iMyanmarHouse.com - Best Property Website for Myanmar
×

 ေလပြၿပီး ဗိုက္ပူတာမ်ဳိး မျဖစ္ေစဘဲ ဝမ္းဗိုက္ ခ်ပ္ရပ္လိုသူတိုင္း ေရွာင္သင့္၊ ေဆာင္သင့္တဲ့ အစားအေသာက္ေတြကို ကၽြမ္းက်င္သူေတြက ေအာက္ပါအတိုင္း အႀကံျပဳ ေရးသားထားပါတယ္။

အေကာင္းဆံုး အစားအေသာက္ - ဒိန္ခ်ဥ္

ဒိန္ခ်ဥ္ဟာ ကၽြန္မတို႔ အားလံုးအတြက္ ေကာင္းတယ္ဆိုတာ သိၾကပါတယ္။ ဒါေပမဲ့ ဝမ္းဗိုက္ခ်ပ္ရပ္ေစတယ္လို႔ေတာ့ မသိၾကပါဘူး။ ဒိန္ခ်ဥ္ အမ်ားစုမွာပါတဲ့ အက်ဳိးျပဳ ဘက္တီးရီးယားေတြက အစာေျခစနစ္ကို က်န္းမာေစပါတယ္။ ဒိန္ခ်ဥ္ဟာ ေလပြတာနဲ႔ ဝမ္းခ်ဳပ္တာေတြ မျဖစ္ေစဘဲ ဝမ္းဗိုက္ခ်ပ္ရပ္ေနေစတဲ့ အာနိသင္ ရွိပါတယ္။

အဆိုးဆံုး အစားအေသာက္ – ေဆာ္ဒါ အခ်ဳိရည္

ဗိုက္ပူမွာ စိုးရြံ႕သူေတြ အေနနဲ႔ ကာဗြန္ပါတဲ့ အခ်ဳိရည္ေတြကို ေရွာင္သင့္ပါတယ္။ ဂက္စ္ပါတဲ့ အခ်ဳိရည္ေတြဟာ ဗိုက္ကို ေလေတြနဲ႔ ျပည့္ေနေစၿပီး ဗိုက္ပူကာ ေလပြေနေစပါတယ္။ ဒါေၾကာင့္ ဗိုက္ခ်ပ္ရပ္လိုရင္ ေဆာ္ဒါ အခ်ဳိရည္အစား ေရ ဒါမွမဟုတ္ ကယ္လိုရီနည္းတဲ့ အရည္ (ဥပမာ-လက္ဖက္စိမ္းလက္ဖက္ရည္) ကို ေသာက္သင့္ပါတယ္။ ဒီအရည္ထဲမွာ အင္တီေအာက္ဆီးဒင့္ မ်ားစြာ ပါဝင္ၿပီး ဝမ္းဗိုက္ထဲ အဆီစုတာနဲ႔ ဆက္စပ္ေနတဲ့ ေရာင္ရမ္းမႈျဖစ္ႏႈန္းကို ေလ်ာ့က်ေစပါတယ္။

အေကာင္းဆံုး အစားအေသာက္ – ပန္းေဂၚဖီ

ပန္းေဂၚဖီစိမ္း၊ ေဂၚဖီထုပ္၊ ပန္းေဂၚဖီ၊ ကၫြတ္၊င႐ုတ္သီး၊ ပဲဝါ စတဲ့ အစားအစာေတြမွာ ဗီတာမင္ေအ၊ စီနဲ႔ ေကအျပင္ ေဖာလိတ္၊ ဘီတာကယ္႐ိုတင္း၊ မဂၢနီဆီယမ္၊ ကယ္လ္စီယမ္နဲ႔ အမွ်င္ဓာတ္ေတြလည္း ပါဝင္ေနပါတယ္။

အဆိုးဆံုး အစားအေသာက္ – အခြံခၽြတ္ထားေသာ ကာဗိုဟိုက္ဒရိတ္

ဂ်ဳံျဖဴနဲ႔ လုပ္ထားတဲ့ မုန္႔ေတြနဲ႔ ထမင္းျဖဴေတြကို မစားပါနဲ႔။ ဒီအစာေတြက အစာေၾကလြယ္ၿပီး ေသြးတြင္းသၾကားဓာတ္နဲ႔ အင္ဆူလင္အဆင့္ကို ျမင့္တက္ေစလို႔ပါ။ အင္ဆူလင္အဆင့္ျမင့္တက္တာက ဝမ္းဗိုက္တစ္ဝိုက္ အဆီစုပံုမႈကို တိုးေစႏိုင္ပါတယ္။

အေကာင္းဆံုး အစားအေသာက္ – အခြံခၽြတ္မထားေသာ ေကာက္ႏွံစာ

အခြံခၽြတ္မထားတဲ့ ေကာက္ႏွံနဲ႔ လုပ္ထားတဲ့ ဆန္လံုးညိဳ၊ ေပါင္မုန္႔ညိဳနဲ႔ ပဲနီေလးလို အစာေတြကို စားပါ။ အေမရိကန္ အာဟာရ ေဆးပညာဂ်ာနယ္ရဲ႕ လတ္တေလာ ေလ့လာမႈတစ္ရပ္အရ အခြံခၽြတ္မထားတဲ့ ေကာက္ႏွံစာဟာ ကယ္လိုရီ ထိန္းခ်ဳပ္ေပးၿပီး ခါးတစ္ဝိုက္ကို အဆီပိုေတြ ကင္းေဝးေစတယ္လို႔ သိရပါတယ္။

အဆိုးဆံုး အစားအေသာက္ – ဆားကဲေသာ အစားအစာ

ပဲပိစပ္ေဆာ့ အမ်ားအျပားပါတဲ့ ဆူရွီစားၿပီးခ်ိန္မွာ ေလပြသလို ခံစားေနရပါသလား။ ဆိုဒီယမ္မ်ားစြာပါတဲ့ အစားအစာေတြကို စားတာက ေရစုေဆာင္းမႈ မ်ားတာကို ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဗိုက္က ေဖာင္းလာၿပီး ေလပြလာတတ္ပါတယ္။ ဗိုက္သား ခ်ပ္ရပ္ေစဖို႔ တစ္ေန႔မွာ ဆိုဒီယမ္ ၂၀၀၀ မီလီဂရမ္ေအာက္ပဲ စားပါ။

အေကာင္းဆံုး အစားအေသာက္ – မျပည့္ဝဆီ

သံလြင္ဆီလိုမ်ဳိး မျပည့္ဝဆီပါတဲ့ အစားအစာေတြဟာ ဗိုက္သားခ်ပ္ရပ္ေစတယ္လို႔ ေလ့လာမႈအသစ္တစ္ရပ္အရ သိရပါတယ္။

အေကာင္းဆံုး အစားအေသာက္ – ရွလကာရည္

ရွလကာရည္မွာပါတဲ့ ခ်ဥ္တဲ့အရသာနဲ႔ စူးရွတဲ့ အနံ႔ကိုေပးတဲ့ ဓာတ္ေတြဟာ ဗိုက္အဆီကို ေခ်ဖ်က္ေပးတယ္လို႔ ဂ်ပန္ေလ့လာမႈ တစ္ရပ္က ဆိုပါတယ္။ အဝလြန္တဲ့ လူေတြဟာ တစ္ေန႔မွာ ရွလကာရည္ ထမင္းစားဇြန္း တစ္ဇြန္း- ႏွစ္ဇြန္း စားရာ ၁၂ ပတ္အၾကာမွာ ကိုယ္အေလးခ်ိန္၊ ဗိုက္အဆီနဲ႔ ခါးအတိုင္းအတာ သိသိသာသာ ေလ်ာ့က်မႈရွိတာကို ေလ့လာမႈအရ သိရပါတယ္။ ရွလကာရည္မွာပါတဲ့ Acetic Acid ဟာ အဆီေခ်ဖ်က္တဲ့ ပ႐ိုတင္းေတြ ထြက္လာေအာင္ မ်ဳိး႐ိုးဗီဇကို ေျပာင္းလဲေပးတာေၾကာင့္လို႔ ေလ့လာသူေတြက ဆိုပါတယ္။


Credit:ျမ၀တီ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version


 လေပွပြီး ဗိုက်ပူတာမျိုး မဖြစ်စေဘဲ ဝမ်းဗိုက် ချပ်ရပ်လိုသူတိုင်း ရှောင်သင့်၊ ဆောင်သင့်တဲ့ အစားအသောက်တွေကို ကျွမ်းကျင်သူတွေက အောက်ပါအတိုင်း အကြံပြု ရေးသားထားပါတယ်။

အကောင်းဆုံး အစားအသောက် - ဒိန်ချဉ်

ဒိန်ချဉ်ဟာ ကျွန်မတို့ အားလုံးအတွက် ကောင်းတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ဝမ်းဗိုက်ချပ်ရပ်စေတယ်လို့တော့ မသိကြပါဘူး။ ဒိန်ချဉ် အများစုမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ ဒိန်ချဉ်ဟာ လေပွတာနဲ့ ဝမ်းချုပ်တာတွေ မဖြစ်စေဘဲ ဝမ်းဗိုက်ချပ်ရပ်နေစေတဲ့ အာနိသင် ရှိပါတယ်။

အဆိုးဆုံး အစားအသောက် – ဆော်ဒါ အချိုရည်

ဗိုက်ပူမှာ စိုးရွံ့သူတွေ အနေနဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေကို ရှောင်သင့်ပါတယ်။ ဂက်စ်ပါတဲ့ အချိုရည်တွေဟာ ဗိုက်ကို လေတွေနဲ့ ပြည့်နေစေပြီး ဗိုက်ပူကာ လေပွနေစေပါတယ်။ ဒါကြောင့် ဗိုက်ချပ်ရပ်လိုရင် ဆော်ဒါ အချိုရည်အစား ရေ ဒါမှမဟုတ် ကယ်လိုရီနည်းတဲ့ အရည် (ဥပမာ-လက်ဖက်စိမ်းလက်ဖက်ရည်) ကို သောက်သင့်ပါတယ်။ ဒီအရည်ထဲမှာ အင်တီအောက်ဆီးဒင့် များစွာ ပါဝင်ပြီး ဝမ်းဗိုက်ထဲ အဆီစုတာနဲ့ ဆက်စပ်နေတဲ့ ရောင်ရမ်းမှုဖြစ်နှုန်းကို လျော့ကျစေပါတယ်။

အကောင်းဆုံး အစားအသောက် – ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကညွတ်၊ငရုတ်သီး၊ ပဲဝါ စတဲ့ အစားအစာတွေမှာ ဗီတာမင်အေ၊ စီနဲ့ ကေအပြင် ဖောလိတ်၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်နေပါတယ်။

အဆိုးဆုံး အစားအသောက် – အခွံချွတ်ထားသော ကာဗိုဟိုက်ဒရိတ်

ဂျုံဖြူနဲ့ လုပ်ထားတဲ့ မုန့်တွေနဲ့ ထမင်းဖြူတွေကို မစားပါနဲ့။ ဒီအစာတွေက အစာကြေလွယ်ပြီး သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်အဆင့်ကို မြင့်တက်စေလို့ပါ။ အင်ဆူလင်အဆင့်မြင့်တက်တာက ဝမ်းဗိုက်တစ်ဝိုက် အဆီစုပုံမှုကို တိုးစေနိုင်ပါတယ်။

အကောင်းဆုံး အစားအသောက် – အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံနဲ့ လုပ်ထားတဲ့ ဆန်လုံးညို၊ ပေါင်မုန့်ညိုနဲ့ ပဲနီလေးလို အစာတွေကို စားပါ။ အမေရိကန် အာဟာရ ဆေးပညာဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အခွံချွတ်မထားတဲ့ ကောက်နှံစာဟာ ကယ်လိုရီ ထိန်းချုပ်ပေးပြီး ခါးတစ်ဝိုက်ကို အဆီပိုတွေ ကင်းဝေးစေတယ်လို့ သိရပါတယ်။

အဆိုးဆုံး အစားအသောက် – ဆားကဲသော အစားအစာ

ပဲပိစပ်ဆော့ အများအပြားပါတဲ့ ဆူရှီစားပြီးချိန်မှာ လေပွသလို ခံစားနေရပါသလား။ ဆိုဒီယမ်များစွာပါတဲ့ အစားအစာတွေကို စားတာက ရေစုဆောင်းမှု များတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်က ဖောင်းလာပြီး လေပွလာတတ်ပါတယ်။ ဗိုက်သား ချပ်ရပ်စေဖို့ တစ်နေ့မှာ ဆိုဒီယမ် ၂၀၀၀ မီလီဂရမ်အောက်ပဲ စားပါ။

အကောင်းဆုံး အစားအသောက် – မပြည့်ဝဆီ

သံလွင်ဆီလိုမျိုး မပြည့်ဝဆီပါတဲ့ အစားအစာတွေဟာ ဗိုက်သားချပ်ရပ်စေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အကောင်းဆုံး အစားအသောက် – ရှလကာရည်

ရှလကာရည်မှာပါတဲ့ ချဉ်တဲ့အရသာနဲ့ စူးရှတဲ့ အနံ့ကိုပေးတဲ့ ဓာတ်တွေဟာ ဗိုက်အဆီကို ချေဖျက်ပေးတယ်လို့ ဂျပန်လေ့လာမှု တစ်ရပ်က ဆိုပါတယ်။ အဝလွန်တဲ့ လူတွေဟာ တစ်နေ့မှာ ရှလကာရည် ထမင်းစားဇွန်း တစ်ဇွန်း- နှစ်ဇွန်း စားရာ ၁၂ ပတ်အကြာမှာ ကိုယ်အလေးချိန်၊ ဗိုက်အဆီနဲ့ ခါးအတိုင်းအတာ သိသိသာသာ လျော့ကျမှုရှိတာကို လေ့လာမှုအရ သိရပါတယ်။ ရှလကာရည်မှာပါတဲ့ Acetic Acid ဟာ အဆီချေဖျက်တဲ့ ပရိုတင်းတွေ ထွက်လာအောင် မျိုးရိုးဗီဇကို ပြောင်းလဲပေးတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

Credit:မြဝတီ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top