲ့အချိန် ရှိသလို မကြည်တဲ့အချိန်မျိုးတွေလည်း ရှိတာပါပဲ။ ဒါ့အပြင် ဒေါသငယ်ထိပ်ရောက်တဲ့ အချိန်မျိုးတွေလည်း ရှိနေတတ်ပြန်ပါတယ်။ အဲ့ဒီအချိန်မျိုးတွေမှာ သင့်ချစ်သူရှေ့ ပေါက်ကွဲပစ်ဖို့ ဝန်မလေးပါနဲ့။ သူဘယ်လို သင့်ကို ပြန်လည်ဆက်ဆံမလဲ ကြည့်ပါ။

၃။Super Market တွေအတူသွားပြီး ဈေးဝယ်ပါ။
ဖက်ရှင်ဆိုင်တွေ သွားတဲ့အခါ ကိုယ်ကြိုက်တာ ကိုယ်ဝယ်ပြီး အေးဆေး အဆုံးသတ်သွားနိုင်ပေမယ့် စူပါမားကတ်လိုနေရာမျိုး သွားတဲ့အခါ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိလာပါလိမ့်မယ်။ ကိုယ်ဝယ်တာကို သူက ဘေးက ဘာပြောမလဲ။ ဈေးနှုန်းသတ်မှတ်ချက်တွေကို သူစိတ်ဝင်တစားရှိလား။ ဘာတွေဝယ်သင့်၊ မဝယ်သင့် အကြံပြုသလားဆိုတာတွေကို သုံးသပ်ပါ။

၄။ သူရှေ့မှာ နေမကောင်းလို့ အန်မိတာမျိုးတွေ၊ အရက်မူးလွန်သွားတာမျိုးတွေ ဖြစ်ဖူးလည်း စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့။
သူနဲ့ကိုယ် အတူရှိနေချိန် နေမကောင်းလို့ အော့အန်ချင်လာတာမျိုးတွေဆိုရင် အန်လိုက်ပါ။ သူ့ကိုယ့်ကို ဂရုစိုက်မလား၊ ဘယ်လိုဆက်ဆံမလဲဆိုတာ စောင့်ကြည့်ပါ။ ဒီလိုပါပဲ။ ညဘက်တွေအပြင်ထွက်ပြီး အုပ်စုလိုက် သောက်တာများသွားခဲ့လို့ ကိုယ်ကအန်တာမျိုးတွေဘာတွေ ဖြစ်ရင်လည်း သူကိုယ့်ကို စိတ်ရှည်လက်ရှည် တွဲခေါ်ပြီး ဂရုစိုက်မလား၊ ပစ်ထားလိုက်မလားဆိုတာ ကွဲပြားသွားပါစေ။

၅။ဘယ်သူမှ မသိတဲ့ ကိုယ့်ရဲ့ရူးကြောင်ကြောင် အကျင့်လေးတွေ သူ့ကိုပေးသိလိုက်ပါ။
တစ်ခါတစ်လေ သင်ဘာတွေ ပေါက်တတ်ကရ လုပ်တတ်တယ်ဆိုတာမျိုး ဘယ်သူမှ မသိပေမယ့် သူ့ကို ပေးသိလိုက်ပါ။ ဒါဟာ နောက်ပိုင်း သူသင့်အပေါ် ဘယ်လိုပြောင်းလဲဆက်ဆံသွားမလဲဆိုတဲ့ မေးခွန်းအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အချက်မို့လို့ပါ။

Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top