iMyanmarHouse.com - Best Property Website for Myanmar
×

အၾကင္နာအနမ္းေတြေပးတာက ခက္ခဲတဲ့ကိစၥတစ္ခုေတာ့မဟုတ္ပါဘူး။ ဘယ္လိုလုပ္ရမယ္ဆိုတာကို အလြယ္တကူသင္ယူႏိုင္ပါတယ္။ ဒါေပမယ့္ ပိုၿပီးေတာ့ စြဲမက္စရာေကာင္းတဲ့ အနမ္းေတြေခၽြႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္း(၇)ခုကို ေလ့လာၾကည့္လိုက္ပါ။

 ၁။ မေမွ်ာ္လင့္ထားတဲ့ အနမ္း

လူေတြက ႐ုတ္တရက္ အံ့ၾသမင္တက္မႈေတြကို သေဘာက်ပါတယ္။ ဒါ့ေၾကာင့္ သင့္ေကာင္မေလးကို အနမ္းတစ္ပြင့္ အံ့ၾသသြားေအာင္ လုပ္ၾကည့္လိုက္ပါ။ ဘာမွကနဦးအစပ်ိဳးေနတာမ်ိဳးေတြ မလုပ္ပဲနဲ႔ တယုတယဖက္ၿပီးနမ္းပစ္လိုက္ပါ။ ေမွ်ာ္လင့္ထားတဲ့အခ်ိန္မွာ အၾကင္နာေပးတာက ၾကည္ႏူးစရာျဖစ္ပါတယ္။ ဒါေပမယ့္ မေမွ်ာ္လင့္ထားတဲ့အခ်ိန္မွာ အၾကင္နာေပးခံလိုက္ရတာက သူမကိုလံုး၀ေၾကြသြားေစႏိုင္ပါတယ္။

၂။ လွ်ာမွာလည္း အလုပ္ရွိပါတယ္။

အၾကင္နာေပးတဲ့အခါမွာ ႏႈတ္ခမ္းေလးေတြပဲ အလုပ္လုပ္ေနလို႔ မျဖစ္ေသးပါဘူး။ သင့္လွ်ာရဲ႕လႈပ္ရွားမႈကို တီထြင္ဆန္းသစ္မႈရွိေနပါေစ။ ေကာင္မေလးရဲ႕ႏႈတ္ခမ္းေလးေတြကို လွ်ာနဲ႔ထိေတြ႕ကစားတာ၊ ခပ္သြက္သြယ္လႈပ္ရွားလိုက္ ေႏွးလိုက္နဲ႔ကစားေပးတာတို႔နဲ႔ ခ်ိဳၿမိန္တဲ့အနမ္းေတြ ေပးစြမ္းႏိုင္မွာပါ။

 ၃။ ေနာက္ထပ္နမ္းခ်င္လာေအာင္ လုပ္ပါ။

သင့္ေကာင္မေလးက ေနာက္တစ္ခါထပ္ၿပီးအနမ္းခံခ်င္လာေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ အၾကင္နာအနမ္းေတြ ေခၽြတဲ့အခါမွာ အျမန္ႏႈန္းအေျပာင္းအလဲ၊ နည္းလမ္းအေျပာင္းအလဲေတြ လုပ္ေပးဖို႔ လိုအပ္သလို မထင္မွတ္ထားတဲ့အခ်ိန္ေတြမွာ အနမ္းေပးတာေတြကို လုပ္သင့္ပါတယ္။ ေနာက္တစ္ခ်က္က တစ္ခါတည္း အၿပီးမနမ္းပါနဲ႔။

၄။ ႏႈတ္ခမ္းေလးေတြကို အာ႐ုံစိုက္ပါ။

ႏႈတ္ခမ္းလွတဲ့သူနဲ႔ အနမ္းေပးရရင္ ႏွစ္ေယာက္တည္းကမာၻတစ္ခုကို ေရာက္သြားသလိုပါပဲ။ ဒါ့ေၾကာင့္ သင့္ရဲ႕ႏႈတ္ခမ္းကို စြဲမက္စရာေကာင္းေအာင္ျပင္ဆင္ပါ။ သင့္ေကာင္မေလးသေဘာက်တဲ့ ရနံ႔ပါ၀င္တဲ့ ေယာကၤ်ားေလးသံုးႏႈတ္ခမ္းလိမ္းေဆးဆီတစ္ခုခုေျပး၀ယ္ထားလိုက္ပါ။

၅။ ဒါေပမယ့္ ႏႈတ္ခမ္းခ်ည္းပဲ မဟုတ္ပါဘူး။

သင့္ေကာင္မေလးရဲ႕ႏႈတ္ခမ္းေတြကိုခ်ည္းပဲ အျမဲတမ္းအၾကင္နာေပးေနလို႔ မျဖစ္ေသးပါဘူး။ သူမရဲ႕ေအာက္ႏႈတ္ခမ္းကိုပဲ နမ္းတာ၊ နဖူး၊ ပုခံုးစတဲ့ေနရာေတြကို နမ္းတာေတြက သင့္ေကာင္မေလးကို ေက်နပ္ေစမွာ အမွန္ပါပဲ။

 ၆။ အၾကင္နာေပးတဲ့အေၾကာင္းေတြ ေျပာပါ။

အၾကင္နာေပးတာက အျပဳအမူသက္သက္မဟုတ္ပါဘူး။ ဒီအေၾကာင္းကို ေျပာစကားေတြနဲ႔လည္း အသက္သြင္းလို႔ရပါတယ္။ သင့္ေကာင္မေလးရဲ႕ နားနားကိုကပ္ၿပီး သူမကို ဘယ္လိုအၾကင္နာေပးခ်င္တဲ့ အေၾကာင္ တီးတိုးေျပာပါ။ မေတြ႕ရခင္ကတည္းက ႀကိဳၿပီးစာပို႔ထားပါ။

၇။ ေနရာကလည္း အေရးႀကီးပါတယ္။

ေနရာနဲ႔ပတ္သက္လို႔ကေတာ့ အိပ္ရာထဲမွာ နမ္းတာကေတာ့ အေကာင္းဆံုးျဖစ္တယ္ဆိုတာ ျငင္းစရာမလိုပါဘူး။ ဒါေပမယ့္ ေတာင္တက္ခရီးသြားေနရင္း သင့္ေကာင္မေလးကို ႐ုတ္တရက္ အၾကင္နာေပးတာမ်ိဳး၊ ေတြ႕ဆံုပြဲမွာ လူမျမင္ကြယ္ရာတစ္ခုကို ေခၚၿပီး အၾကင္နာေပးတာမ်ိဳးေတြကလည္း ခံစားမႈအမ်ိဳးမ်ိဳး ေပးစြမ္းႏိုင္ပါတယ္။

Credit:Gentleman Magazine


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


#Unicode Version


အကြင်နာအနမ်းတွေပေးတာက ခက်ခဲတဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဘယ်လိုလုပ်ရမယ်ဆိုတာကို အလွယ်တကူသင်ယူနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီးတော့ စွဲမက်စရာကောင်းတဲ့ အနမ်းတွေချွေနိုင်ဖို့အတွက် နည်းလမ်းကောင်း(၇)ခုကို လေ့လာကြည့်လိုက်ပါ။

 ၁။ မမျှော်လင့်ထားတဲ့ အနမ်း

လူတွေက ရုတ်တရက် အံ့သြမင်တက်မှုတွေကို သဘောကျပါတယ်။ ဒါ့ကြောင့် သင့်ကောင်မလေးကို အနမ်းတစ်ပွင့် အံ့သြသွားအောင် လုပ်ကြည့်လိုက်ပါ။ ဘာမှကနဦးအစပျိုးနေတာမျိုးတွေ မလုပ်ပဲနဲ့ တယုတယဖက်ပြီးနမ်းပစ်လိုက်ပါ။ မျှော်လင့်ထားတဲ့အချိန်မှာ အကြင်နာပေးတာက ကြည်နူးစရာဖြစ်ပါတယ်။ ဒါပေမယ့် မမျှော်လင့်ထားတဲ့အချိန်မှာ အကြင်နာပေးခံလိုက်ရတာက သူမကိုလုံးဝကြွေသွားစေနိုင်ပါတယ်။

၂။ လျှာမှာလည်း အလုပ်ရှိပါတယ်။

အကြင်နာပေးတဲ့အခါမှာ နှုတ်ခမ်းလေးတွေပဲ အလုပ်လုပ်နေလို့ မဖြစ်သေးပါဘူး။ သင့်လျှာရဲ့လှုပ်ရှားမှုကို တီထွင်ဆန်းသစ်မှုရှိနေပါစေ။ ကောင်မလေးရဲ့နှုတ်ခမ်းလေးတွေကို လျှာနဲ့ထိတွေ့ကစားတာ၊ ခပ်သွက်သွယ်လှုပ်ရှားလိုက် နှေးလိုက်နဲ့ကစားပေးတာတို့နဲ့ ချိုမြိန်တဲ့အနမ်းတွေ ပေးစွမ်းနိုင်မှာပါ။

 ၃။ နောက်ထပ်နမ်းချင်လာအောင် လုပ်ပါ။

သင့်ကောင်မလေးက နောက်တစ်ခါထပ်ပြီးအနမ်းခံချင်လာအောင် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် အကြင်နာအနမ်းတွေ ချွေတဲ့အခါမှာ အမြန်နှုန်းအပြောင်းအလဲ၊ နည်းလမ်းအပြောင်းအလဲတွေ လုပ်ပေးဖို့ လိုအပ်သလို မထင်မှတ်ထားတဲ့အချိန်တွေမှာ အနမ်းပေးတာတွေကို လုပ်သင့်ပါတယ်။ နောက်တစ်ချက်က တစ်ခါတည်း အပြီးမနမ်းပါနဲ့။

၄။ နှုတ်ခမ်းလေးတွေကို အာရုံစိုက်ပါ။

နှုတ်ခမ်းလှတဲ့သူနဲ့ အနမ်းပေးရရင် နှစ်ယောက်တည်းကမ္ဘာတစ်ခုကို ရောက်သွားသလိုပါပဲ။ ဒါ့ကြောင့် သင့်ရဲ့နှုတ်ခမ်းကို စွဲမက်စရာကောင်းအောင်ပြင်ဆင်ပါ။ သင့်ကောင်မလေးသဘောကျတဲ့ ရနံ့ပါဝင်တဲ့ ယောင်္ကျားလေးသုံးနှုတ်ခမ်းလိမ်းဆေးဆီတစ်ခုခုပြေးဝယ်ထားလိုက်ပါ။

၅။ ဒါပေမယ့် နှုတ်ခမ်းချည်းပဲ မဟုတ်ပါဘူး။

သင့်ကောင်မလေးရဲ့နှုတ်ခမ်းတွေကိုချည်းပဲ အမြဲတမ်းအကြင်နာပေးနေလို့ မဖြစ်သေးပါဘူး။ သူမရဲ့အောက်နှုတ်ခမ်းကိုပဲ နမ်းတာ၊ နဖူး၊ ပုခုံးစတဲ့နေရာတွေကို နမ်းတာတွေက သင့်ကောင်မလေးကို ကျေနပ်စေမှာ အမှန်ပါပဲ။

 ၆။ အကြင်နာပေးတဲ့အကြောင်းတွေ ပြောပါ။

အကြင်နာပေးတာက အပြုအမူသက်သက်မဟုတ်ပါဘူး။ ဒီအကြောင်းကို ပြောစကားတွေနဲ့လည်း အသက်သွင်းလို့ရပါတယ်။ သင့်ကောင်မလေးရဲ့ နားနားကိုကပ်ပြီး သူမကို ဘယ်လိုအကြင်နာပေးချင်တဲ့ အကြောင် တီးတိုးပြောပါ။ မတွေ့ရခင်ကတည်းက ကြိုပြီးစာပို့ထားပါ။

၇။ နေရာကလည်း အရေးကြီးပါတယ်။

နေရာနဲ့ပတ်သက်လို့ကတော့ အိပ်ရာထဲမှာ နမ်းတာကတော့ အကောင်းဆုံးဖြစ်တယ်ဆိုတာ ငြင်းစရာမလိုပါဘူး။ ဒါပေမယ့် တောင်တက်ခရီးသွားနေရင်း သင့်ကောင်မလေးကို ရုတ်တရက် အကြင်နာပေးတာမျိုး၊ တွေ့ဆုံပွဲမှာ လူမမြင်ကွယ်ရာတစ်ခုကို ခေါ်ပြီး အကြင်နာပေးတာမျိုးတွေကလည်း ခံစားမှုအမျိုးမျိုး ပေးစွမ်းနိုင်ပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top